သားကို ကိုက်ချီသွားတဲ့ ကျားသစ်ကို သတ္တိအပြည့်နဲ့ ပြန်ပြီး တိုက်ခိုက်ခဲ့တဲ့ မိခင်

သားကို ကိုက်ချီသွားတဲ့ ကျားသစ်ကို သတ္တိအပြည့်နဲ့ ပြန်ပြီးတိုက်ခိုက်ခဲ့တဲ့ မိခင်

မိခင်မေတ္တာဆိုတာ အားလုံးထက် ကြီးမြတ်ပြီးတော့ အားလုံးထက်လည်း သာလွန်တာပါ။ အခုဖော်ပြချင်တာကတော့ မိခင်တစ်ယောက်ဟာ သားကို ကိုက်ချီပြေးတဲ့ ကျားသစ်ရဲ့နောက်ကို သည်းကြီးမဲကြီး လိုက်လံတိုက်ခိုက်ခဲ့ပြီး၊ သားဖြစ်သူကို မိခင်မေတ္တာစိတ်အပြည့်နဲ့ ကယ်ဆယ်နိုင်ခဲ့တာပါ။

တကယ့်ကို အာဂမိခင်တစ်ယောက်ပါ။ သူမဟာ ကျားသစ်ကပြန်တိုက်ခိုက်လို့ ရတဲ့ဒဏ်ရာတွေကိုပင် အမှုမထားနိုင်အား-ကလေးကို ရအောင်ကယ်ဆယ် ပွေ့ချီပြေးလာခဲ့တာပါနော်။ မိခင်ရဲ့အမည်ကတော့ Kiran ပါ။ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊

Badi Jhiriva အမည်ရ ရွာလေးမှာ နေထိုင်သူပါနော်။ သူမရဲ့သားလေးအမည်ကတော့ Rahul ဖြစ်ပြီး၊ အသက်(၆နှစ်ပါ။ ကလေးဟာ မီးဖိုးဘေးမှာ မီးလှုံနေစဉ် ကျားသစ်က ဝင်ဆွဲခဲ့တာပါ။အဲဒီရွာလေးဟာ Sanjay Gandhi National Park လို့ခေါ်တဲ့ သားရိုင်းဘေးမဲ့တောနဲ့လည်း နီးပါတယ်။

ရွာထဲမှာ ကျွဲတွေနွားတွေဟာ မကြာခဏ တောကောင်ကြီးတွေက နှောက်ယှက်လေ့ရှိပါတယ်တဲ့။ အခုလည်း မိခင် Kiran ဟာ ခင်ပွန်းဖြစ်သူပြန်အလာကို မီးလှုံရင်း စောင့်နေတာပါ။ သူမရဲ့ရင်ခွင်ထဲမှာ အငယ်ဆုံးကလေး-မီးဖိုဘေးမှာ Rahul က

အကြီးနှစ်ယောက်နဲ့ ဖခင်အလာကို စောင့်မျှော်နေပါတယ်တဲ့။ အမှောင်ထဲမှာ ကျားသစ်က ဘယ်သူ့ကို ကိုက်ချီရမလဲစောင့်နေတာကို မိခင်ဖြစ်သူ သတိမထားမိပါဘူး။ တစ်မုဟုတ်ချင်းမှာပဲ ကျားသစ်က Rahul ကို ဝင်ဆွဲသွားပါတယ်နော်။ မိခင်လည်း

စက္ကန့်ပိုင်းလောက် ဘာလုပ်ရမှန်းမသိပေမယ့် ချက်ချင်းဆိုသလိုရင်ခွင်ထဲက ကလေးကို အကြီးဆုံးကလေးထံပေးပြီး ကျားသစ်နောက်ကို ပြေးလိုက်ပါတော့တယ်နော်။ ကလေးတွေကိုလည်း တဲအိမ်ထဲ ဝင်နေဖို့ အော်ပြောသွားပါသေးသတဲ့။

နှစ်ဖာလုံလောက်အရောက်မှာ ကျားသစ်ဟာ ကိုက်ချီလာတဲ့ကလေးကို စားဖို့ ခြုံပုတ်တစ်ခုအတွင်း ဝင်သွားပါတယ်တဲ့။ အဲဒီမှာပဲ Kiran နဲ့ ပက်ပင်းတိုးသွားပြီး-ကျားသစ်ကို ခုန်အုပ်ကာ လုံးထွေးသတ်ပုတ်ပါတော့တယ်။ ကံကောင်းထောက်မစွာပဲ

သား Rahul ဟာ ကျားသစ်ကိုက်လို့ လက်နဲ့ကုတ်ခြစ်လို့ရတဲ့ ဒဏ်ရာတွေလောက်သာရှိပြီး၊ ကျားသစ်မှာတော့ မိခင်ဖြစ်သူနဲ့ ဖက်ပြိုင် တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ ခြေဦးတည့်ရာ ထွက်ပြေးသွားပါတော့တယ်နော်။

နှစ်ယောက်စလုံးနောက်ကို ရွာသားတွေ လိုက်လာပြီး- ဘးကင်းစွာနဲ့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်နော်။ အဲဒီနယ်ဘယ်မှာတော့ မိခင် Kiran ကို သူရဲကောင်းအဖြစ် အသိမှတ်ပြုခဲ့ကြပြီးတော့၊ စံပြမိခင်တစ်ဦးအဖြစ်လည်း ဂုဏ်ပြုနေကြပါတယ်။လင်းသူရိန်

Ref ; Daily Star

Tags:

Add a Comment

Your email address will not be published. Required fields are marked *