စိတ္ဓာတ္က် ေနတာကုိ အေကာင္းဆံုးျပန္ လည္ ျပုျပင္ ႏိုင္တဲ့ နည္းလမ္းမ်ား အေျကာင္း

လူတုိင္းခံစားဖူးတဲ့ စိတ္ဓာတ္က်ေနတာကုိ အေကာင္းဆံုးျပန္လည္ ကုသႏိုင္တဲ့ နည္းလမ္းမ်ား

လူတိုင္းဟာ ဘဝမွာ စိတ္ဓာတ္က်တဲ့ အခ်ိန္ကုိ ရင္ဆုိင္ေတြ့ျကရပါတယ္ေနာ္။ စိတ္ဓာတ္ေတြ တအား က်ၿပီး စိတ္ထြက္ေပါက္ေတြ ပိတ္ေနသလို ခံစားရတာကုိလည္း ေတြ့ဖူးျကမွာပါ။ စိတ္ဓာတ္က်ခ်ိန္မွာ

ဘာလုပ္ ရမွန္း မသိေလာက္ေအာင္ကို စိတ္ရူပ္မူေတ ျဖစ္ေနၿပီးေတာ့ စိတ္ဖိစီးေနရတာမ်ိဳးက တကယ့္ကို စိတ္က်ဥ္းၾကပ္ဖို႔ ေကာင္းလွပါတယ္ေနာ္။ စိတ္ဓာတ္ က်ေနတဲ့ အခ်ိန္ေတြကို အေကာင္းဆံုး ျဖတ္ေက်ာ္ႏိုင္ဖို႔အတြက္ အခုလို နည္းလမ္းေကာင္းေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

(၁) သူမ်ား အေၾကာင္းေတြးပါ

ဘဝေတြက ပံုစံ အမ်ိဳးမ်ိဳး ရွိၾကတာပါ။ စိတ္ဓာတ္က်ေနတဲ့အခါ ကိုယ့္ထက္ အဆင္မေျပတဲ့သူေတြ အေၾကာင္းကို ေတြးၾကည့္ပါေနာ္။ လမ္းေဘးမွာ အိပ္ရတဲ့ သူေတြ၊ မိဘမရွိဘဲ ရွင္သန္ရတာေတြ၊ ခ်စ္ျခင္းေမတၱာ  ငတ္မြတ္ရသူေတြ၊ အက္စစ္နဲ႔ အပက္ခံရသူေတြ၊ စတာေတကုိ ေတြးၾကည့္ပါ။

ခက္ခဲတဲ့ အေျခအေနေတြကို ရင္ဆိုင္ရတာလည္း ဘဝရဲ႕ ပံုစံ ျဖစ္ၿပီး ကိုယ့္ရဲ႕ ယခု အေျခအေနထက္ ဆိုးတဲ့သူေတြ ရွိေသးတာကို ၾကည့္ၿပီး စိတ္ညစ္စရာေတြ ေလ်ာ့က်သြားေစတတ္ပါတယ္ေနာ္။

(၂) စိတ္ခြန္အားေပးတဲ့ စကားေတြကို နားေထာင္ပါ

ခြန္အားေပးတဲ့ စကားေတြကိုပဲ ေျပာတဲ့သူေတြ ရွိပါတယ္ေနာ္။ သူတို႔ဟာ လက္ေတြ႔အေျခအေနေတြ၊ ဥပမာေတြနဲ႔ ယွဥ္ထိုးၿပီးေတာ့ စကားလံုးေကာင္းေကာင္းေတြ သံုးျပီး ေျပာၾကတာ ျဖစ္ပါတယ္ေနာ္။

အဲ့ဒီလိုမ်ဳိး သူတို႔ ေျပာတာေတြက သင့္ကို ျပန္ၿပီး စိတ္ေတြ တက္ႂကြေအာင္ အၾကံဉာဏ္ေကာင္းေတြ ထြက္လာေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္ေနာ္။ ထုိ့ေျကာင့္ စိတ္ဓာတ္ခြန္အားအတြက္  အေထာက္အပံ့ ျဖစ္ေစတာေတြကုိ နားေထာင္သင့္တာပါ။

(၃) မသန္စြမ္းေတြကို ေလ့လာပါ

စိတ္ဓာတ္က်ၿပီး စိတ္ညစ္ေနခ်ိန္မွာ မသန္စြမ္းေတြကို ေလ့လာတာကလည္း ေကာင္းတဲ့ နည္းလမ္းပါ။ ခႏၶာကိုယ္ ခ်ိဳ႕ယြင္းခ်က္ ရွိေနတာေတာင္မွ သူတို႔ေတြက ဘဝကို ရပ္တည္ေနႏိုင္ၾကျပီးေတာ့

အရည္အခ်င္းေတြလည္း ရွိေနၾကပါတယ္ေနာ္။ ဒါက ဘယ္လုိအခက္အခဲ ျဖစ္ေနပါေစ၊ ေျဖရွင္းဖို႔ နည္းလမ္းလည္း ရွိၿပီး ကိုယ္က စိတ္အားထက္သန္စြာ အားစိုက္ထုတ္ဖို႔ လိုတာကိုပဲ သတိရေစပါတယ္ေနာ္။

(၄) ခဏေလးပဲဆိုတာကို သေဘာေပါက္ပါ

ဘဝက တကယ့္ကို ခဏေလးပါပဲေနာ္။ အခုအခ်ိန္ကေန ကေလးဘဝကို ျပန္စဥ္းစားလိုက္္ရင္ ခဏေလးလို႔ ခံစားရမွာပါ။ အခ်ိန္ေတြက ျဖတ္ေက်ာ္ၿပီးသြားရင္ ဘာမွသိပ္မၾကာခဲ့သလို ခံစားရႏိုင္ပါတယ္္ေနာ္။

အဲ့တာေျကာင့္ ခက္ခဲေနလည္း ခက္ခဲမႈကို ခံစားလိုက္ပါ။ ဒီအခ်ိန္ေတြကိုလည္း ျဖတ္ေက်ာ္သြားမွာမိို႔ ခဏေလးလို႔ ေတြးလိုက္ရင္လည္း စိတ္သက္သာရာရေစပါတယ္ေနာ္။

(၅) လုပ္စရာ ရွိတာကို လုပ္ပါ

စိတ္ဓာတ္က်ေနလို႔ စိတ္ညစ္ရံုပဲ ရွိမွာပါေနာ္။ လုပ္စရာရွိတာေတြကို လုပ္လို႔  ရတဲ့ အေျခအေနေတြထဲကေန အေကာင္းဆံုး လုပ္ရင္းသာ ခက္ခဲတာေတြကို

ျဖတ္သန္းရင္ဆိုင္လိုက္ပါေနာ္။ ေတြးၿပီး ပူပန္ေနတာထက္ လုပ္စရာ ရွိတာ လုပ္ရင္းေနတာက စိတ္ဖိစီးမႈကို တစ္ဝက္ေလာက္ သက္သာသြားေစႏိုင္မွာပါေနာ္။credit:aunty may

Unicode…လူတိုင်းခံစားဖူးတဲ့ စိတ်ဓာတ်ကျနေတာကို အကောင်းဆုံးပြန်လည် ကုသနိုင်တဲ့ နည်းလမ်းများ

လူတိုင်းဟာ ဘဝမှာ စိတ်ဓာတ်ကျတဲ့ အချိန်ကို ရင်ဆိုင်တွေ့ကြရပါတယ်နော်။ စိတ်ဓာတ်တွေ တအား ကျပြီး စိတ်ထွက်ပေါက်တွေ ပိတ်နေသလို ခံစားရတာကိုလည်း တွေ့ဖူးကြမှာပါ။ စိတ်ဓာတ်ကျချိန်မှာ

ဘာလုပ် ရမှန်း မသိလောက်အောင်ကို စိတ်ရူပ်မူတေ ဖြစ်နေပြီးတော့ စိတ်ဖိစီးနေရတာမျိုးက တကယ့်ကို စိတ်ကျဉ်းကြပ်ဖို့ ကောင်းလှပါတယ်နော်။ စိတ်ဓာတ် ကျနေတဲ့ အချိန်တွေကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့အတွက် အခုလို နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) သူများ အကြောင်းတွေးပါ

ဘဝတွေက ပုံစံ အမျိုးမျိုး ရှိကြတာပါ။ စိတ်ဓာတ်ကျနေတဲ့အခါ ကိုယ့်ထက် အဆင်မပြေတဲ့သူတွေ အကြောင်းကို တွေးကြည့်ပါနော်။ လမ်းဘေးမှာ အိပ်ရတဲ့ သူတွေ၊ မိဘမရှိဘဲ ရှင်သန်ရတာတွေ၊ ချစ်ခြင်းမေတ္တာ  ငတ်မွတ်ရသူတွေ၊ အက်စစ်နဲ့ အပက်ခံရသူတွေ၊ စတာတေကို တွေးကြည့်ပါ။

ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတာလည်း ဘဝရဲ့ ပုံစံ ဖြစ်ပြီး ကိုယ့်ရဲ့ ယခု အခြေအနေထက် ဆိုးတဲ့သူတွေ ရှိသေးတာကို ကြည့်ပြီး စိတ်ညစ်စရာတွေ လျော့ကျသွားစေတတ်ပါတယ်နော်။

(၂) စိတ်ခွန်အားပေးတဲ့ စကားတွေကို နားထောင်ပါ

ခွန်အားပေးတဲ့ စကားတွေကိုပဲ ပြောတဲ့သူတွေ ရှိပါတယ်နော်။ သူတို့ဟာ လက်တွေ့အခြေအနေတွေ၊ ဥပမာတွေနဲ့ ယှဉ်ထိုးပြီးတော့ စကားလုံးကောင်းကောင်းတွေ သုံးပြီး ပြောကြတာ ဖြစ်ပါတယ်နော်။

အဲ့ဒီလိုမျိုး သူတို့ ပြောတာတွေက သင့်ကို ပြန်ပြီး စိတ်တွေ တက်ကြွအောင် အကြံဉာဏ်ကောင်းတွေ ထွက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်နော်။ ထို့ကြောင့် စိတ်ဓာတ်ခွန်အားအတွက်  အထောက်အပံ့ ဖြစ်စေတာတွေကို နားထောင်သင့်တာပါ။

(၃) မသန်စွမ်းတွေကို လေ့လာပါ

စိတ်ဓာတ်ကျပြီး စိတ်ညစ်နေချိန်မှာ မသန်စွမ်းတွေကို လေ့လာတာကလည်း ကောင်းတဲ့ နည်းလမ်းပါ။ ခန္ဓာကိုယ် ချို့ယွင်းချက် ရှိနေတာတောင်မှ သူတို့တွေက ဘဝကို ရပ်တည်နေနိုင်ကြပြီးတော့

အရည်အချင်းတွေလည်း ရှိနေကြပါတယ်နော်။ ဒါက ဘယ်လိုအခက်အခဲ ဖြစ်နေပါစေ၊ ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိပြီး ကိုယ်က စိတ်အားထက်သန်စွာ အားစိုက်ထုတ်ဖို့ လိုတာကိုပဲ သတိရစေပါတယ်နော်။

(၄) ခဏလေးပဲဆိုတာကို သဘောပေါက်ပါ

ဘဝက တကယ့်ကို ခဏလေးပါပဲနော်။ အခုအချိန်ကနေ ကလေးဘဝကို ပြန်စဉ်းစားလိုက်ရင် ခဏလေးလို့ ခံစားရမှာပါ။ အချိန်တွေက ဖြတ်ကျော်ပြီးသွားရင် ဘာမှသိပ်မကြာခဲ့သလို ခံစားရနိုင်ပါတယ်နော်။

အဲ့တာကြောင့် ခက်ခဲနေလည်း ခက်ခဲမှုကို ခံစားလိုက်ပါ။ ဒီအချိန်တွေကိုလည်း ဖြတ်ကျော်သွားမှာမို့ ခဏလေးလို့ တွေးလိုက်ရင်လည်း စိတ်သက်သာရာရစေပါတယ်နော်။

(၅) လုပ်စရာ ရှိတာကို လုပ်ပါ

စိတ်ဓာတ်ကျနေလို့ စိတ်ညစ်ရုံပဲ ရှိမှာပါနော်။ လုပ်စရာရှိတာတွေကို လုပ်လို့  ရတဲ့ အခြေအနေတွေထဲကနေ အကောင်းဆုံး လုပ်ရင်းသာ ခက်ခဲတာတွေကို

ဖြတ်သန်းရင်ဆိုင်လိုက်ပါနော်။ တွေးပြီး ပူပန်နေတာထက် လုပ်စရာ ရှိတာ လုပ်ရင်းနေတာက စိတ်ဖိစီးမှုကို တစ်ဝက်လောက် သက်သာသွားစေနိုင်မှာပါနော်။credit:aunty may

Add a Comment

Your email address will not be published. Required fields are marked *