အဖြစ်မှန်ကို လာမေးလို့ သေချာရှင်းပြလိုက်တဲ့အခါ တချို့က လက်ခံနားလည်လာကြပြီလို့ဆိုတဲ့ ယဉ်လတ်

အဖြစ်မှန်ကို လာမေးလို့ သေချာရှင်းပြလိုက်တဲ့အခါ တချို့ကလက်ခံနားလည်လာကြပြီလို့ဆိုတဲ့ ယဉ်လတ်

သရုပ်ဆောင် ယဉ်လတ်ဟာ နိုင်ငံတော်အကျိုးပြုရုပ်ရှင်ဇာတ်ကားတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်တတ်သူတစ်ယောက်ပါ။ယဉ်လတ်ဟာ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အဓမ္မဘက်က

ရပ်တည်ပြီးတော့ ဆိတ်ဆိတ်နေခဲ့တာ ပရိသတ်ကြီးအားလုံးလည်းသိပြီးသားပါ။မကြာသေးခင်ကလည်း နေအိမ်နားမှာ ဗုံးဖောက်ခွဲခြင်းခံရတဲ့ ယဉ်လတ်က ဒီကနေ့မှာတော့ သူမရဲ့အကြောင်းကို တရားသဘောနဲ့ဆင်ခြင်ပြီးပြောလာတာပါ။

““လူတိုင်းဟာ ရှိခြင်း,မရှိခြင်းနဲ့ကျေးဇူးပြုကြတယ်” တဲ့။ ချစ်တဲ့သူကြောင့်ကျေးဇူးပြုသလို မုန်းတဲ့သူကလည်း ကျေးဇူးပြုကြပါတယ်။ချစ်တဲ့သူကြောင့်ကြည်နူးဝမ်းသာရသလို

မုန်းတဲ့ သူကြောင့်လဲ သတိထားခြင်းရဲ့ အသိတရားကို ပေးနေတော့ စရိုက်မတူ လို့အကြိုက်မတူ တဲ့ကြားမှ ဒီဘဝအ တွက် ပါလာတဲ့ ကံရဲ့ ပေးဆပ်ရမဲ့ အရာ တွေကို တတ်နိုင် သမျှ ပေးဆပ် ရင်း ကုသိုလ်သည်သာ အားကိုးရာ အမှန်ဖြစ်ပြီး မေတ္တာထားနိုင်တဲ့ စိတ်သည်သာ ကာကွယ်မှု ပေးနိုင် သလောက်ပေးနေခဲ့တာမို့ …

”“ ကောင်းခြင်းဆိုးခြင်း အပြစ်တစ်ခုအနေနဲ့ ဘယ်အရာမှ ပြောမနေပဲ .. အားလုံးနဲ့ သင့်တင့်စွာနေဖို့ကြိုးစားရင်း နေတတ်အောင်နေနေပေမဲ့ .. ဝေဒနာတွေနဲ့ အပြိုင် အချိန်တန်တော့ လဲ ပျောက်ကွယ်သွားမှာပါ။မပျောက်ခင် တော့ ကျွန်မကို ချစ်ခဲ့ကြတဲ့ သူတွေကို ချစ်ချင်သေးတာ ပေါ့ –လူတွေဟာ အချစ်ပြောရင် ပြော , မပြောရင် အပြစ်ပြောဖို့ပဲ ရှိကြ တဲ့လောကကြီးမှာ

စကားလုံးတိုင်း ခံစားတတ်တဲ့ ကျွန်မအတွက်တော့ ကိုယ့်စကားနဲ့ ကိုယ်အမှားမဖြစ်အောင် သတိထား နေထိုင်နေရုံပါပဲ။အဖြစ်အမှန်ကို လာမေးတဲ့အခါ ကျွန်မသေချာရှင်းပြလို့ တချို့က တခါတည်း

လက်ခံကြပေမဲ့ တချို့ကအချိန်တန်တော့သိလာကြလို့ ပြန်ချစ်ကြတဲ့သူတွေကို ကျွန်မတို့ ဆတိုးပီး ပို ရင်းနှီးချင်ခင်ကြရပါတယ် …” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်နော်။ယဉ်လတ်ကတော့ အဖြစ်မှန်ကိုလာမေးလို့ သေချာရှင်းပြလိုက်တဲ့အခါ

တချို့ကလက်ခံနားလည်လာကြပြီလို့ဆိုပြီးတော့ ပြောလာတာပဲဖြစ်ပါတယ်နော်။သို့ပေမယ့် ပြည်သူတွေကတော့ ဓမ္မဘက်မှာမရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *