သာသနာအတြက္ အားထားရတဲ့ နိုင္ငံေတာ္ ဝိနည္းဓိုရ္ မဟာဂႏၲဝါစကပ႑ိတဘဒၵႏၲ ပါရဂူဆရာေတာ္ ဘုရားႀကီး ပ်ံလြန္ေတာ္မူ သြားပါျပီ 

နိုင္ငံေတာ္ဝိနည္းဓိုရ္ မဟာဂႏၲဝါစကပ႑ိတဘဒၵႏၲ ပါရဂူဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူ သြားပါျပီ

ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ ေပါင္းတည္ၿမိဳ႕၊ ေစ်း (၂)ရပ္ကြက္၊ ေ႐ႊေက်ာင္းႀကီးတိုက္၊ သဒၶမၼေဇာတိကာ႐ုံ ပရိယတၱိစာသင္တိုက္ပဓာနနာယက ဆရာေတာ္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ ဆရာေတာ္ျကီး

[မဟာဂႏၲဝါစကပ႑ိတ] ဘဒၵႏၲပါရဂူ အရွင္သူျမတ္ႀကီးသက္ေတာ္ (၇၅) ႏွစ္၊ သိကၡာဘ (၅၅) ဝါသည္ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္ေက်ာ္ (၂) ရက္ေန႔ ညေန (၅:၄၅) မိနစ္မွာ ခႏၶာခ်ဳပ္ၿငိမ္းဘဝနတ္ထံပ်ံလြန္ေတာ္မူသြားတာပါ။

ဆရာေတာ္ဘုရားႀကီးဟာ ပထမငယ္၊ ပထမလတ္၊ ပထမႀကီးတန္းႏွင့္ဝိနယဓိကစာေမးပြဲ (မႏၲေလး၊ျမေတာင္တိုက္) တို႔မွာ ပရိယတၱိစာေပမ်ားကို သင္ယူဆည္းပူးခဲ့ရာ ၁၃၅၇ ခုႏွစ္တြင္ သာသနာေတာ္ဆိုင္ရာ (မဟာဂႏၲဝါစကပ႑ိတ)

ဘြဲ႕တံဆိပ္ေတာ္ကို ဆက္ကပ္ခံရၿပီးေတာ့ အနယ္နယ္အရပ္ရပ္ရွိ ရဟန္းသာမေဏမ်ားကို၂ ႏွစ္တိုင္တိုင္ စာဝါမ်ားပို႔ခ်ခဲ့ပါတယ္။၁၃၃၈ ခုႏွစ္မွာ လက္ရွိေက်ာင္းတိုက္ကေန ႏိုင္ငံေတာ္ၾသဝါဒါစရိယ (အဂၢမဟာပ႑ိတ)

ဆရာေတာ္ႀကီးတာဝန္ေပးခ်က္အတုိင္း စာသင္သံဃာ(၄၀) ေက်ာ္တို႔ကို(၁၇)ႏွစ္တိုင္ စာေပပို႔ခ်ခဲ့ၿပီး၊ ၁၃၅၇ ခုႏွစ္မွစျပီးေတာ့ ေက်ာင္းထိုင္ဆရာေတာ္ျကီးအျဖစ္ရဟန္းသာမေဏအပါး (၅၀)ငယ္၊ လတ္၊ ႀကီး စာဝါမ်ားကို

ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခ်ိန္အထိ သင္ၾကားပို႔ခ်ခဲ့ပါတယ္။ ဘဝနတ္ထံပ်ံလြန္ေတာ္မူသြားခဲ့ေသာ ဥတုဇလ႐ုပ္ကလာပ္ေတာ္ကို ၁၃၈၂ ခုႏွစ္၊ဝါေခါင္လျပည့္ေက်ာ္(၇)ရက္၊ ၂၀၂၀၊ စက္တင္ဘာလ (၉)ရက္

ဗုဒၶဟူးေန႔ ေန႔လည္ (၁:၀၀) နာရီတြင္ ေျမာက္သုသာန္၌ အႏၲိမအဂၢစ်ာပနသာဓုကီ႒နပူဇသဘင္က်င္းပျပီးေတာ့ မီးသၿဂႋဳလ္ပူေဇာ္သြားမည္ျဖစ္ေၾကာင္း

သိရပါတယ္ေနာ္။သာသာနာေတာ္အတြက္ အားထားရတဲ့ ဆရာေတာ္ျကီး ပ်ံလြန္ေတာ္ မူတဲ့ အတြက္ အလြန္ဝမ္းနည္းေျကကဲြရပါတယ္။ခရက္ဒစ္

Unicode…နိုင်ငံတော်ဝိနည်းဓိုရ် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ပါရဂူဆရာတော်ဘုရားကြီး ပျံလွန်တော်မူ သွားပါပြီ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ ဈေး (၂)ရပ်ကွက်၊ ရွှေကျောင်းကြီးတိုက်၊ သဒ္ဓမ္မဇောတိကာရုံ ပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး

[မဟာဂန္တဝါစကပဏ္ဍိတ] ဘဒ္ဒန္တပါရဂူ အရှင်သူမြတ်ကြီးသက်တော် (၇၅) နှစ်၊ သိက္ခာဘ (၅၅) ဝါသည် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၂) ရက်နေ့ ညနေ (၅:၄၅) မိနစ်မှာ ခန္ဓာချုပ်ငြိမ်းဘဝနတ်ထံပျံလွန်တော်မူသွားတာပါ။

ဆရာတော်ဘုရားကြီးဟာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းနှင့်ဝိနယဓိကစာမေးပွဲ (မန္တလေး၊မြတောင်တိုက်) တို့မှာ ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ရာ ၁၃၅၇ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ (မဟာဂန္တဝါစကပဏ္ဍိတ)

ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြီးတော့ အနယ်နယ်အရပ်ရပ်ရှိ ရဟန်းသာမဏေများကို၂ နှစ်တိုင်တိုင် စာဝါများပို့ချခဲ့ပါတယ်။၁၃၃၈ ခုနှစ်မှာ လက်ရှိကျောင်းတိုက်ကနေ နိုင်ငံတော်သြဝါဒါစရိယ (အဂ္ဂမဟာပဏ္ဍိတ)

ဆရာတော်ကြီးတာဝန်ပေးချက်အတိုင်း စာသင်သံဃာ(၄၀) ကျော်တို့ကို(၁၇)နှစ်တိုင် စာပေပို့ချခဲ့ပြီး၊ ၁၃၅၇ ခုနှစ်မှစပြီးတော့ ကျောင်းထိုင်ဆရာတော်ကြီးအဖြစ်ရဟန်းသာမဏေအပါး (၅၀)ငယ်၊ လတ်၊ ကြီး စာဝါများကို

ဘဝနတ်ထံ ပျံလွန်တော်မူချိန်အထိ သင်ကြားပို့ချခဲ့ပါတယ်။ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သော ဥတုဇလရုပ်ကလာပ်တော်ကို ၁၃၈၂ ခုနှစ်၊ဝါခေါင်လပြည့်ကျော်(၇)ရက်၊ ၂၀၂၀၊ စက်တင်ဘာလ (၉)ရက်

ဗုဒ္ဓဟူးနေ့ နေ့လည် (၁:၀၀) နာရီတွင် မြောက်သုသာန်၌ အန္တိမအဂ္ဂဈာပနသာဓုကီဋ္ဌနပူဇသဘင်ကျင်းပပြီးတော့ မီးသင်္ဂြိုလ်ပူဇော်သွားမည်ဖြစ်ကြောင်း

သိရပါတယ်နော်။သာသာနာတော်အတွက် အားထားရတဲ့ ဆရာတော်ကြီး ပျံလွန်တော် မူတဲ့ အတွက် အလွန်ဝမ်းနည်းကြေကွဲရပါတယ်။ခရက်ဒစ်

Tags:

Add a Comment

Your email address will not be published. Required fields are marked *