မွေးနေ့ အလှူကို ရခိုင်ပြည်နယ်က ခက်ခဲနေတဲ့အိမ်ထောင်စုတွေ အတွက် (၁၀)သိန်း လှူဒါန်းပေးခဲ့တဲ့ မင်းသားချော နေတိုး 
Unicode…မွေးနေ့ အလှူအဖြစ် ရခိုင်ပြည်နယ် မှာရှိတဲ့ ခက်ခဲနေတဲ့အိမ်ထောင်စုတွေ အတွက် (၁၀)သိန်း လှူဒါန်းပေးခဲ့တဲ့ မင်းသားချော နေတိုး
မနေ့က စက်တင်ဘာ(၉)ရက်နေ့လေးဟာ ရုပ်ရှင်သရုပ်ဆောင်နေတိုးရဲ့မွေးနေ့လေးဘဲဖြစ်ပါတယ်နော်။ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ မင်းသား နေတိုးဟာ သူ့ရဲ့မွေးနေ့အတွက် ရခိုင်ပြည်နယ်မှာရှိတဲ့
အခြေခံလူတန်းစားအိမ်ထောင်စုတွေအတွက် အလှူကို ရန်ကုန်မြို့ တာမွေမှာရှိသော အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော်ထံမှာ ပေးအပ်လှူဒါန်းခဲ့တာပါ။အခြေခံစားသောက်ကုန်၊ ဆေးနဲ့
အိမ်သုံးပစ္စည်းစုံ(၁၈)မျိုးပါဝင်တဲ့ တစ်ဘူး(၂၅၀၀၀)ကျန်တန် ပုံးများကို ကိုဗစ်ကပ်ရောဂါ အတွင်းမှာ ခက်ခဲနေတဲ့ ရခိုင်ပြည်နယ်က အိမ်ထောင်စု(၃၉) စုစာကို စုစုပေါင်း(၁၀)သိန်းတိတိကို လှူဒါန်းပေးခဲ့ကြောင်းကို မျှဝေပေးခဲ့တာပါနော်။
မင်းသား နေတိုးဟာ မကြာသေးခင်ကဘဲ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် တဲအိမ်(၁၅)လုံး ငွေကျပ်သိန်း(၂၀) ကျော်ကို လှူဒါန်းပေးခဲ့တာဖြစ်ပြီးတော့
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ခက်ခဲနေတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေ ထောက်ပံ့ကူညီရေးမှာလည်း သိန်း(၁၀၀)ရာ တိတိလှူဒါန်းပေးခဲ့သူလဲ ဖြစ်ပါတယ်နော်။ကိုဗစ်ကာလမှာ လိုအပ်နေတဲ့ နေရာတေကို
လှူဒါန်းပေးတဲ့ နေတိုးဟာ အခုတစ်ခါမှာလည်း မွေးနေ့ အလှူအဖြစ်ကို ၁၀သိန်းကျပ် လှူဒါန်းပေးခဲ့တာဘဲ ဖြစ်ပါတယ်နော်။ မင်းသားချော နေတိုးလည်း ခုထက်မကတဲ့ အောင်မြင်မူတေ ရရှိနိုင်ပါစေနော်။source;Nay Toe
Add a Comment
Your email address will not be published. Required fields are marked *