ဇာဗီနောက်ပိုင်းဘယ်သူမှမလုပ်နိုင်တဲ့ စံချိန်ကိုလိုက်မီသွားခဲ့တဲ့မက်ဆီ

ဗယ်လာဒိုးလစ်နဲ့ ဘာစီလိုနာတို့ကစားခဲ့တဲ့ ပွဲစဉ်က (၀-၁)နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။ ဗီဒယ်ဂိုးသွင်းခဲ့ပြီး အသင်းခေါင်းဆောင်မက်ဆီက ဗီဒယ်အတွက်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါအနိုင်ဂိုးကို ဖန်တီးလိုက်ချိန်မှာ မက်ဆီဟာ စံချိန်သစ်တစ်ခုကို တင်သွားခဲ့ကာ အသင်းဖော်ဇာဗီနောက်ပိုင်း ပထမဆုံးသောစံချိန်တစ်ခုကို ပြန်ရယူနိုင်ခဲ့ပါတယ်။

(၂၀၀၈-၀၉)ရာသီမှာ ဇာဗီဟာ ဘာစီလိုနာအတွက် လာလီဂါမှာ ဂိုးဖန်တီးမှု အကြိမ် ၂၀ လုပ်ခဲ့ပါတယ်။ ဇာဗီပြီးတဲ့နောက်ပိုင်းမှာ ဘာစီလိုနာနဲ့ လာလီဂါမှာ စံချိန်တင်နိုင်သူမရှိခဲ့ဘဲ ၁၀ နှစ်ကျော်ကြာအောင် တင်ထားခဲ့ပါတယ်။ ဗီဒယ်အတွက် ဂိုးဖန်တီးမှုလုပ်ပြီးချိန်မှာတော့ မက်ဆီဟာ ဒီနှစ်ရာသီလာလီဂါ ဂိုးဖန်တီးမှု အကြိမ် ၂၀ နဲ့အတူ စံချိန်ကိုလိုက်မီသွားခဲ့ပါတယ်။

ဂိုးသွင်းခဲ့တဲ့ ဗီဒယ်ကတော့ လာလီဂါရဲ့လက်ရှိရာသီ ဂိုးပေါက်ကိုကန်သွင်းချက် အကောင်းဆုံးကစားသမားအဖြစ်ရှိလာပါတယ်။ ကန်ချက်စုစုပေါင်း ၂၀ ကျော်ရှိပြီး၊ လက်ရှိလာလီဂါမှာအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ နိုင်ပွဲကြောင့် ရီးရဲလ်ကို တစ်ပွဲပိုကစား တစ်မှတ်အကွာနဲ့အတူ ဆက်လက်ဖိအားပေးနေဆဲဖြစ်တဲ့အတက် ရီးရဲလ်တို့ဟာ အမှားခံလို့မရသေးပါဘူး။

လက်ကျန်သုံးပွဲကျန်နေတဲ့အနေအထားမှာ ဘာစီလိုနာအနေနဲ့ ဂရန်နာဒါနဲ့ပွဲကို ရီးရဲလ်ခြေချော်မချော်ကြည့်ရမှာဖြစ်ပါတယ်။ အကယ်လို့ ချြော်ခဲ့ရင်တော့ လက်ကျန်ပွဲတိုင်းကို မဖြစ်မနေအနိုင်ကန်မှသာ တစ်မှတ်အသာနဲ့ဗိုလ်စွဲမှာပါ။ မက်ဆီအနေနဲ့တော့ ဒီရာသီမှာ ဂိုးသွင်းနှုန်းကျဆင်းနေပေမဲ့ အခုလို ဖန်တီးမှုစံချိန်တင်ခဲ့တဲ့အပေါ် လက်ကျန်နှစ်ပွဲမှာ တစ်လုံးမဖြစ်မနေဖန်တီးဖို့လိုနေပါတယ်။

ဖန်တီးနိုင်ခဲ့တာနဲ့ စ်ရာသီတွင်းဂိုးဖန်တီးမှုအများဆုံး လာလီဂါကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။ လာလီဂါရဲ့ဂိုးဖန်တီးမှုအများဆုံး ဂုဏ်ပုဒ်ကိုတော့ ၁၅၇ ကြိမ်နဲ့အတူ ထိပ်ဆုံးကရပ်နေပြီး ဒုတိယနေရာမှာတော့ ရီးရဲလ်ကစားသမားဟောင်း ရော်နယ်ဒိုက ၈၅ ကြိမ်နဲ့ ရပ်တည်နေပါတယ်။ မက်ဆီ စံချိန်သစ်လုပ်ပြမလားကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *