Unicode…မာဃသဟာယအဖွဲ့ နိဗ္ဗာန်ယာဉ် ဝယ်နိုင်ရန် မင်းသား နေတိုးနှင့် မုန်းစွဲ ရုပ်ရှင် အဖွဲ့သားများမှ အလှူငွေများ လှူဒါန်းပေးခဲ့ကြ
နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်လက် ဖြစ်တဲ့ အကယ်ဒမီ မင်းသား နေတိုးကို ပရိသတ်ကြီးတွေ သိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ မင်းသား နေတိုး ယာ ယခု ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါကိုကာကွယ်ထိမ်းချုပ်နိုင်ရေး အတွက်
တစ်ဖက်တစ်လှမ်းကနေ တတ်နိုင်သလောက် လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်နော်။ယခု လက်ရှိမှာလည်း မာဃသဟာယအဖွဲ့နိဗ္ဗာန်ယာဉ်ကားဝယ်ရန်အတွက်အလှူငွေသိန်း(၂၀)ကျပ်ကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်နော်။
ယခု အလှူကိုတော့နေတိုးအပြင် မုန်းစွဲရုပ်ရှင်ဇာတ်ကားမှအဖွဲ့ဝင်တွေဖြစ်ကြတဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှယာဉ်အလှူငွေ(၃၅)သိန်း၊အကယ်ဒမီ သြရသမှအလှူငွေ(၅)သိန်း၊
မအေးဝတ်ရည်သောင်းမှအလှူငွေ(၅)သိန်း၊အကယ်ဒမီကျော်ကျော်ဗိုလ်မှအလှူငွေ(၃)သိန်း၊အကယ်ဒမီ ဝင်းလွင်ထက်တို့ကလည်းအလှူငွေ(၂)သိန်းကိုပါဝင်လှူဒါန်းခဲ့ကြတယ်လို့သိခဲ့ရပါတယ်နော်။
နေတိုးအပါအဝင်မုန်းစွဲရုပ်ရှင်ဇာတ်ကားမှအဖွဲ့ဝင်တွေစုပေါင်းပြီး မာဃသဟာယအဖွဲ့နိဗ္ဗာန်ယာဉ်ကားဝယ်ရန်အတွက် စုစုပေါင်းအလှူငွေသိန်း(၇၀)ကျပ်ကို
လှူဒါန်းခဲ့တာဖြစ်ပါတယ်နော်။ ချစ်ပရိသတ်ကြီးလည်း အငယ်ဒမီ မင်းသား နေတိုးနဲ့ မုန်းစွဲ အဖွဲဝင် စုပေါင်းအလှူအတွက် ဂုဏ်ပြုစကားလေးတေ ပြေပေးကြပါအူးနော်။crd
Add a Comment
Your email address will not be published. Required fields are marked *