နေထိုင်သူတိုင်း လေယာဉ်တစ်စင်းစီ ပိုင်ဆိုင်နိုင်တဲ့အထိ အလွန်ချမ်းသာတဲ့ နေရာတစ်ခု

နေထိုင်သူတိုင်း လေယာဉ်တစ်စင်းစီပိုင်ဆိုင်နိုင်တဲ့အထိ အလွန်ချမ်းသာတဲ့ နေရာတစ်ခု

ကိုယ်‌တွေဆီမှာ ကိုယ်ပိုင်အိမ် ခြံ ကား နဲ့ နေနိုင်တဲ့သူတွေကို ချမ်းသာတယ် လို့ဆိုနိုင်ပေမယ့် အမေရိကန်က နေရာတစ်ခုက တော့ အဲဒီထက်ပိုတယ်လို့ ဆိုနိုင်တာပါ။ဖလော်ရီဒါပြည်နယ် အရှေ့မြောက်ဘက်မှာ ရှိတဲ့ Spruce Creek ဆိုတဲ့ နယ်မြေမှ

ာ ရှိတဲ့လူတိုင်းဟာ အလန်းစားကားတွေသာမက တစ်ယောက်ကို လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်နိုင်တဲ့ အထိချမ်းသာတာပါ။ကမ္ဘာကျော် လေယာဉ်ရပ်ကွက် ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ လူဦးရေ ၅၀၀၀ ဝန်းကျင်ခန့်နေထိုင်ပြီး အိမ်ပေါင်း ၁၃၀၀လုံး နဲ့ လေယာဉ်ဂိုထောင် ၇၀၀ ကျော် ရှိပါတယ်

။အဲဒီနေရာကို ဖြတ်သန်းသွားပါက ကားတွေပါကင်ထိုးထားသလို အစီအရီပါကင်ထိုးထားတဲ့ လေယာဉ်တွေကိုမြင်ရမှာပါ။ အိမ်အများစုမှာ ကားဂိုထောင် မရှိပဲ လေယာဉ်ဂိုထောင်တွေပဲရှိနေတာပါ။အိမ်တွေရဲ့ အလယ်မှာတော့ ပေ၄၀၀၀ ရှည်ပြီး ၁၅၀ပေ ကျယ်တဲ့ လေယာဉ်ပြေးလမ်းမကြီးတစ်ခုကို ထားရှိပါတယ်။

ဒါအပြင် ၁၈ကျင်းပါတဲ့ အဆင့်မြင့် ဂေါက်ကွင်းတစ်ခုလည်း အဲဒီနေရာမှာ ရှိနေပါသေးတယ်။ ၂၄နာရီ ကိုယ်ပိုင်လုံခြုံရေးထားရှိတဲ့ နေရာပါ။လေယာဉ်မောင်းသင်တန်းတွေ ၊ လေယာဉ်အငှားဆိုင်တွေ ၊ လေယာဉ်မောင်းကလပ်တွေရှိတဲ့နေရာဖြစ်ပါတယ်။

လေယာဉ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင်နာမည်ကြီးတဲ့ မင်းသားကြီး John Travolta နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နေရာပါ။ဒီအရပ်ကနေ John Travolta ပြောင်းရွှေ့သွားခဲ့တဲ့အကြောင်းအရင်းကတော့ သူပိုင်ဆိုင်တဲ့ ဘိုးရင်း 707 လေယာဉ်ကြီးမောင်းနှင်တဲ့အခါ အသံအလွန်ကျယ်လောင်ပြီး

ဆူညံမှုကို ဒေသခံတွေက ကွန်ပလိန်းတက်လို့ ဖြစ်ပါတယ်Spruce Creek မှာနေထိုင်သူတွေဟာ အရမ်းစည်းလုံးကြပါတယ်။ သူတို့အများစုဟာ ပရော်ဖက်ရှင်နယ်လေယာဉ်မှူးတွေဖြစ်ပြီး စကားပြောတဲ့အခါ လေကြောင်းနဲ့ဆိုင်တဲ့ ဗန်းစကားတွေနဲ့ ပြောလေ့ရှိပါတယ်။

ကျန်တဲ့သူတွေကတော့ ဆရာဝန်တွေ ၊ ရှေ့နေ့တွေနဲ့ မြေစစ်ဆေးရေးအရာရှိတွေပါ။တူညီတဲ့အချက်ကတော့ သူတို့အားလုံး လေယာဉ်တွေကို အလွန်အမင်းစိတ်ဝင်စားကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာမှာ တကူးတကလာနေကြခြင်းဖြစ်ပါတယ်။ သူတို့မှာ ထုံးစံတစ်ခုရှိပါတယ်။

အဲဒါကတော့ တနင်္ဂနွေနေ့မနက်တိုင်းမှာ သူတို့တွေဟာ စုရုံးလေ့ရှိပြီး အဲဒီနေရာကနေ ဒေသဆိုင်ရာလေဆိပ်ကို ပျံသန်းပြီး မနက်စာ စားလေ့ရှိတာပါ။အစကတော့ ဒီလို လေယာဉ်ချစ်သူတွေနေထိုင်တဲ့နေရာဟာ အနည်းငယ်သာရှိပြီး ယနေ့မှာတော့ အမေရိကန်မှာ ဒီလို နေရာပေါင်း ၆၀၀ခန့်ရှိနေပါပြီ။

ဒီအထဲမှာ Spruce Creek က အကြီးဆုံးလေယာဉ်ချစ်သူတွေနေထိုင်ရာ အရပ်ပါ။အရီဇိုးနား ၊ ကော်လိုရာဒို ၊ ဖလော်ရီဒါ ၊ တက်ဆက်စ် နဲ့ ဝါရှင်တန် ပြည်နယ်တွေမှာ ဒီလိုနေရာတွေရှိတာပါ။အမေရိကန်က စတဲ့လေယာဉ်ချစ်သူ ယဉ်ကျေးမှုဟာ ကနေဒါ ၊ တောင်အမေရိက နဲ့ ကော်စကာရီတာ တို့ကိုပါ ပျံ့နှံ့သွားပြီး အဲဒီက လေယာဉ်ချစ်သူတွေဟာလည်း ဒီလိုမျိုးနေရာတွေ ဖန်တီးလျက်ရှိနေပါတော့တယ်။credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *