သရုပ်ဆောင် မော်ဒယ် သန္တာလှိုင် ဖမ်ဆီး ခံလိုက်ရပြီ

သရုပ်ဆောင် မော်ဒယ် သန္တာလှိုင် ရန်ကုန် လေဆိပ်ကနေ ဘန်ကောက် လေယာဉ်ပေါ် အတက်မှာ တားဆီးခံရ

သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့ မိသားစုဝင် အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန် လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောတ်မြို့ ကို ထွက်ခွာမဲ့ မြန်မာ့ အမျိုးသားလေကြောင်းလို

င်းMAI နဲ့ လိုက်ပါဖို့ကို ရန်ကုန်လေဆိပ် ရောက်လာခဲ့ပြီးတော့ လေယာဉ်ပေါ် အတက်မှာ သရုပ်ဆောင် သန္တာလှိုင် တက်ခွင့် မရဘဲ တားဆီး ခံလိုက်ရတယ် လို့ အဲ့ဒီခရီးစဉ်နဲ့ လိုက်ပါခဲ့ သူတစ်ဦးက ပြောတာပါ။သူ့ကို လေဆိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို

စစ်မေးဖို့ခေါ်သွားခဲ့ပြီးနောက်မှာ အခုလို တားဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်နော်။သရုပ်ဆောင် သန္တာလှိုင်ရဲ့ခင်ပွန်းဖြစ်သူက စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ခဲ့ပေမယ့်လည်း သရုပ်ဆောင် သန္တာလှိုင် လေယာဉ်ပေါ်တက်ခွင့်မရခဲ့တဲ့အတွက်

ခင်ပွန်းဖြစ်သူလည်း လေယာဉ်ပေါ်မတက်ဘဲ လှည့်ပြန်သွားကြောင်း သူတို့ကို ဖမ်းဆီးခြင်းရှိမရှိကို တော့အတည်မပြုနိုင်ကြောင်းလည်း သူကပြောတာပါ။ရန်ကုန်ကနေ ဘန်ကောက်ကို ဒီကနေ့ လေယာဉ်တစ်စီးတည်းသာထွက်ပြီး လေဆိပ်ထဲမှာလည်း

အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေ အများအပြားတွေ့ရတယ်လို့ ဘန်ကောက်ကိုသွားမယ့် ခရီးသည်တွေက ပြောတာပ့။ရန်ကုန်ကနေ ဘန်ကောက်ကို သွားရောက်မယ့်သူတွေဟာ

ဗီဇာနဲ့ ကျန်းမာရေးအာမခံတွေ အပြင် Thailand Pass ဆိုတာကိုလည်း ထပ်မံလျှောက်ရပြီး ရာဇဝတ်မှုကင်းရှင်းကြောင်းကို လည်းဖြည့်စွက်ရတာတွေရှိကြောင်း လည်း သူတို့ကပြောပါတယ်။စစ်ကောင်စီက အနုပညာရှင်အချို့

ကို ၅၀၅ က အရေးယူမယ်လို့ ထုတ်ပြန်ထားခဲ့သလို အချို့ကိုလည်း ပြန်ပြီးပယ်ဖျက်ပေးခဲ့တာရှိပါတယ်နောါ၊လေဆိပ်ရဲက သရုပ်ဆောင်မော်ဒယ် သန္တာလှိုင်ကို စစ်ဆေးစရာရှိတယ်လို

့ဆိုပြီးခေါ်သွားပြီးနောက် လေယာဉ် လက်မှက်ကို လာပြီးဖျက်သိမ်းခဲ့တယ်လို့ အဲ့ဒီခရီးစဉ်မှာလိုက်ပါလာခဲ့သူတွေကပြောတာပါ။Credit

Add a Comment

Your email address will not be published. Required fields are marked *