ဖေ့ဘွတ်ရဲ့ CEO ဇူကာဘတ် အသစ် ပြောင်းလဲလိုက်တဲ့ မီတာဗာ့စ် (Metaverse) ဆိုတာ ဘာလဲ

ဖေ့ဘွတ်ရဲ့ CEO ဇူကာဘတ် အသစ်ပြောင်းလဲလိုက်တဲ့ မီတာဗာ့စ် (Metaverse) ဆိုတာ ဘာလဲ

ဖေ့စ်ဘွတ်က လုပ်ငန်းသုံး ပင်မ ကုမ္ပဏီ နာမည်အဖြစ် Meta (မက်တာ) လို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်းကြေညာခဲ့တာဘဲ ဖြစပါတယ်နော်။ အခုလို လုပ်ငန်း နာမည် ပြောင်းခြင်းဟာ

တခုချင်း အလိုက် ရှိထားပြီ ဖြစ်တဲ့ ဖေ့စ်ဘွတ် အင်စတာဂရမ် နဲ့ ဝက်စ်အပ် တို့လို နာမည်တွေကို ပြောင်းလဲတာ မဟုတ်ဘူးလို့ လည်း ပြောပါ တယ်နော်။ အရင် လုပ်ငန်းသုံး နာမည် ဖေ့စ်ဘွတ်ဟာ အားလုံးကို ခြုံငုံမိခြင်း မရှိတဲ့အတွက်

အခု Meta (မက်တာ) ဆိုတဲ့ နာမည်ဟာ ဖေ့စ်ဘွတ်ပိုင် ဆိုရှယ်မီဒီယာ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တယ်လို့ ဆိုတာပါ။ Meta (မက်တာ) ကုမ္ပဏီ ပိုင်ရှင် ဖြစ်သွားပြီ ဖြစ်တဲ့ မာ့ခ်ဇူကာဘတ် ဟာ Metaverse (မက်တာဗာ့စ်) ဆိုတဲ့ (ပင်မကမ္ဘာနဲ့ မခြား) အွန်လိုင်း ကမ္ဘာတခု တည်ဆောက်ဖို့

ထုတ်ဖေါ် ပြောဆို ထားတာပါ။အဲဒီ Metaverse အွန်လိုင်း ကမ္ဘာထဲမှာ ဂိမ်းဆော့မလား၊ အလုပ်လုပ်မလား၊ ဈေးဝယ်ဈေးရောင်း တာ အပါအဝင် လူတွေ အချင်းချင်း အပြင်မှာ တွေ့သလိုမျိုး တွေ့ဆုံကြရမှာပါ။Virtual Reality (VR) ဆိုတဲ့ ခေါင်းစွပ် တပ်ပြီး လုပ်ဆောင်နိုင်မယ့်

ကမ္ဘာတု တခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အင်တာနက် ရှာဖွေရေး ကုမ္ပဏီကြီး ဖြစ်တဲ့ ဂူဂဲလ် ဟာလည်း ၂၀၁၅ တုန်းက အခုလို ဖေ့စ်ဘွတ်လို မျိုးပဲ Alphabet ဆိုတဲ့ လုပ်ငန်း ကုမ္ပဏီ အဖြစ်ပြောင်းလဲ ခဲ့ပေမယ့် လူသိထင်ရှား ဖြစ်မလာခဲ့ပါနော်။

ဖေ့စ်ဘွတ်ဟာ လုံခြုံစိတ်ချရမှု မပေးနိုင်ဘဲ အကျိုးအမြတ် များစွာ ရရှိနေတယ်လို့ ဖေ့စ်ဘွတ်ရဲ့ အရာရှိတဦးက စွပ်စွဲ ပြောကြားခဲ့ပြီး ဖေ့စ်ဘွတ်ရဲ့ ဆိုးဝါးတဲ့ အချက်အလက်များစွာ ထွက်ရှိ လာခဲ့ပြီနောက်မှာ အခုလို နာမည် ပြောင်းလဲမှု ဖြစ်လာတာပါတဲ့။

အောက်တိုဘာ ၂၉ ရက်နေ့မှာ ဖေ့စ်ဘွတ် ပိုင်ရှင် ဇူကာဘတ်က Metaverse အကြောင်း မျှဝေ တော့မယ်လို့ ကြေညာလိုက် ပါတယ်နော်။ ဒီတော့ ဇူကာဘတ် သွားချင်တဲ့ Metaverse ဆိုတဲ့ နည်းပညာ လမ်းကြောင်း က ဘာပါလဲ…

Universe နဲ့ Metaverse

စကြဝဠာ လို့ အဓိပ္ပါယ်ေ ဆာင်တဲ့ Universe ရဲ့ verse အပိုင်းမှာ meta ထည့်ပေါင်း လိုက်တဲ့ Metaverse ဟာ စကြာဝ ဠာအားလုံး စုဖွဲ့ထားမှု လို့ ဆိုနိုင်ပါတယ်။အဲဒီလောက် ကျယ်ပြန့်တဲ့ အနန္တ အင်တာနက် စကြဝဠာ အတွက် ဖြန့်ကြက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးဖို့

ဇူကာဘတ် ခြေလှမ်း လိုက်တာ ဖြစ်ပါတယ်နော်။Metaverse ကမ္ဘာဒါပေမယ့် ပုံမှန် ဆက်သွ ယ်နေကျ အသံ ဗီဒီယို စာသား တွေနဲ့ တင် မဟုတ်တော့ဘဲ Metaverse ကမ္ဘာထဲမှာ လှည့်လည် သွားလာ ဆက်သွယ် ပြောဆို နိုင်မှာပါ။ဒါ့အပြင် ပြင်ပ ကမ္ဘာမှ

ာလို ပျော်ပွဲရွှင်ပွဲတွေ၊ ဈေးရောင်း ဈေးဝယ် တာတွေနဲ့ တိုက်တာ ခြံမြေ အရောင်း အဝယ်တွေ ပါ Metaverse ကမ္ဘာတု ထဲမှာ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။အဲဒီအတွက် ကမ္ဘာတုကို ကြည့်နိုင်မယ့် ခေါင်းစွပ် (VR Headset) လိုမျိုး၊ အမျိုးမျိုးသော နည်းပညာ ပစ္စည်းတွေကိုလည်း အင်တာနက်နဲ့ ချိတ်ဆက်ပြီး တပ်ဆင် အသုံးပြု ရမှာ ဖြစ်ပါတယ်။

နည်းပညာ

အမြင်အာရုံ အတွက် အသုံးပြုထားမယ့် အဓိက နည်းပညာ ၂ ခုကတော့ VR (Virtual Reality) နဲ့ AR (Augmented Reality) တို့ ဖြစ်ပါတယ်။AR ဆိုတာကတော့ အလွယ်ဆုံး ဥပမာ ပြရမယ်ဆိုရင် မိုဘိုင်းဖုန်းနဲ့

လိုက်လံ ဖမ်းဆီးရတဲ့ ပိုကီမွန်း (pokemon) ဂိမ်းမျိုးဟာ AR နည်းပညာ သုံးထားတာ ပါ။ တကယ့် တည်ရှိနေတဲ့ ပတ်ဝန်းကျင် ထဲကို ဖန်တီးချက်တွေ ထည့်သွင်း အသုံးပြုတာ ဖြစ်ပါတယ်။VR ကတော့ ပတ်ဝန်းကျင် တခုကို (၃၆ဝံ မြင်ကွင်း)

ဖန်တီးထားပြီး အဲဒီအထဲကို ခေါင်းစွပ်တပ်ကာ ဝင်ကြည့်ရတာမျိုးပါ။ဥပမာ ဗီဒီယို ဂိမ်းတခုကို VR ခေါင်းစွပ် တပ်ပြီး ကစားမယ်ဆိုရင် ကစားသူဟာ အဲဒီ ဂိမ်းပတ်ဝန်းကျင် ထဲ ကိုယ်တိုင် ဝင်ရောက် ကစား ရတဲ့ ခံစားချက်မျိုး ရှိတာ ဖြစ်ပါတယ်။အဲဒီ နည်းပညာ ၂ ခု

ကို ပေါင်းထားတဲ့ (Mixed Reality) MR နည်းပညာကို ဇူကာဘတ် အပြည့်အဝ အသုံးချပြီး သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်ကို အတုအယောင် စကြဝဠာ ကြီး အဖြစ် အသက်သွင်း ပုံဖေါ်တော့မှာ ဖြစ်ပါတယ်နော်။

Metaverse မှာ ဘာတွေဆောင်ရွက်နိုင်မလဲ

အပြင်ကမ္ဘာမှာ ဆောင်ရွက် နေတာတွေ အားလုံး နီးပါး Metaverse ကမ္ဘာထဲမှာ လုပ်ေ ဆာင်နိုင်မှာ ဖြစ်ပါတယ်။ ဈေးရောင်း ဈေးဝယ် တာမျိုးကို ဒစ်ဂျ စ်တယ် ငွေကြေး (cryptocurrency) နဲ့ ပေးချေ နိုင်မှာလည်း ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု

ဇူကာဘတ် ဟာ မီတာဗာ့စ် ဖန်တီး တည်ေ ဆာက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀ ရင်းနှီးထားတာ ဖြစ်ပြီး၊ ဥရောပမှာ ဝန်ထမ်း ၁ သောင်း လာမယ့် ၅ နှစ် အတွင်း ခန့်အပ် ထားတော့မှာ လည်း ဖြစ်ပါတယ်။Metaverse နဲ့ ပတ်သ က်တဲ့ ဇူကာဘတ်ရဲ့ ရှင်းလင်း ပြောကြား ချက်ကို တကမ္ဘာလုံးက ပရိသတ် သန်းနဲ့ချီ စောင့်မျှော် ကြည့်ရှုကြ မှာ ဖြစ်ပါတယ်နော်။ကိုကား – ရိုက်တာ

Add a Comment

Your email address will not be published. Required fields are marked *