ဆွမ်းဘုန်းပေးခါနီး အုန်းမောင်း ခေါက်တာ ဘာကြောင့်လဲ အများစု မသိသေးတဲ့ ဗဟုသုတလေးမို့ ရှယ်ပေးပါ

ဆွမ်းဘုန်းပေးခါနီး အုန်းမောင်း ခေါက်တာ ဘာကြောင့်လဲ…အများစု မသိသေးတဲ့ ဗဟုသုတလေးမို့ ရှယ်ပေးပါ

ဂျပန်ခေတ်က ဖြစ်သည် စစ်ကိုင်း တောင်ရိုး မင်္ဂလာ စေတီချောင်သို့ဂျပန် အရာရှိတစ်ဦးနှင့် စကားပြန် တစ်ဦး ရောက်လာ၏ ဆွမ်းစားချိန်ဖြစ် သောကြောင့်ဘဲ ကြေးမောင်း ထိုးတုံး ခေါက်ရာမှ ဂျပန်အရာရှိက ဘာလုပ် တာလဲ ဟုမေး၏ စကားပြန်က

ဆွမ်းစားမှာမို့ ကြေးမောင်း ထိုးတုံးခေါက်ခြင်း ဖြစ်ကြောင်း ရှင်းပြတာပါ။ ဂျပန် အရာရှိကြီးက”ဒီဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား

မသိဘူး” ဟု မှတ်ချက်ပြုသတဲ။ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာ ဆရာတော်ကြီးက ” ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီး စားတာဟာ ကြွားချင်လို့ မဟုတ်ဘူး။ ဒီအနီးအနားမှာ

ဘုရားဖူး ခရီးသွားသံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ် ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာ ဖြစ်တဲ့အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော

ဆွမ်ဒါယိကာ ဆွမ်းဒါယိကာမများ အနေဖြင့်မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာဖြစ်တဲ့အတွက် အလှူရှင်များအနေဖြင့်ကောင်းမှုကုသိုလ် အစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဘို့ဖြစ်တယ်

ဒကာ” ဟုရှင်းပြတာပါ။ဆရာတော်ကြီး ရှင်းပြတာကို နားထောင်ပြီး ဂျပန်အရာရှိကြီးက နားလည်သဘောကျသည့်အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်။ ပေးလိုသည့်

မှတ်ချက်မှာ ခရီးသွားဆရာတော်သံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန် ရောက်လျှင် စားသောက်ဆိုင်များဝင်ပြီး အကုန်အကျခံ ဘုဉ်းပေးတော်မမူကြပါနှင့်သိသိ မသိသိ ဆွမ်းစားချိန်

ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာဝင်ရောက် ဘုဉ်းပေးတော်မူကြပါ ၎င်းကြေးမောင်းသံတုံးခေါက်သံတို့သည် အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင်ဖြစ်ပါပေသည်။Credit

Add a Comment

Your email address will not be published. Required fields are marked *