Unicode…စစ်တွေမြို့မှာ စေတနာ့ဝန်ထမ်းအဖြစ် အားဖြည့် ကူညီမည့် ပြေတီဦးဖောင်ဒေးရှင်းမှ ဆရာဝန်များ
ပြေတီဦးဖောင်ဒေးရှင်း ကနေ ဘွဲ့ရ ဆရာဝန်နှစ်ဦးဟာ ကိုဗစ် ကူးစက်မှုတွေ မြင့်မားနေတဲ့ စစ်တွေမြို့ကို စေတနာ့ဝန်ထမ်းအဖြစ် အားဖြည့်ကူညီဖို့ သွားရောက်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
ယခု လက်ရှိမှာ ကူးစက်မှု မြင့်မားနေတဲ့ စစ်တွေမြို့ကို စေတနာ့ဝန်ထမ်းများအဖြစ်သွားရောက်တာဝန်ထမ်းဆောင်မယ့် ပြေတီဦးပညာရေးဖောင်ဒေးရှင်း မှ
ဘွဲ့ရသွားကြတဲ့ ဆရာဝန် Dr. ဇော်ဝင်းမြင့် နဲ့သူငယ်ချင်းနှစ်ဦး ကို စစ်တွေမသွားမှီပြေတီဦးဖောင်ဒေးရှင်းမှအမှတ်တရတွေ့ဆုံဂုဏ်ပြုစကားပြောကြားခဲ့တာပါ။
ပြေတီဦးဖောင်ဒေးရှင်းအတွက်များစွာ ဂုဏ်ယူမိပါတယ်နော်။အစစအရာရာ ဘေးကင်းပြီး ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ Credit
Add a Comment
Your email address will not be published. Required fields are marked *