မွေးနေ့မှာ စည်ပင်လုပ်သား ၆၀၀ ကို ထမင်းဘူးနဲ့ မုန့်ထုပ်များလှုဒါန်းခဲ့တဲ့ ဂုဏ်ရည်အေးကျော်
ဒီနှစ်မွေးနေ့မှာတော့ ပံ့သကူအလှုထက် တမြို့နယ်လုံးစာစည်ပင်လုပ်သားတွေကို အပြတ်လှုဒါန်းချင်တဲ့အတွက် ဂုဏ်ရည် ငွေ ၁၀ သိန်း မတည်ပီး တခြား August Born တွေ အလှုရှင်တွေနဲ့အတူ August 30, 31 ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ်ရဲ့ စည်ပင်လူကြီးတွေရဲ့
Unicode…မွေးနေ့ အလှူ အဖြစ် စည်ပင်လုပ်သား ၆၀၀ ကို ထမင်းဘူးနဲ့ မုန့်ထုပ်များလှုဒါန်းခဲ့တဲ့ ဂုဏ်ရည်အေးကျော်
လူတိုင်းဟာ အမှိုက်ပုံဘေးနားက ဖြတ်တိုင်း, အမှိုက်ကားကိုယ့်ဘေးနားက ဖြတ်သွားတိုင်း နှာခေါင်းပိတ်, နှာခေါင်းရှုံ့ကြတာချည်းပါဘဲနော်။အဲ့လို မျိုး အမိူက်ရှင်းတဲ့ အလုပ်ကို လူတိုင်း မလုပ်နိုင်ပါဘူးနော်။
ခုလို အမှိုက်သရိုက်နဲ့ အညစ်ကြေးအနံ့ဆိုးတွေကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ စည်ပင်လုပ်သားတွေကို လှူဒါန်းတာဟာလဲ မွန်မြတ်တဲ့ အလှူဖြစ်ပါတယ်နော်။ဂုဏ်ရည် ကတော့ ဒီနှစ်မှာ မွေးနေ့ အလှူလေးကို ခုလို ပြောပြလာတာပါ။
ဒီနှစ်မွေးနေ့မှာတော့ ပံ့သကူအလှုထက် တမြို့နယ်လုံးစာစည်ပင်လုပ်သားတွေကို အပြတ်လှုဒါန်းချင်တဲ့အတွက် ဂုဏ်ရည် ငွေ ၁၀ သိန်း မတည်ပီး တခြား August Born တွေ အလှုရှင်တွေနဲ့အတူ August 30, 31 ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ်ရဲ့ စည်ပင်လူကြီးတွေရ
အကူအညီနဲ့ တာမွေ ၁၆၀ ဦး လသာ ၁၉၀ ဦး ရန်ကင်း ၁၁၀ ဦး တောင်ဒဂုံ ၁၄၀ ဦး တို့ကို ထမင်းဘူးနဲ့ DCo မုန့်ကြွပ်ထုပ်တွေ လှုဒါန်းဖြစ်ပါတယ် လို့ဆိုပါတယ်။ ဒါ့ပြင် သက်ဆိုင်ရာ စည်ပင်လူကြီးများက စည်းစနစ်ကျလွန်းပီး
စနစ်တကျတန်းစီပေးထား အခန်းနဲ့ဆိုရင်လည်း လူ ၃၀ ထက်ပိုအဝင်မခံပဲ အလှည့်ကျဝင်ပီး ယူဖို့စီစဉ်ပေးခဲ့တာတွေကြောင့် အရမ်းအဆင်ပြေသလို ပီတိဖြစ် ကြည်နူးရခဲ့ရပါတယ်နော်။
သူတို့ကို သတိတရတကူးတက လာလှုဒါန်းပေးလို့ဆိုပီး ပျော်မြူးနေကြတဲ့ စည်ပင်ဦးကြီး ဒေါ်ကြီးများနဲ့ မောင်လေး ညီမလေးတွေကြောင့် နောက်ထပ်မြို့နယ်တွေကို လှုဒါန်းချင်ပေမယ့် Covid ကြောင့် နားလိုက်ပါတယ်။Covid ကြီးပီးရင် ရန်ကုန်မြို့အပြတ် စည်ပင်လုပ်သားတွေကို
လှုဒါန်းချင်ပါသေးတယ်လို့ ပြောလာတာပါ။ ဒီနှစ်မွေးနေ့မှာ သဘာဝတရားရိပ်သာရဲ့ ဘိုးဘွား ၃,၀၀၀ ကျော်နဲ့ စည်ပင်လုပ်သား ၆၀၀ ကို လှုဒါန်းကျွေးမွေးရခြင်း ကုသိုလ်တွေကို အလှုရှင်များနဲ့အတူ အားလုံးထပ်တူထပ်မျှ
ပီတိဖြစ်ကြပါစေ ဆိုပြီးတော့ မျှဝေပေးထားတာဘဲ ဖြစ်ပါတယ်နော်။ဂုဏ်ရည်အေးကျော်လည်း ခုထက်မက အောင်မြင်ပါစေနော်။Source:ဂုဏ်ရည်အေးကျော်
Add a Comment
Your email address will not be published. Required fields are marked *