ရိုးသားမှု့ နှင့်ဂုဏ်သိက္ခာရှိမှု အတွက် တန်ပြန် ဆုကို လက်ခံရရှိသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးတစ်ဦး

ရိုးသားမှု့ နှင့်ဂုဏ်သိက္ခာရှိမှု အတွက် တန်ပြန် ဆုကို လက်ခံရရှိသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးတစ်ဦး

အသက် ၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးမလေးတစ်ဦးဟာ မလေးရှားနိုင်ငံ Sunway Pyramid ကုန်တိုက်ရှိ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ငွေစက္ကူ RM1 ကိုတွေ့ရှိပြီးနောက်မှာ ကုန်တိုက်များရှိ Concierge ကောင်တာသို့ ရောက်လာပြီး

ထိုပိုက်ဆံကို ၎င်းရဲ့ပိုင်ရှင်ထံအပ်နှံပေးရန် ဝန်ထမ်းများအားအကူအညီတောင်းခဲ့တာပါ။ကုန်တိုက်ကြီးရှိ ဝန်ထမ်းများဟာ သူမရဲ့ကောင်းမွန်တဲ့လုပ်ရပ်ကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့တာကြောင့် ၎င်းနှလုံးသားနွေးထွေးဖွယ်အဖြစ်အပျက်ကို လူတိုင်းအားဝေမျှရန် သူတို့ရဲ့Facebook စာမျက်နှာပေါ်မှ

ာ “ ညနေ ၁:၃၀ မှာ ၇ နှစ်အရွယ်မိန်းကလေးတစ်ယောက်က ကုန်တိုက်ထဲကကြမ်းပြင်မှာ တွေ့ခဲ့တဲ့ RM1 ကို ပိုင်ရှင်ထံပြန်လွှဲပြောင်းပေးဖို့ ကျွန်တော်တို့ရဲ့ Concierge ကောင်တာသို့ ရောက်လာပြီး သူမအနေဖြင့် RM1 ကိုပိုင်ရှင်ထံ အခိုင်အမာပြန်လည်

အပ်နှံပေးရန် တောင်းဆိုခဲ့တာပါ ။သူမရဲ့ ရိုးသားမှုနှင့်သမာဓိရှိမှု ကြောင့် ကျွန်တော် Lion နှင့်အတူ အခြားဝန်ထမ်းတို့ရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ် “ လို့ ရေးတင်ခဲ့ပါတယ်။Lion ရဲ့သူငယ်ချင်းများက မှန်ကန်တဲ့အရာကိုလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့

ကလေးမလေးရဲ့ရိုးသားမှုကို ကျေးဇူးတင်ကြောင်းပြသရန် သူမနှင့် သူမရဲ့ညီငယ်လေးတွေအတွက် လေ့ကျင့်စာအုပ်များနှင့် အရောင်စုံလင်တဲ့ဆေးရောင်ခြယ်စာအုပ်များကိုပြန်လည် ဆုချပေးခဲ့ကြပါတယ်။၎င်းဝန်ထမ်းများက “ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ

မင်းရဲ့ကြင်နာမှုအတွက် အထူးကျေးဇူးတင်ပါတယ်! ” လို့ သူတို့ရဲ့ post အောက်မှာ ထပ်မံထည့်သွင်းရေးသားခဲ့ပါတယ်။Netizen များစွာကလည်း အဆိုပါကလေးမလေးအား ချီးကျူးဂုဏ်ပြုခဲ့သလို အချို့က ကလေးမလေးရဲ့

မိဘများအား သူမအား မှန်ကန်တဲ့လမ်းကို ပြုစုပျိုးထောင်ပေးခြင်းနှင့်ပညာပေးခြင်းအတွက်ပင် အသိအမှတ်ပြုခဲ့ကြပြီး သူတို့လည်းအမှန်ပင် ဂုဏ်ယူသင့်တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်နော်။၎င်း post ဟာ 2,100 likes နှင့် 85 shares အထိ ရရှိခဲ့တာပါ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *