မြန်မာ လူမျိုးတွေကို တသက်လုံး ထည့်လာခဲ့တဲ့ ဂျင်းတွေ

မြန်မာ လူမျိုးတွေကို တသက်လုံး ထည့်လာတဲ့ ဂျင်းတွေ

ခေတ် ကိုက လဖက်ညွှန့် ဆိုပြီးရာ ဘာရွက် အညွှန့်တွေ ကို ချဉ်ငံစပ် လုပ် မပုပ်ဆေးတွေ ထည့် ဆီစိမ် ပုလင်းနဲ့ ပိတ်ပြီး တံဆိပ်ကပ်လိုက်ရင် တစ်ဆယ်သား ၃၀၀ တန် ရာဘာညွှန့်တွေ က တပုလင်း ၆၀၀၀ တန်နာမည်ကြီး လက်ဖက်ညွှန့် တွေ ဖြစ်သွား တဲ့ ဂျင်းခေတ်ဗျ။(လဖက်စစ် မစစ်ခွဲချင်ရင်

Leave margin entire ဖြစ်မဖြစ်နဲ့ခွဲ ရ တယ် လဖက် ရွက်အစစ် ရဲ့ အနားသတ်က နှင်းဆီ ရွက် လို အထစ်အထစ်လေးတွေ ပါပြီး ရာဘာရွက်က အနားသတ် ပြောင်ချောနေတယ်ဗျ ။လဖက်ပင် ကိုယ်တိုင်စိုက်ခဲ့လို့ ကိုယ်တိုင် ခူးခဲ့လို့ အကုန် သိနေပေမဲ့လည်း လက်ဖက်ဝယ်တယ် ဆိုတာမျိုးက

ရှောက်ရွက်ဝယ် သလို တညွှန့်ချင်း ကြည့်ပီးဝယ် လို့မှ မရတာ ဆိုတော့ တရွက်ချင်း ဖြန့်မကြည့်နိုင် သရွေ့တော့ ခံပေါ့ရှင်)ခေတ်ကိုက ပုစွန် အသား ငါးဖယ်အသား တစက်လေးမှတောင် မပါပဲ ထမင်းတွေချည်း ချဉ်အောင်လုပ် ရေခဲမုန့် ဖာလူဒါတေ

မှာ သုံးတဲ့ ပန်းရောင် ဆေးလေးဆိုးပြီးတော့ အတောင့်လိုက် ဖက်ရွက်တေနဲ့ ထုပ်လိုက်ရင် ပုစွန် ချဉ် ငဖယ်ချဉ် ဆိုပြီးတော့ ထမင်းအချဉ် အသိုးဆေးဆိုးတွေကို တထုပ် ၃၀၀၀ ဝယ်စားရတဲ့ ဂျင်းခေတ်ခေတ်ကိုက ကြွက်တွေ တီကောင်တွေ မြွေတွေ

အကုန်ရော ကြိတ်ပြီးတော့ ကြက်အူချောင်း ငဖယ်ချောင်း ဂဏန်းချောင်း ပုစွန်အသားချောင်း ဆိုပြီးတော့ တရုတ်က Packing လှလှနဲ့ သွင်းလာတာ တွေကို ကိုးရီးယား အကင် ဆိုပြီးတော့ မက်မက်မောမော ကြွက်သားစားနေကြတဲ့

ဂျင်းခေတ်ခေတ်ကိုက တရုတ်ကြီးဖက်က ဇီးစေ့ ဇီးဆံတွေ ဈေးကောင်း ပေးဝယ် တယ် ဆိုတာနဲ့ ဇီးဆံတွေ ထဲ အဝေရာစေ့တွေ ရောပြီး ဂျင်းထည့်လို့ စိတ်ငြိမ်ဆေး ဖော်ရတဲ့ ဇီးဆံက အဝေရာဆံတေ ဖြစ်နေတော့ ဆေးက ဘာအာနိသင်မှ မထက်မှ

ပေါက်ဖော်ကြီးတေ သိသွားကြပြီးတော့ ဇီးဆံ ဈေးကွက် ပျက်သွားရတဲ့ ဂျင်းခေတ်ခေတ်ကိုက ထောင်းရကြိတ်ရမှာ ပျင်းတဲ့ အိမ်ရှင်မတွေ အတွက်ကို ငါးခြောက်မှုနိ့ နဲ့ ဖွဲမှုန့် ရောထည့် ပုစွန် ခြောက်မှူန့် ဆိုပြီး ဖွဲမှုန့် ပင်လယ်ငါးမှုန့်တွေကို တပိသာ ၃သောင်း ဝယ်စားကြတဲ့ ဂျင်းခေတ်။

ခေတ်ကိုက ပဲဆီစစ်စစ်မှ စားတာ အညာပဲဆီမှ စားတာ ဘာတံဆိပ်မှ စားတာ ဘယ်လိုထားထား မခဲတဲ့ ပဲဆီမှစားတာ ဆိုတဲ့ အိမ်ရှင်မတွေ အတွက် စားအုန်းဆီ တစ်ပေပါထဲ အီလန်ဆပ်ပြာမှုန့် တရာတန်တထုပ် ဖောက်ထည့် တညအိပ် အငြိမ် စိမ်ထား၊မနက်မှ ကုန်ဈေးတန်းမှာ ရောင်းတဲ့ တရုတ်ကသွင်းလာတဲ့

တဗူး ၁၃၅၀၀ တန် ပဲဆီ အနံ့လေးနည်းနည်း ထည့်လိုက်တာနဲ့ ဆပ်ပြာမှုန့်တွေ ဖျော်ထည့်ထားတဲ့ တပိသာ ၁၆၅၀ တန် စားအုန်းဆီ တွေက ဆပ်ပြာမှူန့်တန်ခိုးနဲ့ ရေခဲသေတ္တာထဲ ထည့်ရင်တောင်မခဲတော့ ပဲဆီ စစ်စစ်ဆိုပြီးတော့ တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ်(မေမြို့မှာနေတုန်းက မန်းလေးထိဆင်း

ကိုယ့်မျက်စိရှေ့မှာ မြေပဲတွေကို စက်က ဇလားကြီးနဲ့ အပေါ်ကကြိတ်ပြီး ဆီကန်ထဲ ကျလာတဲ့ ပဲဆီ မှ ပိသာခွက်ကြီးနဲ့ ကိုယ်တိုင်ခပ်ပြီး မျက်စိရှေ့မှာ ကြိတ်တဲ့ ပဲဆီ စစ်စစ်မှ မန်းလေးထိ ဆင်းပြီး ဝယ်စားတာတို့ ဘာတို့ ကြွားခဲ့ဖူးတယ်တကယ်တော့ သူတို့က နဂိုထဲက ဆီကန်ထဲမှာ စားအုန်းဆီ ၃ ပုံ၂ ပုံ

ထည့်ပြီးသား ဆိုတာကို မသိခဲ့တော့ ဂျင်းတေ ထည့်ခံရတာဆွာလေ)ခေတ်ကိုက ငဇင်ရိုင်း လို ငါးရံ့လို ငါးမျိုးဝယ်ရင် အညှီတွေချွဲနေမှ လတ်တယ် ထင်တဲ့ အိမ်ရှင်မတွေအတွက် ခေါင်းလျော်တဲ့ တရော်ရည် အချွဲတွေ လောင်းချနယ်ဖတ်ပြီး ပုပ်လို့ပွလာလို့ တပိသာ ၂၅၀၀လောက်ပဲ တန်တဲ့ ငဇင်ရိုင်းတွေကို

လတ်လွန်းလို့ အညှီတေ ချွဲစိုနေတာ ဆိုပြီးတော့ တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ်နို့မလိုင် ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သာသုံး တစ်သျူးတွေကို နို့ထဲထည့်ကြိုပြီး ပျော့ဖတ်ဖတ် တစ်သျူးတွေကို နို့မလိုင် ဆိုပြီး တပွဲ ၃၀၀၀ ထိပေးစားနေရတဲ့

ဂျင်းခေတ်။ပြောရမယ်ဆို များကြီး များကြီးကျန်သေးဒယ်ဒါတေ ရှောင်မယ်ဆို ရှောင်ရင်း ရှောင်ရင်း စားဈာမရှိ ဖစ်တွားကြမစိုးလို့….. ဈေးသည်တွေ ကုန်သည်တွေ ထမင်းအိုး တုတ်နဲ့ ထိုးသလို ဖစ်နေမစိုးလို့ ခုလောက်နဲ့ပဲ တော်သေးပါပြီ။

ဒါတေ ဒါတေ ရှိနေသေးသရွေ့ ဒါတေ ဒီလိုတေ စားနေရသရွေ့ ကင်ဆာ ၊ နှလုံးဈ သွေးတိုး ၊ဆီးချို၊ ကျောက်ကပ် ၊ သွိုင်းရွိုက် ရောဂါတေ ရောဂါတေ ရှောင်လို့မရ ဖြစ်နေကြဦးမှာပါပဲ ။ဒေါင်း လေးတွေလဲ မွေးလာကြဦး မှာပါပဲနော်။ ဆေးရုံ ဆေးခန်းတွေလဲ ကြိတ်ကြိတ်တိုး စည်ကားနေကြဦး မှာဘဲ။Credit

Add a Comment

Your email address will not be published. Required fields are marked *