အဝတ်တွေကို ဖက်ရှင်ကျကျဝတ်ဆင်ပြီး ဓာတ်ပုံများ ရိုက်ယူကာ တစ်လလျှင် သိန်းရာချီ ဝင်ငွေရရှိနေတဲ့ စမတ်ကျလွန်းတဲ့ ခွေးလေး

အဝတ်တွေကို ဖက်ရှင်ကျကျဝတ်ဆင်ပြီး ဓာတ်ပုံများရိုက်ယူကာ တစ်လလျှင် သိန်းရာချီ ဝင်ငွေရရှိနေတဲ့ စမတ်ကျလွန်းတဲ့ ခွေးလေး

မထင်မှတ်ဘဲ နာမည်ကျော်သွားသော ခွေးကလေးကတော့ ကြော်ငြာကမ်းလှမ်းမှုများစွာကို လက်ခံရရှိခဲ့ပြီး အဆိုပါခွေးက လစဉ်လတိုင်းပင် သူရဲ့ ဓာတ်ပုံအလုပ်နဲ့အတူ ဝင်ငွေသိန်းရာချီ ရရှိတာပါ။ထို ခွေးဟာ ချစ်စရာကောင်းတဲ့အပြင်ကို

မျက်နှာအမူအရာနဲ့ မရိုးရှင်းတဲ့ အမူအယာများစွာရှိတာကြောင့် ခွေးက ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံများစွာ ရိုက်နိုင်ခဲ့တာပါ ။ တစ်ချိန်ကသူ့ရဲ့ပိုင်ရှင် Dave Fung နဲ့ Yena Kim တို့ ဇနီးမောင်နှံက Bodhi အမည်ရှိ အဆိုပါခွေးအတွက်

ဖက်ရှင်ဓာတ်ပုံရိုက်ဖို့ စိတ်ကူးရှိခဲ့ပြီးတော့ လူမှုကွန်ရက်တွေမှာ ခွေးရဲ့ပုံကို တင်တဲ့အခါ လူအများကို အဖျားတက်စေခဲ့တာပါ ။Bodhi ခွေးက အထွတ်အထိပ်ဆွဲဆောင်မှုရှိတာကြောင့် အံဝင်ခွင်ကျဝတ်စုံများ ဝတ်ထားတဲ့အခါ

ကြည့်ရှုသူကို အလွန်စိတ်လှုပ်ရှားစေခဲ့ပါတယ် ။ ခွေးပိုင်ရှင်က လူတိုင်းရဲ့တုံ့ပြန်မှုကိုငါအရမ်းအံ့သြတယ် ၊ ပထမဓါတ်ပုံတွေရဲ့နောက်မှာ ၊ ငါတို့က Bodhi အတွက် menswear ဝတ်ထားတဲ့ ခွေးပုံတွေကို ဝေမျှဖို့သီးခြား blog တစ်ခုကို ဖန်တီးခဲ့တယ် ။

အရာအားလုံးပေါက်ကွဲခဲ့တယ်၊ မဂ္ဂဇင်းတွေက ငါ့ကိုဆက်သွယ်လာပြီးတော့ Bodhi ရဲ့ကိုယ်ပိုင် instagram က နေ့တိုင်း follower ထောင်ချီနဲ့ပေါက်ကွဲလုနီးနီးဖြစ်နေပါတယ်။ ငါတို့အရမ်းပျော်ပြီးဂုဏ်ယူတယ်။ ” လို့ ဆိုပါတယ်နော်

။ထိုအချိန်မှစပြီး Dave Fung နဲ့ Yena Kim တို့က သူတို့ရဲ့ အိမ်မွေးခွေးပုံများကို ဓာတ်ပုံရိုက်ရန်အချိန်ပိုကုန်ခဲ့ပြီးတော့ အထူးသဖြင့် ခွေးက ထိုအရာကို အလွန်စိတ်ဝင်စားတာကြောင့် ခွေးက ကွဲပြားခြားနားတဲ့ ဝတ်စုံများစွာဖြင့်

တက်ကြွစွာဓာတ်ပုံရိုက်ခဲ့တာပါ ။လူမှုကွန်ရက်များတွင် နာမည်ကျော်ကြားပြီးနောက် ကြောငြာတွေများစွာ လက်ခံရရှိပြီး Bodhi ရဲ့ ဝင်ငွေက တစ်လလျှင် VND သန်း ၃၀၀ ခန့် အလွန်မြင့်မားခဲ့ပါတယ် ။ယခုအချိန်မှာ ခွေးပိုင်ရှင်က ခွေးရဲ့

အသက်မွေးဝမ်းကျောင်းတိုးတက်ရေးအတွက် အာရုံစိုက်ရန် သူရဲ့အလုပ်မှထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်နော် ။ သူရရှိတဲ့ ဝင်ငွေကို သခင်က တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့များသို့ ဆုံးဖြတ်ခဲ့ကြပါတယ်တဲ့ ။JRose (Mckzone daily)

Reference : bestie

Add a Comment

Your email address will not be published. Required fields are marked *