ကိုဗစ် ကာကွယ်ဆေးထိုးရင်း ဒေါ်လာတစ်သန်းကံထူးခဲ့တဲ့ သြဇီ-တရုတ် ကျောင်းသူလေး

ကိုဗစ်ကာကွယ်ဆေးထိုးရင်း ဒေါ်လာတစ်သန်းကံထူးခဲ့တဲ့ သြဇီ-တရုတ် ကျောင်းသူလေး

သြစတေးလျအစိုးရက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အရှိန်မြင့်တင်နိုင်ရေးအတွက် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ရာ၊ အခုဆိုရင် ကာကွယ်ဆေးထိုးသူတွေ ထင်မှတ်မထားလောက်အောင် များနေတယ်လို့ သိရတာပါ။

အစီအစဉ်မှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးသူတွေကို ဆုမဲစနစ်နဲ့ ကံစမ်းနိုင်စေဖို့ပါ။ဆုငွေကတော့ ဒေါ်လာတစ်သန်းဖြစ်ပြီး၊ စာရင်းအသစ်သွင်းသူတွေထဲက တစ်ယောက်ပဲ ကံထူးခဲ့တာပါ။ အခုအခါမှာတော့ သြစတေးလျရောက် တရုတ်ကျောင်းသူ

တစ်ယောက်ဟာ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးရင်း ကံစမ်းခဲ့ရာ ဒေါ်လာတစ်သန်းအထိ ကံထူးခဲ့တာပါ။ ကံထူးသူကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကြေညာခဲ့ရာ၊ သူမက ထိုက်တန်စွာ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။အဆိုပါ အမျိုးသမီးရဲ့အမည်ကတော့

Joanne Zhu ဖြစ်ပါတယ်နော်။ ဒီဆုကိုချီးမြှင့်ဖို့ ကမကထပြုခဲ့ကြသူတွေကတော့ ကျန်းမာရေးပရဟိတအဖွဲ့တွေနဲ့ ကုမ္ပဏီတွေဖြစ်ပြီး၊ ကျောင်းသူလေးရဲ့အမည်ကတော့ Joanne Zhu ဖြစ်ပါတယ်။ အခုဆေးထိုးတဲ့အစီအစဉ်အမည်ကတော့  The Million Dollar Vax Alliance လို့ သိရပါတယ်နော်။

၎င်းတို့ရဲ့ကြေညာချက်အရ ကံစမ်းမဲအစီအစဉ်ကြောင့် လူပေါင်း (၃)သန်းနီးပါး စာရင်းပေးသွင်းခဲ့ကြတယ်လို့ သိရပါတယ်။ Zhu ဟာ အသက်(၂၅)စ်ဖြစ်ပါတယ်။ သူမကို သက်ဆိုင်ရာက ထီဆုကြီးကံထူးကြောင်း ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

သူမက ” ကျွန်မက အလုပ်မှာမို့ ပထမ သူတို့ဖုန်းခေါ်တာကို-ကျွန်မ လွတ်သွားတယ် … နောက် ကျွန်မက ပြန်ခေါ်ကြည့်တော့ သူတို့ဘက်က ပြောတယ် … မင်း သူဌေးဖြစ်ပြီတဲ့ … ဒီဆုဟာ သြစတေးလျမှာ တစ်ယောက်ပဲ ရရှိတာပါတဲ့ … “

လို့ သူမက ပြောပါတယ်။ သူမက တရုတ်ကနေ ကျောင်းလာတတ်နေသူဖြစ်ခြင်းကြောင့် ” နယ်စပ်ဖြတ်ကျော်ခွင့်တွေသာ ပြန်ဖွင့်ရင် … အခုဆို-တရုတ်က မိဘနှစ်ပါးကို ပထမတန်းစားလေယာဉ်နဲ့ ဒီကို ခေါ်ချင်တယ် … နောက် တရုတ်နှစ်ကူးလက်ဆောင်အဖြစ် ကြယ်ငါးပွင့်ဟော်တယ်မှာ တည်းခိုစေချင်တယ်… “

လို့ ပြောပါတယ်။ သူမက ဆက်လက်ပြီး ” သူတို့ကို အဖိုးတန်လက်ဆောင်တွေ ဝယ်ပေးမယ် ။ ကျန်ရှိတဲ့ငွေကိုတော့ အနာဂတ်မှာ ငွေလုံးငွေရင်းရစေဖို့ ရင်းနီးမြှုပ်နှံမှုတစ်ခုလုပ်မယ် … လိုအပ်တဲ့လူတွေကိုလည်း လှူချင်တန်းချင်တယ် “လို့ ပြောပါသေးတာပါ။

The Million Dollar Vax Alliance ရဲ့အခြားအစီအစဉ်မှာ ဒေါ်လာ(၁၀၀၀)ဆုထည့်ထားတဲ့ လက်ဆောင်အိတ် (၁၀၀)လည်း ပါဝင်ခဲ့ပါတယ်။အဲဒီစာအိတ်(၁၀၀)ကို ကံထူးသူတွေထံကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက

ဖုန်းဆက်အကြောင်းကြားပြီးတော့ ပေးအပ်ချီြးုမှင့်ခဲ့တယ်လို့ သိရပါတယ်နော်။ အခုလို ထူးခြားတဲ့အစီအစဉ်ကြောင့် သြစတေးလျနိုင်ငံသား (၈၀)%အထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးသွားပြီလို့ သိရပါတယ်နော်။လင်းသုတ

Ref ; Lad Bible

Tags:

Add a Comment

Your email address will not be published. Required fields are marked *