စွန့်ပစ်ဂိုဒေါင်တစ်ခုမှာ နှစ်ပေါင်း ၃၀ ကြာ လျစ်လျူရှူခံထားရတဲ့ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ကားအစီးပေါင်း ၁၈၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဓာတ်ပုံဆရာ

စွန့်ပစ်ဂိုဒေါင်တစ်ခုမှာ နှစ်ပေါင်း ၃၀ ကြာလျစ်လျူရှူခံထားရတဲ့ သန်းနဲ့ချီတန်ဖိုးရှိတဲ့ ကားအစီးပေါင်း ၁၈၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဓာတ်ပုံဆရာ

သိပ်မကြာမီကဘဲ ဓာတ်ပုံဆရာတစ်ယောက်ကတော့ ပေါ်တူဂီကျေးလက်တောရွာတစ်လျှောက်ကို အေးအေးလူလူအပန်းဖြေလမ်းလျှောက်ရင်းနဲ့ ကြီးမားတဲ့သိုလှောင်ကျီတစ်ခုဆီသို့ရောက်သွားခဲ့တာပါ။

ထို့နောက် သူဟာ စူးစမ်းလိုစိတ်ဖြင့် ၎င်းကျီသို့အနီးကပ်သွားချောင်းကြည့်လိုက်တဲ့အခါမှာ သူမြင်လိုက်ရတဲ့အရာတွေက သူ့အားပါးစပ်မပိတ်ထားနိုင်အောင်ဖြစ်သွားစေခဲ့တာပါ။ သူမြင်လိုက်တဲ့အရာတွေက သူ့အိမ်မက်အမှန်တကယ်ဖြစ်လာသ

လိုဖြစ်နေတာကြောင့် သိချင်ဇောနဲ့ ဘေးကနေအိမ်သို့သွားပြီးတော့ ၎င်းကျီရဲ့အတွင်းဘက်ကိုဝင်ကြည့်လို့ရမလားလို့သွားမေးတော့ ပိုင်ရှင်ဖြစ်သူကလည်း သူ့အား ကြည်ဖြူစွာခွင့်ပြုပေးခဲ့ပါတယ်နော်။ ထို့နောက် အထဲကို ဝင်ကြည့်လိုက်တဲ့အခါ

ဂန္တဝင်ကားများစွာဟာ လုံးဝအကောင်းပတိအတိုင်းရှိနေတာကိုတွေ့ခဲ့ရပါတယ်နော်။၎င်းကားများဟာ တစ်ချိန်က ဤအဆောက်အအုံမှာ ရှားပါးပြီး ထူးခြားတဲ့ယာဉ်များကိုသိုလှောင်ထားသည့်ရှေးဟောင်းကားရောင်းဝယ်သူတစ်ဦးရဲ့ပိုင်ဆိုင်မှုတွေပါ။

၎င်းကားများဟာ မထိမကိုင်ရဘဲ နေထိုင်လာခဲ့ရသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီဖြစ်ပြီး ပိုင်ရှင်ကလည်း ဓာတ်ပုံဆရာအား လိုသလိုဓာတ်ပုံရိုက်နိုင်ကြောင်းသဘောတူခဲ့ပေမဲ့လည်း ၎င်းကျီရဲ့တည်နေရာကိုတော့ လုံးဝမဖော်ပြပေးဖို့တောင်းဆိုခဲ့တာပါ။

ထို့နောက် ပိုင်ရှင်ဟာ သိုလှောင်ရုံပြတင်းပေါက်များကိုဖွင့်ပေးခဲ့ပြီး လွတ်လပ်စွာရိုက်ကူးခွင့်ပေးခဲ့ပါတယ်နော်။ အတိအကျအားဖြင့် ဂန္ထဝင်ကားပေါင်း ၁၈၀ စီးနှင့် အခြား ဂန္တဝင်ကားမဟုတ်တဲ့ကားများပါဝင်ပြီး တစ်စီးချင်းစီကလည်း

ထူးခြားပြီးရှားပါးနေတာကတော့ အသေအချာပါဘဲ။ဓာတ်ပုံဆရာက ကားတွေရောင်းဖို့ရှိမရှိသိလိုကြောင်းမေးခဲ့ပေမဲ့ အိမ်ပိုင်ရှင်က “ မရှိပါဘူး ” လို့ ရိုးရိုးလေးသာပြန်ဖြေပေးခဲ့တာပါ။ အဆိုပါကားစုဆောင်းသူဟာ လွန်ခဲ့တဲ့ ၇၀ နှောင်းပိုင်း သို့မဟုတ် ၈၀ အစောပိုင်းလောက်ကတည်းက

၎င်းကားဂိုဒေါင်တံခါးများကိုပိတ်ပစ်ခဲ့ပြီး ထိုအချိန်မှစပြီး ကားများကလည်း ၎င်းထဲ၌သာပိတ်လှောင်ခံထားခဲ့တာပ့။ ဓာတ်ပုံဆရာဟာ ၎င်းထဲရှိ အမိုးပွင့်ဂန္တဝင်ကားများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ဂန္တဝင်ကားအစီးပေါင်း ၁၈၀ ကျော်ဟာ

ဓာတ်ပုံဆရာနှင့်မထိတွေ့ခင်အထိ နှစ်ပေါင်း ၃၀ အကြာပိတ်လှောင်ခံခဲ့ရပေမဲ့ ၎င်းတို့ရဲ့တန်ဖိုးကတော့ မတွေးရဲစရာကောင်းအောင်ကို တန်ဖိုးကြီးနေမှာအမှန်ပါဘဲနော်။ ဓာတ်ပုံများပျံ့နှံ့သွားပြီးနောက် အခြားစုဆောင်းသူများက

အရောင်းအဝယ်လုပ်ဖို့ ၎င်းကျီရဲ့တည်နေရာကိုရှာနေခဲ့ကြပေမဲ့ ပိုင်ရှင်ဖြစ်သူက ကားများကို နဂိုအတိုင်းသာ ထားရှိသွားမည်ဖြစ်သလို ရောင်းချဖို့လည်းမဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့တာပါ။Mia (KB Chimmy One)

Reference : buzznicked

Add a Comment

Your email address will not be published. Required fields are marked *