သိန်းထောင်ချီ ချမ်းသာနေတာတောင် တောင်းစားတဲ့ အလုပ်ကို မရပ်နိုင်တဲ့ အမျိုးသား

သိန်းထောင်ချီ ချမ်းသာနေတာတောင် တောင်းစားတဲ့ အလုပ်ကို မရပ်နိုင်တဲ့ အမျိုးသား

တချို့လူတွေကတော့ ပိုက်ဆံကို လွယ်လွယ်ကူကူ သိပ်လိုချင်တတ်ကြတာပါ။ အင်ဒိုနီးရှားနိုင်ငံ ဂျာဝါတန်ဂါပြည်နယ်က အမျိုးသားတစ်ယောက်ဆိုရင် သာမန်လူတန်းစားထက်တောင် မြင့်တယ်လို့ ပြောလို့ရတဲ့ အခြေအနေရှိပေမယ့်လည်း သူတောင်းစားအလုပ်ကို လုပ်နေခဲတာပါ ။

Legiman လို့ အမည်ရတဲ့ ၅၂ နှစ်အရွယ် အမျိုးသားဟာ လမ်းပေါ်မှာ တောင်းရမ်းနေစဉ် အင်ဒိုအာဏာပိုင် တွေရဲ့ အိမ်ယာမဲ့နဲ့ သူဖုန်းစား ရှင်းလင်းရေး အော်ပရေးရှင်းတစ်ခုမှာ အထိန်းသိမ်းခံခဲ့ရတာပါ ။ရဲတွေဟာ Legiman ကို စစ်ဆေးခဲ့ချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အံ့သြစရာ သိခဲ့ရတာပါ

။ Legiman မှာ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ နီးပါးတန် အိမ်တစ်လုံး၊ ဒေါ်လာ ၁၉,၀၀၀ တန်ဖိုးရှိတဲ့ မြေကွက်တွေအပြင် ဒေါ်လာ ၆၀,၀၀၀ ကျော်ကိုပါ ဘဏ်ထဲမှာ ထည့်ထားပါသေးတယ်နော်။ ဒါတွေဟာ အင်ဒိုငွေနဲ့ဆို ရင်းဂစ် ၄ သိန်း တောင် ရှိပါတယ်။“သူ့ကို ဖမ်းမိတာ ၁၉၂ ရင်းဂစ် နဲ့ပါ။

အရင်က ဖမ်းမိတုန်းကဆို ၂၉၀ ရင်းဂစ်နဲ့ ပိုတောင်များပါသေးတယ်” လို့ အာဏာပိုင်တွေထဲက တစ်ဦးဖြစ်တဲ့ Udhi Nugroho က ဆိုပါတယ်နော်။ယခင်ဖမ်းဆီးမှုတွေမှာဆိုရင် ATM ကတ်တွေနဲ့ ငွေစုစာအုပ်တွေ ပိုင်တဲ့ သူဖုန်းစားတွေကိုတောင် တွေ့ခဲ့ရဖူးကြောင်း Udhi က ပြောပြခဲ့ပါတယ်။

အခုဆိုရင်တောင် သူတောင်းစားသူဌေးလို့ ဆိုရနိုင်တဲ့ Legiman ကို ပြန်လွှတ်ပေးထားတာပါ။ လမ်းပေါ်မှာ ထပ်မတောင်းရမ်းဖို့သာ သတိပေးခဲ့ကြပါတယ်။ အများပြည်သူကိုလည်း သူတောင်းစားတိုင်းကို ဆင်းရဲတယ် အထင်နဲ့ ပိုက်ဆံတွေ စွတ်မပေးဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်နော်Crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *