၁-Nail art သင်တန်း
၃-ရပ်ကွက်နားကဈေး
၎- အိမ်နားက လူစည်တဲ့ စတိုးဆိုင်
၎- ချောင်းလေးနည်းနည်းဆိုးခြင်း
Unicode…ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ မိန်းကလေးတစ်ယောက်က ပြောတဲ့ သူမ တွေ့ကြုံရတဲ့ ခံစားချက်များ
ကိုဗစ်ပိုးကူးစက်ခံရတဲ့ မိန်းကလေး တစ်ဦးဟာ သူမ ခံစားရတေကို ခုလိုဘဲ ပြောလာခဲ့တာပါ။ ကျမ မအိအိကို(ခ) မအိမ့်မူး ဟာ ၃ရက်နေ့မနက် ၈နာရီတွင် Covid 19 Positive အတည်ပြုကြေငြာခံလိုက်ရတာပါ။
ကျမက ခုလို ဝန်ခံလိုက်လို့ ကျမရောဂါသက်သာလာပြီး ကျမကို ဘယ်သူမျှ အဖက်မလုပ်ချင်လဲ ရပါတယ်နော်။ ကျမ တခြားအလုပ်တွေ လုပ်စားမရလဲ ကိစ္စမရှိပါဘူး။
ကျမဟာ မြန်မာနိုင်ငံသူတယောက်ဖြစ်တာမို့ မြန်မာပြည်မှာဆွဲခေါ်တာထက်တွန်းချတာတွေ အများအပြား ကျမ သိထားပါတယ်နော်။ကျမအနေနဲ့ တခြားလူတွေ ကျမလို မဖြစ်စေဖို့နဲ့ ဖြစ်လာခဲ့ရင်လဲ ကြောက်စရာမလိုဘဲ
ရင်ဆ်ုင်နိုင်အောင် ကျမပြောပြချင်ပါတယ်။ ကျမသည် ၈လပိုင်း ထဲမှာ သွားလာခဲ့တာတွေက
၁-Nail art သင်တန်း
၂- သူငယ်ချင်းတယောက်ရဲ့မွေးနေ့
၃-ရပ်ကွက်နားကဈေး
၄- အိမ်နားက လူစည်တဲ့ စတိုးဆိုင်
၅- ကျမသိပ်ချစ်တဲ့လူပေါင်းစုံနဲ့ထိတွေ့ရတဲ့ ကျမ ရဲ့ အလုပ် အလှပြင်ဆိုင်ပေါ့
ပြောချင်တာကတော့ ဒီ အချက်တွေထဲမှာ ကျမရောဂါကူးစက်ရခြင်း တရားခံက ဒီ၅ချက်ထဲကပါပဲ ရောဂါက ပျံ့နှံ့နေလို့ မည်သူ့ဆီကပါလို့ အတတ်မသိရပါဘူး။လူပေါင်းစုံ အလွှာပေါင်းစုံ ကူးစက်နေတဲ့ ရောဂါဟာ
ရန်ကုန် (လိုင်းကားပေါ်ကအစ ကုမ္မဏီ သူဌေး ခရိုနီတွေ ကအဆုံး ကူးစက်ပျံ့နံ့နေတာမို့ ငါ့ဆီမှာတော့ မရှိလောက်ဘူးမထငိကြပါနဲ့)နောက်တခုကတော့ ကိုယ်ဖျားနာ နေမကောင်း ဖြစ်လာတာပဲဖြစ်ဖြစ်
မဖြစ်တာပဲဖြစ်ဖြစ် လူနာနဲ့ထိတွေ့ထားရင် အစစ်ခံဖို့မကြောကိကြပါနဲ့နော်။ ဖြစ်သွားခဲ့ရင်လဲ ပိုက်ဆံတပြားမှ မကုန်ပဲ ပျောက်ကင်းအောင် နိုင်ငံတော်အကြီးအကဲ များမှ စီစဉ်ပေးထားတာမို့ ဆရာဝန်ဆရာမ
သုနာပြုများကလည်း အထူးဂရုစိုက် ကုသပေးနေတာပါ။(ရောဂါ လက္ခဏာနဲ့ပါတ်သတ်တဲ့အချက်များ)ကူးစက်ခံရပီးကိုယ်ခံအားနည်းလျှင် ၅ရက်အတွင်း ရောဂါလက္ခဏာပြတတ်ပါတယ်။
၁ -ခေါင်းအုံခေါင်းကိုက်
၂-အဖျားငွေ့ငွေ့လေး ဖျားခြင်း
၃- အနံ့အသက်မရတော့ခြင်း
၄- ချောင်းလေးနည်းနည်းဆိုးခြင်း
၅- လည်ပင်းနည်းနည်းနာခြင်း
စသည့်လက္ခဏာ များဖြစ်တတ်တာပါ။ တယောက်နဲ့တယောက်ဖြစ်တာတော့ မတူညီကြပါဘူး။ကျမကတော ရောဂါပိုးတွေ့ရှိပီးတော့ ဖောင်ကြီးဆေးရုံရောက်ရှိလာမှ ချောင်းဆိုးခြင်းဖြစ်သည်တချို့မှာ လက္ခဏာ လုံးဝမပြပါဘူး။
ပိုးတွေ့လူနာထိတွေ့မှူနဲစစ်ဆေးရာ မှာ ပိုးတွေရှိနေခြင်းဖြစ်တာပါ။ဖောင်ကြီးဆေးရုံရောက်ရှိလာသူအများအပြားထဲမှာတယောက်နဲ့တယောက်ဖြစ်ပုံ မတူညီကြပါဘူး။ အဲ့တာကြောင့် မိမိ ပါတ်ဝန်းကျင် အားနည်းသူတွေကို မိမိကြောင့် ရောဂါမကူးပါစေနှင့်။
ထိတွေ့မှူရှိထားလျှင် Q ဝင်ပီးစစ်ဆေးကြပါလို့တိုက်တွန်းပါတယ်နော်။ ကျမနဲ့အဲ့၅ချက်ထဲထိတွေ့ခဲ့သူများကိုလဲ ကျမကတောင်းပန်ပါတယ်နော်။ဘာ့အတွကိကြောင့်လဲ ဆိုတော့သူတို့ဆီကကူးတာလား ဆိုတာ မည်သူမည်ဝါဆိုတာကျမကိုယ်တိုင်အတိကြမသိခြင်းကြောငိ့
Home Q လေးနေပီး တခုခုဆို(fever Clinic). ကိုဖုန်း ဆက်ပီး အစစ်ခံကြပါရန် တိုက်တွန်းလိုက်ပါတယ်နော်။အခုတော့ ကျမတို့ဟာ ဖောင်ကြီး မှာ ပျော်ရွှင်ကျန်းမာပီး အေးအေးချမ်းချမ်းနေရပါတယ်နော်။ ထမင်းစားချိန်အရံသင့် ဖျားနာလျှင် ဆေးအရံသင့် ရေချိုးခန်း
အိမ်သာ အားလုံးက သန့်ပြန့်နေတာပါ။ နေရထိုင်ရတာ လုံခြုံပါတယ်နော်။တယောက်တခန်းစီ သပ်သပ်ခပ်ခပ်လေးထားပါတယ်။ အခန်းထဲမှာရေမွေးအကောင်းစားဘူး တဘက် အသစ် စောင်ကသစ် ခေါင်းအုံးအသစ်
အားလုံးသန့်ပြန့်နေလို့ စိတ်တိုင်းကျတယ်။ ပျော်ရွှင်နေတယ် ကဲ သူငယ်ချငိးတို့ အိမ့်မူးရဲ့ညီကိုမောင်နှမတွေရောဂါ ကင်းစင်မှ ကိုယ်သိပ်ချစ်ရတဲ့သူတွေကို
Safe ဖြစ်အောင် ကိုကိုယ်ကိုSafeဖြစ်မှ ဆုံကြမယ်နော်။Bye. I love you all ဆိုပြီးတော့ သူမလအတွေ့ကြု့ကို ပြောလာတာပါ။ဗဟုသုတရစေဖို့ မျှဝေလိုက်ပါတယ်နော်။Source: Eaim hmue
Add a Comment
Your email address will not be published. Required fields are marked *