ဥက္ကာခဲရောင်းပြီး သူဌေးဖြစ်သွားတယ်ဆိုတဲ့ အမျိုးသားက မိမိမှာ နာမည်ကြီးထမင်းငတ် ဖြစ်ခဲ့ရဟုဆို

ဥက္ကာခဲရောင်းပြီး သူဌေးဖြစ်သွားတယ်ဆိုတဲ့ အမျိုးသားက မိမိမှာ နာမည်ကြီးထမင်းငတ် ဖြစ်ခဲ့ရဟုဆို

လောက လူမှုကွန်ရက်ပေါ်မှာ အများအားကျဖွယ် သတင်းတစ်ခု တက်လာခဲတာပါ။ အဲဒါကတော့ အင်ဒိုအမျိုးသားတစ်ယောက်ဟာ သူ့အိမ်ကို လာမှန်တဲ့ ဥက္ကာခဲကို ပြန်လည်ရောင်းချခဲ့လို့ ညတွင်းချင်း သန်းကြွယ်သူဌေး ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းပါ။

တကယ် အဖြစ်အမှန်ကတော့ သူဟာ သက်သက် အလိမ်ခံခဲ့ရတာလို့ ဆိုပါတယ်နော်။သူ့အမည်ကတော့ Josua Hutagalung ဖြစ်ပါတယ်။ အသက်(၃၃နှစ် အိမ်ထောင်သည်ဖြစ်ပြီး၊ ဥက္ကာခဲကို လိမ်ညာဈေးနှိမ်ပြီး

ဝယ်ယူသွားသူကတော့ အမေရိကန်နိုင်ငံသား ဥက္ကာခဲတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ Jared Collins ပါ။ သူဟာ ဘာလီမှာနေတဲ့အတွက်၊ မသိနားမလည်တဲ့ Josua ကို လိုသလို ဂျင်းထည့်နိုင်ခဲ့တာပါနော်။ Josua က သူဟာ အများထင်သလို သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်မလာဘဲ ဥက္ကာခဲကို

ဝယ်သွားတဲ့လူက သူ့ကို ဒေါ်လာ (၁၄၀၀၀)သာ ပေးခဲ့ကြောင်း ဆိုပါတယ်နော်။ ဒီငွေပမာဏဟာ လက်တလော အခက်အခဲတွေ ပြေလည်ရုံသာဖြစ်ပြီး သန်းကြွယ်သူဌေးတစ်ယောက် မဖြစ်စေနိုင်ပါဘူး။ သူဟာ အများထင်သလို သူဌေးမဖြစ်ဘဲ

နာမည်ကြီး ထမင်းငတ်သာ ဖြစ်ခဲ့ရပါသတဲ့။ဥက္ကာခဲကို ဝယ်ယူသွားတဲ့ Jared က ၎င်းဥက္ကာခဲကို တစ်ဆင့် ပြန်လည်ရောင်းချခဲ့ရာ ဒေါ်လာ (၁.၈၅)သန်းအထိ ရရှိခဲ့တာကြောင့် သူက အချောင်နေရင်း သန်းကြွယ်သူဌေးဖြစ်သွားခဲ့တာလို့ ကာယကံရှင်

Josua က ဖွင့်ဟခဲ့တာပါ။Josua က သာမန်လက်လုပ်လက်စားတစ်ယောက်ဖြစ်ပြီး အသုဘအခေါင်းရိုက်ရင်း ဘဝကို ရပ်တည်နေရသူပါနော်။Jared ဟာ အဆိုပါ ဥက္ကာခဲကို Indianapolis မှာ နေထိုင်တဲ့

ကျွမ်းကျင်ပညာရှင် Jay Piatek ထံရောင်းချခဲတာပါ။ အဲဒီဥက္ကာခဲကိုပဲ နိုက်ထရိုဂျင်အရည်နဲ့ စိမ်ပြီး Center for Meteorite Studies at Arizona State University ကို ပို့ဆောင်ထားပါတယ်။ ဥက္ကာခဲရဲ့သက်တမ်းဟာ နှစ်ပေါင်း (၄.၅)သန်းလောက် ရှိနေပြီလို့ ယူဆရပါတယ်။

အဲဒီဥက္ကာခဲဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Josua ရဲ့အိမ်ခေါင်မိုးကို ညကြီးသန်းခေါင် လာမှန်ပြီး မြေပြင်အနက် (၁)ပေလောက်ထိ စူးစိုက်ဝင်သွားခဲ့တာပါနော်။ တကယ့်ကာလတန်ဖိုးမှာ ဒေါ်လာ (၂)သန်းလောက်အထိ ရှိတယ်လို့လည်း

ပညာရှင် Jay က ပြောပါတယ်။ ပထမဝယ်သူ ရောင်းသူကြားမှာ ဖြစ်ခဲ့တဲ့ပြဿနာကိုတော့ သူ ဘာမှ မပြောလိုပေမယ့်၊ သူ့အနေနဲ့ဆိုရင် ရိုးရိုးသားသား ထိုက်သင့်သလောက် ပေးမှာလို့ ပြောပါတယ်။အခု ပေးသွားတဲ့ ငွေပမာဏဟာ အလွန်ကို

နည်းပါးနေပြီး၊ Josua အနေနဲ့ ဒီပမာဏကိုသာ အပြည့်အဝ ရခဲ့ရင် နှစ်ပေါင်း(၃၀)လောက် ဘာမှမလုပ်ရဘဲ ကောင်းကောင်းနေ ကောင်းကောင်းစားခွင့် ရမှာလို့ သတင်းတွေက ဖော်ပြနေတာပါ။ Jared ကတော့ သတင်းတွေရဲ့ဆက်သွယ်မေးမြန်းမှုကို ရှောင်တိမ်းနေပြီး၊ ရထားတဲ့ပိုက်ဆံတွေနဲ့ နှပ်နေလောက်ပါပြီ။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *