“သိချင်ရင် အကုန် လာမေး.. အမှန်အတိုင်း ပြောပြပေးမယ်” ဆိုပြီး ပွဲကြမ်းလိုက်တဲ့ ဘုန်းမင်းနေလ

“သိချင်ရင် အကုန် လာမေး.. အမှန်အတိုင်း ပြောပြပေးမယ်” ဆိုပြီး ပွဲကြမ်းလိုက်တဲ့ ဘုန်းမင်းနေလ

အကယ်ဒမီ ခင်ဇာခြည်ကျော် ရဲ့သားဖြစ်သူ သရုပ်ဆောင် ဘုန်းမင်းနေလကတော့ ရုပ်ချောသ လောက် ရည်းစားတွေလည်း ပွေရှုပ်တယ်လို့ ပရိသတ်တွေကြား နာမည်ကြီးသူ တစ်ယောက် ပါနော်။ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး တော့ မီဒီယာတွေ၊ ပရိသတ်တွေ ရဲ့ အာရုံစိုက်ခြင်းခံရလေ့ရှိတဲ့

ဘုန်းမင်းနေလဟာ ဒီတစ်ခေါက်မှာလည်း သူနဲ့ ချစ်ကြိုက်ခဲ့ဖူးကြတဲ့ မော်ဒယ်ဟန်လေးအပါအဝင် တွဲခဲ့သမျှ ရည်းစားတွေအကြောင်းကို လူသိအောင် ထပ်ခါတလဲလဲတင်နေတဲ့ Cele စပိုင်စမော ပေ့ခ်ျကို ယခုလို ကိုယ်တိုင် သွားရောက် ပြောဆိုခဲ့တာကို တွေ့ရတာပါ။ပရိသတ်အချစ်တော် ဘုန်းမင်း နေလကတော့

ယခုကဲ့သို့ ပြောလာခဲ့တာပါ။ “မှန်မှန်ကန်ကန်လေးလည်းတင်.. မသိရင် မတင်နဲ့ တင်ချင်ရင် အရင်လာမေး အကုန်အမှန်တိုင်း ပြောပေးမယ်။ ခုတော့ သူ သိသူတတ်ကြီးလုပ်လို့ ပြီးတော့ စောက်တလွဲမဟုတ်မမှန်တွေတင် မရှက်ဘူးလားပရိတ်သတ်ကို ဂျင်းထည့်နေတာ နောက်ပြီး ဒါတွေပဲ အက်ကြောင်းထက်နေပြီ

2019,2020, 2021 နှစ်တိုင်းဒါပဲ ။ တင်စရာ အသစ်မရှိတော့ဘူးလား ရိုးအီနေရော်ပေါ့ လူတွေလည်းအ သစ်လေး ဘာလေး လုပ်ပါအုံး ပျင်းလို့။ စောက်ဆရာကြီးက လုပ်ချင်တယ် ဘာမှလည်းမသိဘူး အဲ့လောက် ဆရာကြီး လုပ်ချင်ရင်

page name ပါပြောင်းလိုက် “စဆရက” ဆိုပြီ :3 ခွေးပေ့ ဆိုပြီးတော့ အဟောင်းတွေကို အသစ်လုပ်ကာ အတင်းတုပ် ပြန်ဖွနေတဲ့ ပေ့ခ်ျတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ သွားမန့်ပြီးတော့ ချက်ကျလက်ကျ ထိထိမိမိ တုံ့ပြန် ပြောဆိုလိုက်တာပဲ ဖြစ်ပါ တယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *