ငှက်ကလေးတွေ စားဖို့ အတွက် သူပိုင်တဲ့ စိုက်ခင်းတစ်ဝက်ကို ခွဲပေးခဲ့တဲ့ လယ်သမားကြီး 
Unicode…ငှက်ကလေးတွေ စားဖို့ အတွက် သူပိုင်တဲ့ စိုက်ခင်းတစ်ဝက်ကို ခွဲပေးခဲ့တဲ့ သဘောကောင်းတဲ့ လယ်သမားကြီး
တောင်သူလယ်သမားတော်တော်များရဲ့ လယ်ကွင်း စိုက်ခင်းတွေမှာ စာခြောက်ရုပ်တေ ထောင်ထားတာ ကို တွေ့ဖူးကြမှာပါ။အဲ့လိုမျိုး ထားတာဟာ လယ်ယာစိုက်ခင်းတွေထဲကို ငှက်တွေဝင်ပြီးတော့ ကောက်ပဲသီးနှံတွေကို
ဖျက်ဆီးစားသောက်ပစ်မှာ စိုးရိမ်လို့ပါနော်။ ယခုလို စာခြောက်ရုပ်ကြီး ထား တာကလည်း တောင်သူလယ်သမားတွေကို အပြစ်ပြောလို့ မရပါဘူးနော်။ အခုပြောချင်တာက တစ်ခြားတောင်သူလယ်သမားတွေ မလုပ်နိုင်တဲ့
အလုပ်ကို ပြုလုပ်ခဲ့တဲ့ လယ်သမားအမျိုးသားကြီးတစ်ယောက်ပါပဲနော်။ အဲ့ဒီ လယ်သမားကြီးဟာ ငှက်တွေ လွတ်လွတ်လပ်လပ် အစာစားနိုင်ဖို့အတွက် သူပိုင်တဲ့ လယ်မြေတွေရဲ့ တစ်ဝက်ကို ကောက်ပဲသီးနှံတွေအပြည့်
စိုက်ထားပေးကြောင်းကို My Modern Met သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါသည်။ထို သမားကြီးကတော့ အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်၊ Coimbatore မြို့မှာ နေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ် လယ်သမားကြီး Muthu Murugan ပဲ ဖြစ်ပါတယ်နော်။
Muthu ဟာ လွန်ခဲ့တဲ့ နှစ်တော်တော်များများကစပြီး သူပိုင်ဆိုင်တဲ့ လယ်ဧကတွေထဲက ဧကတစ်ဝက်လေးလောက်ကို ငှက်တွေ စားသုံးဖို့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပေးခဲ့တာဘဲဖြစ်ပါတယ်။
Muthu ရဲ့ အဲဒီဧကဝက်လေးမှာ ပြောင်း၊လူး၊ဆပ်၊ နှံစားပြောင်း အစရှိတဲ့ ကောက်ပဲသီးနှံတော်တော်များများကို စိုက်ပျိုးပေးထားခဲ့တာပါ။ Muthu မျှော်လင့်ထားသလိုပဲ ငှက်တော်တော်များများဟာ
Muthu ရဲ့ စိုက်ခင်းလေးမှာ နေ့တိုင်းလိုလို လာစားနေကြတာပါ ။အဓိကကတော့ ကျွန်တော်တို့ လူသားတွေအနေနဲ့ သဘာဝတရားကြီးဆီက ယူထားတာတွေ တော်တော်များနေပါပြီ။
အဲဒီတော့ ကျွန်တော့်အနေနဲ့ ဘာပြန်ပေးနိုင်မလဲ စဉ်းစားကြည့်မိတော့ ဒီလိုလေးလုပ်နိုင်တာ သိလိုက်ရတယ်။ အခုဆို အဲဒီ ဧကဝက်စိုက်ခင်းလေးမှာပဲ စာကလေးတွေ၊ ကြက်တူရွေးတွေ၊ ခိုတွေ အများကြီး နေ့တိုင်းလိုလို
လာစားကြတယ်။ အခြားကျွန်တော့်စိုက်ခင်းတွေကိုလည်း သူတို့ မဖျက်ဆီးဘူး။ အဲဒီစိုက်ခင်းလေးမှာပဲ သူတို့စိတ်ကြိုက်စားသောက်ကြတယ်။
ကျွန်တော်လည်းပျော်တယ်။ သူတို့လဲ ပျော်တယ်။ ကျွန်တော်လိုချင်တာ ဒါပါပဲ ဆိုပြီး Muthu က ပြောကြားခဲ့တာပါနော်။တကယ်ကို စိတ်သဘောထား ပြည့်ဝတဲ့ လယ်သမားကြီးပါနော်။Source;shwe mon
Tags:
Add a Comment
Your email address will not be published. Required fields are marked *