ပေါ့ဘာခြေစွမ်းပြန်ပြလာနိုင်ရတဲ့ အဓိက အကြောင်းအရင်း

ယူနိုက်တက်တို့ဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အခြေအနေကောင်းလျက်ရှိနေပြီး၊ မနေ့ညက ကစားသွားခဲ့ကြတဲ့ ရှက်ဖီးနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ချဲလ်ဆီးက ရှက်ဖီးကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မနက်ဖြန် (၁)နာရီ ခွဲအချိန်မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ သာယူနိုက်တက်တို့က အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်အဆင့်(၄)နေရာကို ရရှိသွားတော့မှာဖြစ်ပါတယ်။

ယူနိုက်တ်တို့ဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲ စုံ (၁၇)ပွဲဆက်တိ်ုက်ရှုံးပွဲ မရှိကစားထားနိုင်ခဲ့ပြီးတော့ လော့ဒေါင်းအပြီး ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ တွဲဖက်ပွဲထွက်လာမှုတွေကလည်း လက်ရှိအချိန်မှာ အကောင်းဆုံး အချိန်ကိုရောက်ရှိ်နေတာဖြစ်ပါတယ်။ ပေါ့ဘာဟာ လော့ဒေါင်းအပြီး ပြန်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာမှယူနိုက်တက်အတွက်အကောင်းဆုံးပြန်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး၊

ဒီရာသီတစ်လျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရသလို ဆိုရှယ်မီဒီယာပေါ်က အပြုအမူတွေကြောင့်လည်း ပေါ့ဘာဟာ အသင်းပရိသတ်တွေရဲ့ ငြိုငြင်မှုတွေကို ခံနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ပေါ့ဘာရဲ့ ခြေစွမ်းတွေက အမြင့်ဆုံး အခြေအနေတစ်ခုကိုရောက်နေတာဖြစ်ပြီးတော့ရာသီအစကခြေစွမ်းတွေနဲ့ တော်တော်လေးကိုကွဲပြားလာခဲ့ပါပြီ။

ယူနိုက်တက်ရဲ့ ဂန္ထ၀င်ကစားသမားကြီးဖြစ်တဲ့ ဖာဒီနန်ကတော့ လက်ရှိပေါ့ဘာရဲ့ ခြေစွမ်းတွေအပေါ်မှာတော်တော်လေးကို ကျေနပ်အားရမှုတွေရှိနေခဲ့ပြီး၊ ပေါ့ဘာအနေနဲ့ အခုလိုတွေခြေစွမ်းပြန်ပြလာနိုင်တာကလည်း ဇန်နဝါရီတုန်းကခေါ်ယူခဲ့တဲ့ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကြောင့်ဖြစ်တယ်လို့ .ယုံကြည်နေပြီး၊ ဖာနန်ဒက်စ်က ပေါ့ဘာကို တစ်ဖန်ပြန်မွေးဖွားစေခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *