ကိုဗစ်မျိုးကွဲ အသစ် Omicronက ပိုပြီးကြမ်းသလား၊ ဖြစ်လာရင် ဘယ်လိုခံစားရမလဲ …?

ကိုဗစ်မျိုးကွဲအသစ် Omicronက ပိုပြီးကြမ်းသလား၊ ဖြစ်လာရင် ဘယ်လိုခံစားရမလဲ …?

ပြီးခဲ့တဲ့ရက်ပိုင်းက တောင်အာဖရိက ဒေါက်တာတွေဟာ လက်ရှိကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲအသစ်ဖြစ်တဲ့ Omicron ရဲ့ ရောဂါလက္ခဏာတွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီကြေညာချက်ထဲမှာ အကျဉ်းချုံးရရင်တော့ အရင်ဖြစ်ခဲ့တဲ့ ကိုဗစ်လက္ခဏာတွေနဲ့စာရင် “သိပ်ပြီးဆိုးဆိုးရွားရွား”မဖြစ်တော့ဘူးဆိုတဲ့သဘောမျိုးပါ

။တောင်အာဖရိကနိုင်ငံမှာ ဆရာဝန်တစ်ယောက်ဟာ မျိုးကွဲသစ် Omicron ခံစားရတယ်လို့ သံသယရှိခြင်းခံရသူတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။ နိုဝင်ဘာ(၂၈)ရက်နေ့က လူနာတွေကို အသေးစိတ်စစ်ဆေးပြီးနောက် Omicron ကိုဗစ်ဖြစ်တယ်ဆိုရင် ကြောက်စရာမလိုကြောင်း၊ ရောဂါပြင်းထန်မှုအပိုင်း

အလွန်သက်သာပြီး-ကုသရတာလည်း လွယ်ကူကြောင်း၊ နေအိမ်မှာပဲ အေးအေးဆေးဆေး ဆေးစားဆေးသောက်နဲ့ပင် ပျောက်နိုင်ကြောင်း ဆိုထားပါတယ်နော်။ တောင်အာဖရိကဆေးပညာရှင်အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပုဂ္ဂလိကဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ Angelique Coetzee က Reuters သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ-” ကျွန်မ ဆေးခန်းမှာကိုပဲ

Delta မျိုးကွဲနဲ့မတူညီကွဲပြားတဲ့ လူနာ(၇)ဦး ရှိပါတယ် … ဆိုရရင် ရောဂါက အရမ်းကို ပျော့ပါတယ် … “လို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိ Omicron မျိုးကွဲသစ် စတင်တွေ့ရှိတာကတော့ တောင်အာဖရိကနိုင်ငံမှာဖြစ်ပြီး၊ နိုဝင်ဘာ(၁၄)ရက်နဲ့ (၁၆)ရက်တွေမှာ ဓာတ်ခွဲစမ်းသပ်ခဲ့တဲ့အဖြေတွေအရ ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိကြောင်း-တောင်အာဖရိက

National Institute of Communicable Diseases (NICD) က ကြေညာခဲ့ရာ၊ WHO က အဆိုပါ ဆန်းပြားတဲ့နာမည်ကို ပေးခဲ့တာဖြစ်ပါတယ်။ Coetzee က သူမရဲ့ဆေးခန်းမှာတော့ အဆိုပါရောဂါဖြင့် လူနာတစ်ဦးဟာ နှစ်ရက်တိုင် အလွန်အမင်းမောပန်းနေကြောင်း၊ ခန္ဓာကိုယ်လည်း ညောင်းညာပြီး၊ ခေါင်းအလွန်ကိုက်ကြောင်း ဆိုပါတယ်။”

သာမန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ ကနဦးအဆင့်က တူညီပါတယ် … ကျွန်မတို့ဆီမှာ (၈)ပတ်ကနေ (၁၀)ပတ်အတွင်း ကိုဗစ်ကလည်း မရှိခဲ့တော့ ဒီဖြစ်စဉ်ကို ဓာတ်ခွဲစမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ … အဲဒီလူနာနဲ့ မိသားစုဝင်တွေ ကိုဗစ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ် … အဲဒီနောက်မှာ လူနာတွေ ဆက်တိုက်ဆိုသလို ရောက်လာတယ် “လို့ သူမက ပြောပါတယ်။

သူမက ထူးခြားဖြစ်စဉ်မို့ NICD ကို ချက်ချင်းအကြောင်းကြားခဲ့ကြောင်း၊ လူနာတော်တော်များများဟာ ရောဂါလက္ခဏာ အလွန်ပြင်းထန်ခြင်းမရှိကြောင်း၊ အိမ်မှာပဲ ကုသလို့အဆင်ပြေတဲ့အတွက် အိမ်မှာကန့်သတ်ချက်တွေနဲ့ နေဖို့ခွင့်ပြုခဲ့ကြောင်း ပြောခဲ့တာပါ။ ဒေါက်တာ Coetzee ဟာ အစိုးရဆေးဘက်ဆိုင်ရာ

အကြံပေးအဖွဲ့မှာလည်း ပါဝင်သူဖြစ်ပြီး-အခုဖြစ်နေတဲ့ မျိုးကွဲ Omicron နဲ့ Delta ရဲ့ကွာခြားချက်က ဒီဖြစ်စဉ်မှာ အနံ့ပျောက်တာ အရသာပျောက်တာ၊ အောက်ဆီဂျင်ဆိုးဆိုးရွားရွား ကျသွားတာမျိုး မရှိပါဘူးတဲ့။ ဒီဖြစ်စဉ်မှာ လူနာ(၅၀)ရာခိုင်နှုန်းကတော့ ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်း မရှိသူများဖြစ်ကြောင်း၊ အသက်(၄၀)အောက် ငယ်ရွယ်သူများသာ ဖြစ်ကြောင်း ပြောခဲ့တာပါ။လင်းသုတ

Ref ; Asian One

Add a Comment

Your email address will not be published. Required fields are marked *