စာဝါလေးနောဝှစ်ခ်ျတို့ ဒီရာသီအတွက် ပထမဆုံးအသင်းအဖြစ် တန်းဆင်းခဲ့ရလေပြီ

ဝက်စ်ဟမ်းတို့ကိုရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ကနေ နောဝှစ်ချ်တို့တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာရှိဖို့မျှော်လင့်ချက်နဲ့ နောက်အပတ်တွေမှာဆက်ကစားနိုင်ဖို့ စနေနေ့လယ်ခင်းဝက်စ်ဟမ်းတို့နဲ့ပွဲမှာ နောဝှစ်ချ်တို့က အရှုံးကိုရှောင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကာရိုးလမ်းမှာပဲ ၄-ဝနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံရှစ်ကို တရားဝင်တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ ဒါဟာ နောဝှစ်ချ်တို့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကိုတန်းပြန်ဆင်းရတဲ့ ၅ကြိမ်မြောက်ဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့မစ်ချဲအန်တိုနီယိုက တကိုယ်တော်လေးဂိုးသွင်းပြီး နောဝှစ်ချ်တို့ရဲ့လက်ကျန်အိပ်မက်ငွေ့ငွေ့ကို လှုပ်နှိုးပစ်ခဲ့ပါတယ်။ ဒီအရှုံးကြောင့် နောဝှစ်ချ်တို့ဟာ မနှစ်တုန်းကသူတို့ချန်ပီယံဖြစ်ခဲ့တဲ့ ဒုတိယအလွှာ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။

အခုဆိုရင် နောဝှစ်ချ်တို့ဟာ သူတို့လိုချင်မှာမဟုတ်တဲ့စံချိန်တခုကိုရသွားပြီဖြစ်ပြီး ဒါကတော့ ပရီးမီးယားလိဂ်ကနေ တန်းအဆင်းရဆုံးမှတ်တမ်းဖြစ်ပါတယ်။ ၁၉၉၄-၉၅၊ ၂၀၀၄-၀၅၊ ၂၀၁၃-၁၄၊ ၂၀၁၅-၁၆ နဲ့ အခု ဒီရာသီတို့မှာ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်း၊ ခရစ်စတယ်ပဲလေ့စ်တို့အားလုံးဟာ ပရီးမီးယားလိဂ်စတင်တည်ထောင်တဲ့ ၁၉၉၁-၉၂ကနေစပြီး လေးကြိမ်စီတန်းဆင်းဖူးခဲ့ကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *