တပ်မတော်ကြီး အခြေနေမဟန်လို့ ပြည်သူ့ဘက် အကွက်ရွေ့လာတဲ့ ရွှေရူပါဦး

တပ်မတော်ကြီး အခြေနေ မဟန်လို့ ပြည်သူ့ဘက် အကွက်ရွေ့လာတဲ့ ရွှေရူပါဦး

ရွှေရူပါဦး ကတော့ အမြဲ ပြည်သူတွေနဲ့ ဆန့်ကျင်ကာအာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီကို အားပေးလျက်ရှိတဲ့ ရွှေရူပါဦးကတော့အခုအခါ စစ်ကောင်စီကို ပြစ်တင်ရှုံ့ချ စကားဆိုလာခဲ့တာပါ။ ” အေးချမ်းတဲ့ တိုင်းပြည်တစ်ခုကိုမျှော်လင့်ခြင်း ပြည်သူတွေရဲ့

အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု မရှိတဲ့ နိုင်ငံဖြစ်နေတာဟာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာသာ တာဝန်အပြည့် ရှိပါတယ်။ အာဏာပိုင်အစိုးရနဲ့ လက်အောက်ခံဌါနဆိုင်ရာတိုင်းမှာ တာဝန်ယူမှုနဲ့တာဝန်ခံမှု စနစ်တွေ ပျောက်ဆုံးနေပြီး ဘောလီဘောသမားတွေများပြား လွန်းလှတာ ကိုယ်တွေ့ပါ။

တပ်မတော်ဟာ နိုင်ငံရေး အခန်းကဏ္ဍမှာ ပါဝင်ပတ်သက်မှုအရေးကြီးသော်လည်း တပ်မတော်နှင့် နိုင်ငံရေးဟာ လားလားမှသက်ဆိုင်မှု မရှိစေရလို့ မပြောလိုပေမယ့်ထိုက်သင့်လျှောက် ပါဝင်ပတ်သက်မှုတွေ နှင့်အတူတပ်မတော်နဲ့နိုင်ငံရေးဟာ

သီးခြားစီ ရပ်တည်နေသင့်ပါတယ်။ တာဝန်မယူနိုင်တဲ့အရာတစ်ခုမှာ မထိုက်တန်တဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို ရှက်တတ်ရင် မယူတာ အကောင်းဆုံးလို့ ထင်ပါတယ်။ ပြည်သူတွေရဲ့အေးချမ်းပြီးတရားမျှတတဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးနေလို့

လက်ရှိအစိုးရကြီး ကိုလည်း အဖက်ဖက်က ပြည်သူတွေ အားလုံးက စိတ်ပျက်နေ ကြပါပြီ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ ခပ်ပဲ့ပဲ့ အတွေးအခေါ်တွေ ရှိနေသရွေ့ တိုင်းပြည်နဲ့ ပြည်သူအကျိုးပါလို့တွင်တွင် အော်နေလည်း ဘယ်ပြည်သူတွေကမှ

အထင်ကြီးအားကိုးလေးစားလာဖွယ်ရာ မရှိပါလေ။ တည်ဆဲဥပဒေကိုပါ လိုသလိုအသုံးချနေတာ အပြစ်မဲ့ ပြည်သူတွေအပေါ် တစ်ဖက်လှည့်နဲ့ စော်ကားရာရောက်နေတယ်ဆိုတာ သတိချပ်ဒါဆိုလျှင် လက်ရှိအစိုးရကို ပြည်သူတွေအနေနဲ့ ယုံကြည်အားကိုးနေကြလားစိတ်ပျက် ရွံရှာနေကြလားဆိုတာ သဘောပေါက်သင့်ပြီ

ယုတ်မာတဲ့အစိုးရရဲ့ စံနှုန်းနဲ့ယှဉ် မာနခြင်း ပြိုင်နေသရွေ့ကိုယ်လည်း ထိုနည်းလည်းကောင်းသူ မသာ ကိုယ် အသုဘဖြစ်နေပြီးပြည်သူတွေ နစ်နာနေကြ ရဦးမှာပါပဲ”ဆိုတဲ့စာတင်ကာ သူအမြဲ အားပေးထောက်ခံ ခဲ့တဲ့ တပ်မတော်ကို ဝေဖန်ပြောကြား လာတာပါ။ credit

Add a Comment

Your email address will not be published. Required fields are marked *