ငါးခြောက်ကို အငန်ဓာတ် နည်းပြီးတော့ အရသာရှိရှိ စားသုံးနိုင်အောင် ဖုတ်နည်း

ငါးခြောက်ကို အငန်ဓာတ် နည်းပြီး အရသာရှိရှိ စားသုံးနိုင်အောင် ဖုတ်နည်း

ငါးခြောက် ဖုတ်မယ်ဆိုရင်တော့ အရင်ဆုံး ဆားရည် ထဲ ငါးခြောက်ကို နာရီဝက်လောက် စိမ်ထားပါနော်။ ပြီးမှ ရေ ၃ ထပ် လောက် ဆေးပြီးရင် ဖုတ်လို့ ရပါပြီ။ဆားရည် စိမ်ခြင်းက ငါးခြောက်ရဲ့ အငံဓာတ်ကို နည်းသွားအောင် စုပ်ယူ သလို ငါးခြောက်လှန်းတဲ့အခါ အခုသုံးနေကြတဲ့ ယင်မနားဆေးရဲ

့အန္တရာယ် ကလည်း နည်းသွားပါတယ်နော်။ ရေဇလုံလေး တစ်လုံး ငါးခြောက် ထုမယ့် စဥ့်နှီတုံးနား အသင့် ထားထား ပေးပါ။ငါးခြောက်ကို ကြွပ်ကြွပ် မကြိုက်ပဲ ပျော့ပျော့လေး စားချင်ရင်တော့ ဆီ ထည့်ထားတဲ့ ပန်းကန်လေးလဲ

အဆင်သင့် လုပ်ထား ပါ။ငါးခြောက် ကို စပြီတော့းဖုတ်လို့ မီးအပူနဲ့ တွေ့ရင် ငါးခြောက်သားလေး စပြီးပျော့ ပျောင်းလာ ပါ လိမ့်မယ်နော်။အဲ့ဒီ အချိန် ငါးခြောက် ကို ပြန်ဆယ်ပြီး ဖွဖွလေး အသား ပွလာအောင် ထုပြီးမှ ပြန် ဖုတ်ပါ။ငါးခြောက်က

ကျက်လာပြီးတော့ တူးစ ပြုလာရင် အသင့် ထားထားတဲ့ ရေဇလုံထဲ ထည့်ပြီးတော့ ချက်ချင်း ပြန်ဆယ်ပေးပါ။မီးလေး ခဏ ပြန်ပြပြီး ဖွဖွလေး ထုပါ။ ထုထားတဲ့ ငါးခြောက်ကို ချက်ချင်း အပူဓာတ် မကုန်ခင် ဆီစိမ်ပါနော်။

ဒါဆိုရင်တော့ ငါးခြောက် ပျော့ပျော့ပျောင်းပျောင်း လေး ရပါပြီ။သက်ကြီးရွယ်အို မိဘတွေလဲ အဆင်ပြေပြေ ဝါးလို့ ရပါတယ်နော်။ ကြွပ်တာ ကြိုက်ရင်တော့ ထုလိုက် ဆီစိမ်လိုက် မလုပ်ပဲ ထုထားတဲ့ ငါးခြောက်တွေကို အေးသွားမှ ဆီစိမ်ပါ။ဒါဆိုရင် တော့ ငါးခြောက် ကြွပ်ကြွပ် လေး ရ ပါပြီ။Credit

Add a Comment

Your email address will not be published. Required fields are marked *