အဆိုတော် စိုင်းထီးဆိုင် သီချင်းတချို့ရဲ့ နောက်ကွယ်က လူမသိသေးတဲ့ နိုင်ငံရေး အဓိပ္ပာယ်များ

အဆိုတော် စိုင်းထီးဆိုင် သီချင်းတချို့ရဲ့ နောက်ကွယ်က လူမသိသေးတဲ့ နိုင်ငံရေး အဓိပ္ပာယ်များ

အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ သီချင်းတချို့ရဲ့ နောက်ကွယ်က လူမသိသေးတဲ့ အဓိပ္ပာယ်များကို ဖန်တရာတေအောင် နားထောင်ခဲ့ဖူးတဲ့ တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေ မဟုတ်ဘူး။

တိုင်းရေးပြည်ရေး.. အကြပ်အတည်းတွေ ကြားထဲမှာ.. လူထုရဲ့ ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့ သီချင်းလေးတွေ ပါ။ မနေ့ကမှ ဂရုတစ်ခုမှာ အစ်ကို တစ်ယောက် ပြောပြလို့ သိရတာ.. ဆရာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့တဲ့

ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာ… တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့… ဆိုခဲ့တဲ့ သီချင်းလေးပါတဲ့ သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက…

မြစ်ဟိုဘက်ကမ်း.. ဒီဘက်ကမ်းမှာ တပ်စွဲထားတဲ့မြန်မာစစ်တပ်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့နော်။ ရှိသေးတယ်..ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး.. ဆိုတာ.

ခေါင်မလုံရင် စိုမှာပဲ… အစိုးရမကောင်းရင်.. ကိုယ် ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ ရွဲ့ဆိုခဲ့တာပါ။ ဟိုးဘက်ခေတ်က မြန်မာနိုင်ငံ အနှံ့အပြားကို မီးပေးတာက လောပိတ ရေအားလျှပ်စစ် စက်ရုံကြီးပေါ့။ လောပိတ ရေတံခွန်ကြီး ရှိနေတဲ့

ကယားပြည်နယ်လေးကတော့ မှောင်လို့ မဲလို့ပေါ့လေ။ အဲ့ဒီ့မှာ… ရန်ကုန်မှာ သာတဲ့လ… ဆိုတဲ့ သီချင်းလေး ဖြစ်လာရတာပါပဲ.သိပ်ပြီးတော့ ပညာသားပါတဲ့ သီချင်းလေး ရှိသေးတယ်။ ကျနော်တို့ သိထားတဲ့… ဘီးနံပါတ်… OK 0122L ဆိုတဲ့

အပေါင်ဆုံး စက်ဘီးလေးအကြောင်းလေ… မင်းသခင်မလေး ခမြာလေ..သိပ်ကိုစွဲလမ်းရှာနေ.. ပြန်ရွေးလို့ ရခဲ့ရင် ပြန်ရွေးလို့ ပေးလိုက်ချင်တယ်တဲ့နော်။ ဘီးနံပါတ်..OK 0122Lဆိုတာ… ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့

ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်တာပါ။ လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ။ OK.. သဘောတူညီချက် စာချုပ် 0..(သုည) ဆုံးရှုံးတာ.. မရလိုက်တာ..

12.. နေ့စွဲ 2…. လ L…Law. ဥပဒေကို ရည်ညွှန်းပါသတဲ့..ဒီအဓိပ္ပာယ်လေးကို သိမှ ဒီသီချင်းလေး ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်.. ဂီတ..အနုပညာဆိုတာ ဒါပါလား…

ဒီသီချင်းတွေ ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု.. ဖန်တီးနိုင်မှုဟာ လေးစားစရာ။သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲ ကိုယ့်ဥာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး…Credit

Add a Comment

Your email address will not be published. Required fields are marked *