တောထဲမှာ တော်လှန်ရေးလုပ်နေတဲ့ မိတ်ကပ်မေဦးနဲ့ သူ့ကို လာမယှဉ်ကြဖို့ပြောလိုက်တဲ့ မိတ်ကပ် မထက်

တောထဲမှာ တော်လှန်ရေးလုပ်နေတဲ့ မိတ်ကပ်မေဦးနဲ့ သူ့ကိုလာမယှဉ်ကြဖို့ပြောလိုက်တဲ့ မိတ်ကပ် မထက်

အနုပညာလောကမှာရော မိတ်ကပ်ပညာလောက မှာပါ အောင်မြင်မှုတွေနဲ့ အခိုင်အမာရပ်တည်နေတဲ့ ပညာရှင်တွေထဲမှာ မိတ်ကပ်မထက်ကလည်းအောင်မြင်ဆုံးသော သူပါ။သူမကတော့ မိတ်ကပ်သင်တန်းကျောင်းလည်း ဖွင့်ပြီး သင်တန်းသားတွေကို မိတ်ကပ်ပညာ သင်ကြားပေးနေသူ တစ်ယောက်ပါ

ယခုအခါ မှာတော့ မထက်က သူမကိုဝေဖန် ပြစ်တင်နေသူတွေ အတွက် သူမရဲ့ခံစားချက် တစ်ချို့ကို အောက်ပါအတိုင်း ပေါက်ကွဲ ရင်ဖွင့် ဖွင့်ချ ရေးသားလာတာပါ။“ငါတို့က အလှူခံစားရမှာလား အလုပ်လုပ်မှ အကုန်နောက်ကလူတွေ အဆင်ပြေမှာလေ အလုပ်အကြောင်းတင်မှ အလုပ်လုပ်ရတာလေ .

.ငါဘာမှ မတင်ဘဲ ဘယ်သူမှ ငါ့ကိုလာအလုပ် မပေးဘူးနော် ငါတို့က သူများအလုပ် ဝင်လုပ်ရတာမှာ မဟုတ်ဘူး၊ ငါတို့ကိုယ်တိုင် အလုပ်ရှာလုပ်ရတာအလုပ်ကိုယ့်ဆီလာဖို့ ဖိတ်ခေါ်နေရတာ ကိုယ်ရှာမှရတာကို ကျန်တဲ့သူတွေကို ဝေရမျှရတာ ဘယ်သူမှ တင်မကျွေးထားဘူး နိုင်ငံရေး မေ့ထားပြီး

ပျော်နေတဲ့သူထဲလည်း ငါတို့မပါဘူး။မြို့ပေါ်နေတာချင်း အတူတူ သူတို့ကဘဲ နိုင်ငံကယ်တင်နေတယ် အချိုးမျိုးနဲ့ ငါတို့အလုပ် လုပ်တဲ့သူ အလုပ်အကြောင်း တင်တဲ့သူကဘဲ နိုင်ငံ့သစ္စာဖောက်လို ပတ်ရမ်းနေပြီးပြောနေတယ်။မိတ်ကပ်ဆရာက မိတ်ကပ်လိမ်းမှငွေဝင်တာလေ ပွဲရာသီ ဒီအချိန်ဘဲ အလုပ်လုပ်ငွေစု ….

ပွဲရာသီကုန်ရင် အကုန်ရှိတာ ထိုင်စားရတာ ထုံးစံလေ အဲ့တာ ရှေးကတည်းက ။မင်္ဂလာဆောင်ကြလို့ လာအပ်လို့လိမ်းတာလေ အလုပ်လုပ်တာလေ အဲ့လို့အလုပ် လာအပ်အောင်လည်း ကိုယ်အလုပ် လုပ်ကြောင်းတင်ရတာလေ…မိတ်ကပ်ဆရာမှာ

မေဦးတောထဲရောက်သွားတယ် လေးစားတယ် ကိုယ်လည်း သူ့လို သတ္တိမရှိဘူး မစွန့်စားရဲဘူး အဲ့တာအမှန်ဘဲ…. မေဦးလို တောထဲသွား မစွန့်လွှတ်ရဲတဲ့ မိတ်ကပ် ဆရာတွေက အလုပ်မလုပ်ဘဲ မေဦးကို အားနာငဲ့ညာ လေးစားသဖြင့် အိမ်မှာထိုင်နေရမှာလား

ငါတို့ ထမင်းရှာစားတဲ့အလုပ်ကို စွန့်လွှတ်ပေးရမှာလား။ငါတို့က company ဝန်ထမ်း မဟုတ်ဘူး တနှစ်ပတ်လုံး အလုပ် မလုပ်ရဘူး work for home လုပ်လို့ မရဘူး တနှစ်မှာ ၄လ ၅လဘဲ ပွဲရာသီချိန် အလုပ်လုပ်ရတာ။အဲ့လတွေကုန်ရင်

မိတ်ကပ်ဆရာတိုင်း အလုပ်မရှိ ငုတ်တုတ်နေရတာ ရှာထားသမျှ ထိုင်သုံးရတာ အားယားပြီး လက်အားတိုင်း ရေးမနေနဲ့ ကိုယ်ကိုတိုင် တောထဲရောက်နေပြီလား၊ ဘာတွေမှာ ပါဝင်နေပြီလဲ ပြန်ကြည့်အုံးတောထဲက သူက ကိုယ်တွေကိုလိုက်မတွက်ကပ်ဘူးေေ မဦးလည်းသူအဆင်ပြေတဲ့

နေရာမှာ သူကျန်းမာစွာ အန္တာရယ်ကင်းစွာရှိနေသေးတာ သူနဲ့နီးစပ်ရာအသိုင်းအဝိုင်းက ကြားသိထားပါတယ်)မြို့ပေါ်နေသူအချင်းချင်း လိုက်ကပ်သပ်ပြောနေတာ ဘယ်လိုအတွေးအခေါ်လည်း စဉ်စားမရဘူး အားနေ မေဦး သနားပါတယ်

မေဦးကို အားမနာဘူးလား ပြောပြောနေကြတာငါတို့ကိုဘဲ မမေးနဲ့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြအုံး ဆိုပြီးတော့ ဝေဖန်နေသူများအား ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုလာခဲ့တာပါ။Credit

Add a Comment

Your email address will not be published. Required fields are marked *