ဘရူနိုဦးဆောင်နေတဲ့လက်ရှိရာသီရဲ့အကောင်းဆုံးခေါ်ယူမှုများ

ကစားသမားခေါ်ယူတဲ့နေရာမှာ မှန်ကန်မှုရှိဖို့ လိုအပ်ပါတယ်။ ကစားသမားတွေဟာ အရည်အသွေးရှိတဲ့မှန်ပေမယ့် အကြောင်းအမျိုးမျိုးကြာင့် အသင်းသစ်မှာ ခြေစွမ်းမပြနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။မော်ဒန်ဘောလုံးလောကမှာတော့ ငွေကြေးအများအပြား သုံးစွဲကြတဲ့အတွက် ကစားသမားဝယ်ယူမှု အမှားတွေ မကြာခဏဆိုသလိုတွေ့မြင်နေရပါတယ်။ဒါပေမယ့်လည်း လက်ရှိရာသီမှာတော့ အသင်းသစ်မှာ ခြေစွမ်းပြနေကြတဲ့ ကစားသမားတွေ များစွာရှိနေပါတယ်။ဒါကြောင့် လက်ရှိရာသီရဲ့

အကောင်းဆုံးကစားသမားခေါ်ယူမှု ၁၀ခုကို ဖော်ပြပေးလိုက်ပါတယ်။-၁၀။အာရွန် ဝမ်ဘစ်ဆာကာ(မန်ချက်စတာယူနိုက်တက်)။ ။ပေါင်၄၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝမ်ဘစ်ဆာကာဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်နေပါတယ်။ တစ်ဦးချင်း ဖြတ်ထုတ်မှုမှာတော့

ဘစ်ဆာကာကို ယှဉ်နိုင်တဲ့သူ မရှိပါဘူး။၂၂နှစ်အရွယ် ဘစ်ဆာကာဟာ တိုက်စစ်ပိုင်းလိုက်ပါမှုလည်း တိုးတက်မှုရှိလာပြီး၊ ပြီးပြည့်စုံတဲ့ ညာအစွန်ခံစစ်ကစားသမားဖြစ်လာဖို့ နီးစပ်နေပါပြီ။မကြာခင်မှာတော့ ဘစ်ဆာကာဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ ခေါ်ယူမှုကို ခံရမှာ သေချာပါတယ်။လက်ရှိရာသီမှာတော့ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းအတွက် ၃၈ပွဲပါဝင်ကစားပေးထားပြီး၊ ဖန်တီးမှု၄ကြိမ်ပြုလုပ်ထားကာတစ်ပွဲပျမ်းမျှ ဘောလုံးဖြတ်ထုတ်မှုနဲ့ ကြားဖြတ်လုယူမှု ၅.၆ကြိမ်ရှိနေပါတယ်။

 

Add a Comment

Your email address will not be published. Required fields are marked *