ဆိုင်ရှင် ဒဏ်ရိုက်တာ ကိုခံပြီး ကိုယ်လက်မသန်စွမ်းတဲ့ ကောင်လေးကို ခေါက်ဆွဲ ခွံ့ကျွေးခဲ့တဲ့ စာပွဲထိုးလေး

ဆိုင်ရှင် ဒဏ်ရိုက်တာ ကိုခံပြီး ကိုယ်လက် မသန်စွမ်းတဲ့ ကောင်လေးကို ခေါက်ဆွဲ ခွံ့ကျွေးခဲ့တဲ့ စာပွဲထိုးလေး

မလေးရှား လမ်းဘေးစားသောက်ဆိုင် တစ်ဆိုင်ကို ခေါက်ဆွဲ လာစားတဲ့ ကိုယ်လက် မသန်စွမ်းတဲ့ ကောင်လေးကို ဆိုင်မှာအလုပ် လုပ်တဲ့ စားပွဲထိုး ကောင်လေးဟာ အစာခွံ့ကျွေး ပြီးနောက်မှာတော့ ဒီပုံရိပ်လေးဟာ

အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပြီးအင်တာနက် သူစွဲသူတွေကို ကြည်နူးမှု ဖြစ်ပေါ်စေခဲ့တာပါ။ ဒီသတင်းဟာ အလျင်အမြန်ပဲ လူ မှုကွန်ယက်မှာ ပြန့်နှံခဲ့ပြီး ထိမိတဲ့ ဒီပုံရိပ်လေးကို Facebook မှာ မျှဝေသူ အများအပြား ရရှိခဲ့ပါတယ်နော်။ Andy Lau ဆိုတဲ့ လူတစ်ဦးက အဆိုပါဆိုင်မှာ လာစားရင် ထိုမြင်ကွင်းကို

သဘောကျလို့ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ မျှဝေပေးခဲ့တာပါ။သူ့ရဲ့ အဆိုအရ ထိုလမ်းဘေး ခေါ က်ဆွဲ ဆိုင်လေးဟာ မလေးရှားနိုင်ငံ Johor Bahru မှာရှိတဲ့ လမ်းဘေးဆိုင် လေးတစ်ဆိုင်ပဲဖြစ်ပါတယ်နော်။ ပထမပိုင်းမှာ စားပွဲထို

း ကောင်လေးက ကိုယ်လက် မသန်စွမ်းတဲ့ ကောင်လေးရှေ့ ခေါက်ဆွဲပန်ကန် လာချပေးခဲ့တာပါ။ ပြီးတဲ့အခါ သူစားနေတာကြည့်ပြီး လက်တွေက မသန်တဲ့အတွက် ဇွန်းကိုင်ပြီးစားရတာ အဆင်မပြေတာကြောင့် ကိုယ်တိုင်ပဲ ခွံ့ကျွေးပေး ခဲ့တာပါ။စားပွဲထိုး အလုပ်သမား လေးဟာ ရွေ့ပြောင်းအလုပ်

သမားတစ်ဦး ဖြစ်ပြီးဆိုင်ရှင်အနေနဲ့ အခြား စားသုံးသူတွေ အပေါ် အချိန်မပေးဘဲ ဒီတစ်ယောက် ထဲပေါ်မှာပဲ အချိန်ကုန်နေတာ မဟုတ်ဘူးလို့ ဆိုပေမဲ့ သူ့အနေနဲ့ ဒီလုပ်ရပ်အပေါ် ရပ်တန့်ခြင်း မရှိခဲ့ပါဘူး။ ဆိုင်ရှင်က ဒဏ်ရိုက်မှာ သိနေပေမဲ့

သူရဲ့ ကြင်နာတတ် တဲ့စိတ်ကိုတော့ ဖျောက်ဖြတ်ပစ်ပုံ မပေါ်ပါဘူး။ ဒီအဖြစ်အပျက်ကို အစအဆုံးမြင်တဲ့ Andy ဟာ လူတွေရဲ့စိတ်ဓာတ် မွန်မြတ်ခြင်း မမွန်မြတ်ခြင်းက အပေါ် ယံ အဝတ်အစား၊ အသားအရောင်နဲ့ မဆိုင်ပါဘူး

သူတို့ရဲ့ အတွင်းစိတ်နဲ့ပဲ ဆိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်နော်။ ဒါ့အပြင်ဒီလို စိတ်ထားမြင့်မြတ် ပြီး အကြင်နာတရားရှိတဲ့ ရွေ့ပြောင်း အလုပ်သ မားလေးရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့တွေ ဥပ မာ ယူဖို့ လိုအပ်တယ်လို့လည်း ဆိုခဲ့ပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *