အသက်တစ်ချောင်းကို ကယ်နိုင်ဖို့အတွက် ခြေထောက်တစ်ချောင်း စတေးခံခဲ့တဲ့ အမျိုးသား

အသက်တစ်ချောင်း ကယ်နိုင်ဖို့ ခြေထောက်တစ်ချောင်း စတေးခံခဲ့သူ

လွန်ခဲ့တဲ့ ကြာသပတေးနေ့ (ဇူလိုင် ၆ရက်ေေ န့က တရုတ် နိုင်ငံ စီချွမ်ပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့ပြီးတော့ အကြား အာရုံ ချို့တဲ့နေတဲ့ အသက် ၆၅ နှစ် အရွယ် အမျိုးသမီးကြီးရဲ့ အသက် ကို ကယ်တင်နိုင်ပေးခဲ့သော

ရွှီချန်ခိုင် (Xu Qiankai) ကိုလူတွေ ဟာ သူရဲကောင်း အဖြစ် ချီးကျေးနေကြတာပါနော်။ရွှီချန်ခိုင် ဟာ ရထားလမ်းဖြတ်ကူး နေတဲ့ အမျိုးသမီးကြီးကို တွေ့တာနဲ့ အရေးပေါ် ဘရိတ် ကို ဆွဲခဲ့သလိုမျိုး ရထားလာ နေတာကို

အမျိုးသမီးကြီး သတိထား မိအောင် ခရာမှုတ်ခဲ့ပါတယ်နော်။ဒါပေမဲ့လည်း အမျိုးသမီးကြီးက သတိမထားမိခဲ့ပါဘူးတဲ့။ ရထားနဲ့ အမျိုးသမီးကြီးကြား ၁၀ မီတာတောင် မဝေးတော့ သလို ရထားကလည်း ရပ်မှာ မဟုတ်သေးတဲ့အတွက် ရွှီချန်ခိုင်ဟာ

ရထားပေါ်ကနေ ပြေးဆင်းသွားခဲ့ပြီးတော့ အမျိုးသမီးကြီးကို ရထားလမ်းပေါ် ကနေ တွန်းဖယ်ခဲ့ ပါတယ်နော်။ ဒါပေမဲ့လည်း သူ ညာဘက်ခြေထောက် ကို ချိန်သားကိုက် မရုတ်နိုင်ခဲ့လို့ ခြေထောက်တစ်ဖက် ရထားကြိတ်ခံခဲ့ရပါတယ်နော်။

စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ ရွှီချန်ခိုင်ဟာ သူ့ခြေထောက်ကို အရေးမထားဘဲ အမျိုးသမီးကြီးဟာ အသက်အန္တာရာယ် ကင်းရှင်းရဲ့လားလို့ ကြည့်နေတာ တွေ့ရပါတယ်နော်။ ဆေးရုံရောက်သွားတဲ့ အချိန်မှာ ဆရာဝန်တွေက

ရွှီချန်ခိုင်ရဲ့ ခြေထောက်ကို ဖြတ်ထုတ်ခဲ့ရပါတယ်နော်။ အမျိုးသမီးကြီးကတော့ သူ့အသက်သခင် ကျေးဇူးရှင် ရွှီချန်ခိုင်ကို ဆေးရုံမှာ လာကန်တော့ခဲ့ပါတယ်တဲ့။

သူ့မိသားစုမှာ တစ်ဦးတည်းသော သားဖြစ်တဲ့ ရွှီချန်ခိုင်ဟာ စစ်မှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပြီး အသက်တစ်ချောင်း ကယ်နိုင်ခဲ့တဲ့အတွက် သူ့လုပ်ရပ်ကို နောင်တမရမိဘူးလို့ ဆိုပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *