ပိုင်ဆိုင်မှုအားလုံးကို ရောင်းပြီး ထားရစ်ခံရတဲ့ ရာပေါင်းများစွာသော ကလေးများကို မွေးစားခဲ့တဲ့ အမျိုးသမီ

ပိုင်ဆိုင်မှုအားလုံးကို ရောင်းပြီး ထားရစ်ခံရတဲ့ ရာပေါင်းများစွာသော ကလေးများကို မွေးစားခဲ့တဲ့ အမျိုးသမီး

လက်ရှိဘဝက မချမ်းသာပါပေမယ့်လည်း Giap Thi Song Huong လို့ခေါ်တဲ့ မိန်းကလေးက သူမပျော်ရွှင်မှုနဲ့အညီ ရာနဲ့ချီတဲ့ကလေးတွေကို သူ့လက်နဲ့ မွေးစားပြီး ဂရုစိုက်နေဆဲပါနော်။Vietnamnet သတင်းစာက

အသက် ၁၈ နှစ်မှစပြီး မစ္စ Huong က သူမရဲ့ ဇာတိမြို့ Bac Giang ကိုစွန့်ခွာပြီး စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ရန် Saigon သို့ သွားခဲတာပါ။ အသက်မွေးဝမ်းကြောင်းအတွက် သူမအလုပ်ချိန်တိုင်း အမှိုက်များကောက်ခဲ့ပါတယ် ။

သူမက အမှိုက်ပုံမှ အမှိုက်များကောက်ရန် သွားတဲ့အခါမှာ ကလေးငယ်တစ်ယောက် ကျန်ရစ်ခံခဲ့ရတာကို မြင်ပြီး သူမဝမ်းနည်းမိတာကြောင့် သူမကိုဂရုစိုက်ရန် အမြန်ပြေးသွားပါတယ် ။ ပြီးတော့ ဒါဟာ သူမက ထားရစ်ခံခဲ့ရတဲ့ကလေးတွေကို

ချစ်မိသွားတဲ့အခါလည်း ဖြစ်ပါတယ်နော် ။“ သူစိမ်း” ကလေးများပြုစုပျိုးထောင်ရန်အတွက် သူမရဲ့ နေအိမ်ကိုလည်း ရောင်စခဲ့ပါတယ် ။ ထိုအချိန်မှာ မစ္စ Huong က အလွန်ငယ်ရွယ်သေးတာကြောင့် သူမရဲ့ မွေးကင်းစကလေးကို သယ်ဆောင်ရန်

သူမရဲ့ အလုပ်မှာမလုံလောက်သဖြင့် သူမရဲ့မိသားစုက သူမကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ် ။“ငါ့မိသားစုက ငါကလေးတွေကို မွေးစားလိုက်ရင် အနာဂတ်မဲ့သွားမှာ စိုးရိမ်နေကြတယ်၊ မြောက်ပိုင်းက ငါ့ရဲ့ဆွေမျိုးတွေက ငါအိမ်ထောင်မပြုတော့ဘဲ

မွေးစားကလေးတွေနဲ့ နေမှာကို စိုးရိမ်ကြတယ် ” လို့ သူမကပြောပါတယ် ။ သို့သော်သူမက ကလေးကိုချစ်သောကြောင့် အခက်အခဲများကြားမှ ဂရုစိုက်ရန် သူမ ဆုံးဖြတ်ခဲ့ပါတယ် ။ သူမလုပ်နေတဲ့အလုပ်အပြင် Ms. Huong လည်း အချဉ်နဲ့ခရမ်းသီးတွေထည့်ပြီး ငွေရှာဖို့လမ်းဘေးမှာ ရောင်းချခဲ့ရပါတယ် ။

တစ်နှစ်အကြာမှာတော့ သူမရဲ့ တိုက်ခန်းအဝင်ဝမှာ အမျိုးသမီးကျောင်းသူတစ်ဦးက ရုတ်တရက်မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားခဲ့ပါတယ် ။ ဆေးရုံသို့ကလေးမွေးရန် Huong ရဲ့အကူအညီဖြင့် ကျောင်းသူမလေးက ကလေးနဲ့အခကြေးငွေ

ပေးစရာမလိုဘဲ Huong က တိတ်တဆိတ်နဲ့ ဆေးရုံစရိတ်တို့ကို ပေးခဲ့ပါတယ်နော် ။ Huong က ရွှေကြိုးကိုရောင်းပြီး ဆေးရုံအတွက် ငွေပေးရန်နေရာ အနှံ့ပြေးခဲ့ရပါတယ် ။အဲဒီနောက် ကလေးကိုပြုစုဖို့ အိမ်ခေါ်ပြန်လာခဲ့ပါသေးတယ် ။ နှစ်များတစ်လျှောက် မစ္စ Huong က လုပ်ငန်းတစ်ခုစတင်ရန်နဲ့

သူမရဲ့ အလုပ်ကိုတဖြည်းဖြည်းတိုးတက်အောင် ပြုလုပ်ခဲ့ရပါတယ်နော် ။ ထိုအချိန်မှာ သူမက အိမ်ထောင်မပြုဘဲ အခြားထားရစ်ခံရတဲ့ ရာပေါင်းများစွာသောကလေးတွေကို သူမမွေးစားခဲ့ပါတယ် ။သို့သော်လွန်ခဲ့တဲ့ ၂ နှစ်က ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီး

သူမရဲ့ စီးပွားရေးက အေးခဲသွားပြီး သူမရဲ့ ကလေးများကို ပြုစုရန် သူမရဲ့အိမ်များအားလုံးကို ရောင်းချခဲ့ရတာပါ ။ အိပ်ပျော်နေတဲ့ ကလေးများကို ချစ်မြတ်နိုးစွာကြည့်နေစဉ် မစ္စ Huong က “အိမ်နဲ့မြေ အကုန် ရောင်းလိုက်ပြီ၊ ငါ့ရဲပိုင်ဆိုင်မှုဆိုလို့

ကလေးတွေဘဲ ကျန်တော့တယ်” လို့ ဆိုခဲ့ပါတယ် ။မွေးစားကလေးရာချီရှိတယ်ဆိုပေမယ့် Huong က သူ့ဘာသာသူမွေးတဲ့ ကလေးတစ်ယောက်လိုချင်ခဲ့သော်လည်း မအောင်မြင်တဲ့ သူမရဲ့ အဆိုပါအိပ်မက်ကို စွန့်လွှတ်လိုက်ပြီး သူမရဲ့ မွေးစားသားသမီးများကို ပြုစုစောင့်ရှောက်ရန် အာရုံစိုက်ခဲ့ပါတယ်နော် ။JRose (KB Chimmy One)

Reference : yan

Tags:

Add a Comment

Your email address will not be published. Required fields are marked *