အသက် ၃ နှစ် မှာကတည်းက ပိုက်ဆံရှာနိုင်တဲ့ သားလေး အကြောင်း ကိုပြောပြလာတဲ့ တင်မောင်ဆန်းမင်းဝင်း
Unicode…အသက် ၃ နှစ် ကတည်းက ပိုက်ဆံရှာနိုင်တဲ့ သားလေး အကြောင်း ကိုပြောပြလာတဲ့ တင်မောင်ဆန်းမင်းဝင်း
မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ကို ချစ်ပရိသတ်တွေအားလုံး သိပြီးသား ဖြစ်မယ် ထင်ပါတယ်နော်။တင်မောင်ဆန်းမင်းဝင်း ဟာ
ဇာတ်မင်းသားတစ်ယောက်အနေနဲ့ လုပ်ကိုင်နေပြီး ဗီဒီယို ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်း ကတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့
ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်း မီဒီယာတွေ့ဆုံပွဲ တစ်ခုမှာတော့ တင်မောင်ဆန်းမင်းဝင်းက သူ့သားလေးဟာ အသက် ၃ နှစ်ကတည်းက
ပိုက်ဆံရှာတတ်နေပြီဖြစ်တယ်လို့ ပြောပြလာတာပါ။ သားကအသက်သုံးနှစ်လောက်ကတည်းကသူ့ပိုက်ဆံသူရှာစားနေတာပါ။ သူ့ပိုက်ဆံလည်းကျွန်တော်မစားပါဘူး၊ သူ့အမေပဲစားတာ။သူ့ဦးနှောက်ကကြီးတော့
သူ့ကိုလူကြီးတစ်ယောက်ပြောသလိုမျိုးသေချာရှင်းပြနေရတယ် ။ ရိုးရိုးပြန်ပြောလိုက်ရင် သူလုံးဝစိတ်တိုင်းမကျတာ လို့ ဆိုပါတယ်။ ဆက်လက်ပြီး တင်မောင်ဆန်းမင်းဝင်းဟာ အခုသူက မတ္တရာမှာ ကိုခင်လှိုင်တို့နဲ့
ဇာတ်လမ်းတွဲ ရိုက်နေပါတယ် ကျွန်တော်သူ့ကို မသင်ပေးဘူး ကိုခင်လှိုင်တို့ ထွန်းထွန်းတို့ပဲ သင်ပေးတယ် ကျွန်တော်သင်ပေးလိုက်ရင် ကျွန်တော့ပုံဖြစ်နေမှာဆိုးလို့ပါ
သူ့ကိုသူ့သီးသန့်ပဲဖြစ်စေချင်တယ် လို့ ပြောပြတာပါ။ တင်မောင်ဆန်းမင်းဝင်းရဲ့သားငယ်လေး မင်းရွှေရောင်တင်ကတော့ အသက်ငယ်ငယ်နဲ့ အောင်မြင်နေတာပါနော်။Credit
Add a Comment
Your email address will not be published. Required fields are marked *