Unicode…တရုတ်ဟာ COVID-19 စမ်းသပ်မှုကို အောင်မြင်ခဲ့သည် ဟု သမ္မတစီကျင်းပင် ပြောကြားခဲ့
COVID-19 ကပ် ရောဂါကို မိမိတို့ရဲ့ ကိုင်တွယ်မှု ဖြင့် တရုတ်နိုင်ငံက တစ်မူထူးခြား ပြီး သမိုင်းဝင်ဖြစ်သောစမ်းသပ် မှုကို အောင်မြင်ခဲ့သည်ဟု ဆေး ဘက်ပညာရှင်များအား ဆုချီးမြှင့် သော
အခမ်းအနားတစ်ခုမှာ တရုတ်သမ္မတ စီကျင်းပင်ဟ ပြောကြားခဲ့တာပါ။လက်ခုပ်လက်ဝါးတီးပြီး အားပေးချီးမြှောက်သော ရာနှင့်ချီ တဲ့ ကိုယ်စားလှယ်တော်များရဲ့ ရှေ့မှောက်တွင် စီကျင်းပင်ဟာ ဆေးပညာနယ်ပယ်မှ
သူရဲ ကောင်းလေးဦးအား ရွှေ့တံဆိပ် များ ပေးအပ်ခဲ့တာပါ။တစ်မူူထူးခြားတဲ့ သမိုင်း ဝင်စမ်းသပ်မှုကို ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ် လို့ သမ္မတစီကျင်း ပင်က ပြောကြားပြီး ရောဂါအ ပေါ် မှာ သူရဲကောင်းများကဲ့သို့
တိုက် ပွဲဝင်ခဲ့သော နိုင်ငံအား ချီးကျူးစကား ပြောခဲ့တာပါ။COVID-19 အပေါ် ပြည် သူလူထုရဲ့ စစ်ဆင်နွှဲမှုမှာ ကျွန် တော်တို့က မြန်မြန်ဆန်ဆန်ပဲ ကနဦးအောင်မြင်မှုတွေ ရရှိခဲ့ပါ တယ်။ COVID-19 အပေါ် တိုက် ပွဲနဲ့ စီးပွားရေး ပြန်လည်နာလန် ထူတဲ့နေရာမှာ ကျွန်တော်တို့က
ကမ္ဘာကြီးကို ဦးဆောင်နေပါ တယ် လို့ စီကျင်းပင်က ပြော ကြားပါတ ်ယယ်။တရုတ်နိုင်ငံဟာ ကိုဗစ် 19အပေါ် တုံ့ပြန်မှုနှင့်ပတ်သက်ပြီး ပြင်းထန်သော ကမ္ဘာလုံးဆိုင် ရာ ဝေဖန်ပိုင်းခြားမှုနှင့် ကြုံတွေ့ ခဲ့ပြီးနောက်
ဗိုင်းရပ်စ် မူလဇာစ်မြစ်နှင့် ပြင်းထန်မှုကို ဖုံးကွယ်ထားခဲ့တယ်လို့ ဟု အမေရိကန်နှင့် ဩစတြေးလျ တို့က စွပ်စွဲခဲ့ကြတာပါ။ကနဦး ပျက်ကွက်မှုများ ကြောင့် ကိုဗစ်ရောဂါ ကူးစက်မှု ကို မြန်ဆန်စေခဲ့သည်ဟူသော
အမေ ရိကန်ရဲ့ စွပ်စွဲမှုများကိုလည်း ဆန့်ကျင်ပြီး တရုတ်ဟာ တောက်လျှောက် ပွင့်လင်းမြင်သာသောပုံစံဖြင့် ပြုမူခဲ့ပြီး အသက်ပေါင်းများစွာကို ကယ်တင်လိုက်နိုင်တာပါ။ပြတ်ပြတ်သားသား အရေး ယူမှုများ လုပ်ဆောင်ခဲ့သည်ဟု
စီကျင်းပင်က ပြောကြားခဲ့ပါတယ်။ကပ်ရောဂါတိုက်ပွဲတွင် ရှေ့ တုန်းမှ ပါဝင်ခဲ့သော (၈၃)နှစ် နာမည်အကျော်ဆုံး ဆေးပညာ ရှင် ကျောင်နန်ရှန်အား
စီကျင်းပင် က ထိပ်တန်းအမျိုးသား ဆုတံဆိပ်ချီးမြှင့်ခဲ့ကာ ကျန်သုံးဦးအား ပြည်သူ၏ သူရဲကောင်း ဂုဏ်ပြု ဆုများ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။     Source;7 Day news
Tags:
Add a Comment
Your email address will not be published. Required fields are marked *