Unicode…လယ်ကွင်းထဲကိုထူးဆန်းစွာ ရောက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်သော မီးခံသေတ္တာတစ်လုံး
ထို သေတ္တာကတော့ သင်ဖွင့်နိုင်ရင် အထဲမှာရှိတဲ့ပစ္စည်းအကုန်လုံးကို သင်ယူသွားလိုက် လို့ ဆိုတဲ့ စာ နဲ့ အတူ ရောက်လာ တာပါနော်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘာရီမြို့ရှိ
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သောခြံပိုင်ရှင် ဂတ်မက်ထစ် ဆိုသူရဲ့ လယ်ယာမြေထဲမှာ ထူးထူးဆန်းဆန်းမီးခံသေတ္တာတစ်လုံး ရုတ်တရက်ရောက်ရှိလာတာပါ။ သိုပေမယ့်လည်း သူ့အတွက် ဝမ်းသာစရာတွေဖြစ်ရမည့်အစား
ဘယ်ကနေဘယ်လိုရောက်ရှိလာခဲ့မှန်းမသိရသော လျှို့ဝှက်ဆန်းကြယ်လွန်းလှတဲ့ မီးခံသေတ္တာအတွင်းထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်ရှိတာကြောင့် သူ့ကို အတော်လေးဘဲဘစိတ်အနှောက်အယှက်ဖြစ်သွားစေတာလို့ ဆိုပါတယ်။
သူရဲ့ပြောသော စကားအရ ၂၂၆-၂၇၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ မီးခံသေတ္တာတစ်လုံးဖြစ်ပြီးတော့ ဘယ်သူလာထားသွားမှန်မသိဘူးလို့ ပြောပြတာပါ။ ဒါ့အပြင် သင်ဖွင့်နိုင်ရင် အထဲမှာရှိတဲ့ပစ္စည်းအကုန်လုံးကို သင်ယူသွားလိုက် ဆိုပြီးတော့ စာနှင့်တကွရေးကပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
လူတချို့ဟာ မကြာခဏ ခြံဝင်းထဲခိုးဝင်ပြီးတော့ လက်နက် ကိရိယာတွေနဲ့ ထိုသေတ္တာကိုဖောက်ထွင်းဖို့ ကြိုးစားခဲ့ကြပါသေးတယ် လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း တစ်ယောက်မျှမအောင်မြင်ခဲ့ကြပါဘူးနော်။
ထို့နောက် သူဟာ လျှို့ဝှက်ဆန်းကြယ်သောမီးခံသေတ္တာကို မဖွင့်ကြည့်ဘဲ တစ်နေရာမှာသွားဝှက်ထားရန် ဆုံးဖြတ်လိုက်တာပါ။ဘာအတွက်လဲ ဆိုတော့ သေတ္တာအတွင်းထဲက လျှို့ဝှက်ချက်ကို ဆက်လက်ရှိသွားစေချင်ပြီးတော့
ပြည်သူများဟာ စိတ်ဝင်တစား ပြောစရာအကြောင်းအရာတွေဖြစ်လာမယ်။ ဒါမှပဲ မကြာမီ နိုဝင်ဘာလအစောပိုင်းမှာကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့်စိတ်ညစ်စရာအကြောင်းအရာတွေကို
ခဏတာမေ့လျှော့သွားနိုင်မယ်လို့ ဆိုပြီးတော့ ပြောသွားခဲ့တာပါနော်။ချစ်ပရိတ်သတ်ကြီးလည်း သေတ္တာကြီးကို စိတ်ဝင်စားနေပြီ ထင်ပါတယ်နော်။source:popolay
Add a Comment
Your email address will not be published. Required fields are marked *