သတို့သမီး က ရည်းစားဟောင်းကို ပွေ့ဖက်ပြီး ငိုခဲ့လို့ တုန့်ပြန်လိုက်တဲ့ သတို့သား

သတို့သမီးက ရည်းစားဟောင်းကို ပွေ့ဖက်ပြီး ငိုခဲ့လို့ တုန့်ပြန်လိုက်တဲ့ သတို့သား

မင်္ဂလာပွဲတစ်ခုမှာ သတို့သားတစ်ယောက်ရဲ့ အပြုအမူပုံစံဟာ လူမှုကွန်ရက်မှာ အတော်လေး နာမည်ကြီးခဲတာပါ။ ဒီမင်္ဂလာပွဲကတော့ အင်ဒိုနီးရှားနိုင်ငံက မင်္ဂလာပွဲတစ်ခုပါ။ ကြည့်ရတာ သတို့သားနဲ့သတို့သမီးဟာ ငယ်ချစ်တွေ မဟုတ်လောက်ပါဘူး။အဲဒီမင်္ဂလာပွဲကို သတို့သမီးရဲ့ ယခင်ရည်းစားဟောင်းကလည်း

လာရောက်ကောင်းချီးပေးခဲ့ပါတယ်။ ဒါပေမယ့် သတို့သမီးကတော့ အဲဒီ ရည်းစားဟောင်းကို မြင်မြင်ချင်း ပွေ့ဖက်ပြီး ငိုရှိုက်ခဲ့တာကြောင့်ဘဲ လက်ရှိသတို့သားဟာ အခြေအနေအရ အတော်လေး အောင့်အည်း သည်းခံနေခဲ့ပုံရတာပါ

။ဒီအဖြစ်အပျက်ဗွီဒီယိုဟာ တစ်တော့ပေါ်မှာ အလွန်လူကြည့်များခဲ့ပြီး၊ အချိန်အားဖြင့် (၂၉)စက္ကန့်ကြာမြင့်ပါတယ်။ နိုဝင်ဘာ(၇)ရက်နေ့က စတင်ပေါ်ပေါက်လာတဲ့ အဲဒီဗွီဒီယိုဟာ တစ်ပတ်လောက်အတွင်း ကြည့်ရှုသူ (၃.၅)သန်းလောက်အထိ ရှိခဲ့ပါတယ်နော်။ Like ပေးသူကတော့ (၈) သောင်းလောက်အထိ ရှိခဲ့ပါတယ်။

သတို့သားအနေနဲ့လည်း သူ့ရဲ့သတို့သမီးက ရည်းစားဟောင်းကို ပွေ့ဖက်ပြီးတော့ ငိုယိုခဲ့တဲ့ကိစ္စအတွက် စိတ်မရှည်သလိုဖြစ်နေခဲ့ပုံဟာ လူတစ်ယောက်ရဲ့ အတ္တအတွက်တော့ ဖြူစင်တဲ့လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ရေးသူတွေ ရှိခဲ့တာပ့။ သူ့မျက်နှာဟာ ဟန်ဆောင်လို့မရ ခပ်မာမာဖြစ်နေပေမယ့်လည်း

သူ့ကို အဲဒီအမျိုးသားက ပွေ့ဖက်နှုတ်ဆက်ချိန်မှာတော့ သူ ဝတ္တရားကျေပွန်ခဲ့တာကို တွေ့ရပါတယ်။ရည်းစားဟောင်းဆိုသူ အမျိုးသားကလည်း ဒီပွဲကို သူချီးမြှောက်ရမယ့် ဝတ္တရားရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ လာရောက်ခဲ့ပုံပါနော်။ သူဟာ တခြားအပိုဆာလာ

ပြုမူတာမျိုး မရှိခဲ့ဘဲ၊ သာမန်သူငယ်ချင်းတစ်ယောက်လိုပဲ သတို့သားသတို့သမီးနှစ်ယောက်စလုံးကို ချီးမြှောက်ခဲ့တာကို မြင်တွေ့ရတာပါ။အခုဖြစ်စဉ်မှာ သတို့သမီးရဲ့လုပ်ရပ်ကိုတော့ အပြစ်မြင်နေကြပါတယ်နော်။

သူမဟာ ရည်းစားဟောင်းကို စိတ်မပျက်သေးလို့လား၊ သို့တည်းမဟုတ် နှစ်ယောက်သား မပေါင်းခဲ့ရလို့ ဝမ်းနည်းနေတာလား၊ သို့တည်းမဟုတ် လာစေချင်တစ်ယောက် လာရောက်ချီးမြှင့်ခဲ့တာမို့ စိတ်လှုပ်ရှားပြီး ငိုခဲ့တာလားဆိုတာ သူမတစ်ယောက်တည်းသာ သိနိုင်တဲ့ ခံစားချက်ဖြစ်ပါတယ်နော်။လင်းသုတ

Ref ; Asia One

Add a Comment

Your email address will not be published. Required fields are marked *