ပုံပြင်တွေထဲကလို တကယ့် လက်တွေ့ကမ္ဘာက ရွှေထွက်တယ် ဆိုတဲ့ သစ်ပင် အကြောင်း

ပုံပြင်တွေထဲကလို တကယ့် လက်တွေ့ကမ္ဘာက ရွှေထွက်တယ်ဆိုတဲ့ သစ်ပင်အကြောင်း

ငယ်ငယ်တုန်းက ပုံပြင်ထဲမှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို အပင်တွေဆီက ခူးယူကြတာ ကြားဖူးကြမှာပါနော်။ ရှေးတုန်းကလည်း ပစ္စည်းတွေသီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြတာပ့။

ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်းတော့ မဟုတ်ပေမယ့်လည်း ရွှေထွက်တဲ့ သစ်ပင်တွေအကြောင်း ပြောပြမှာပါနော်။ ဩစတေးလျက သုတေသီများဟာ Eucalyptus သစ်ပင်တွေရဲ့ အရွက်တွေမှာ ရွှေမှုန်လေးတွေ

တွေ့ရှိခဲ့ကြပါတယ်တဲ့။ ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ဒေသ တစ်ခုဖြစ်တဲ့ Goldfields-Esperance ဒေသဖြစ်ပြီး ဩစတေးလျတိုက်ရဲ့ အနောက်ဘက်မှာ ရှိပါတယ်နော်။

မူလကတော့ ရှာဖွေသူတွေဟာ ဒီမြေအောက်မှာ ဘာရှိသလဲဆိုတာလောက်ပဲ ရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့် Eucalyptus သစ်ပင်ဆိက ကျတဲ့ အရွက်မှာ ရွှေတွေ တွေ့ရှိခဲ့ကြပါတယ်နော်။ အဲဒီဒေသက Eucalyptus သစ်ပင်တွေဟာ

အကိုင်း အလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ အပင်တွေ ဖြစ်ပြီးတော့ အမြစ်တွေဟာလည်း မြေအောက်ဘက်ကို လျှိုတိုးနိုင်စွမ်းအားကောင်းတာကြောင့်ဘဲ ရေသောက် မြစ်တွေက ဘယ်လိုမြေအောက်ရေကို

အသုံးချပြီးတော့ အပင်တွေကိုရှင်သန်စေသလဲဆိုတာတောင် ရှာရခက်ပါတယ်နော်။ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘယ်လို ထွက်လာကြတာလဲ ဆိုတာပါပဲနော်။တကယ်တော့ Eucalyptus သစ်ပင်တွေရဲ့

အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့ မြေလွှာထဲအထိ ရောက်ရှိနိုင်ပါတယ်နော်။ သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့်လည်း မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ

အပင်တွေရဲ့ အဆိပ်ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူးအဆန်းလို ဖြစ်နေပါတယ်နော်။ ရွှေရှိတဲ့မြေလွှာထဲ ရောက်နေတဲ့အမြစ်တွေက ရွှေအပိုင်းအစတွေကိုစုပ်ယူပြီးနောက်မှာ အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့

အပေါ်ဆုံး အဖျားမှာရှိတဲ့ အရွက်တွေဆီ ပို့ပေးလိုက်ပါတယ်နော်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူတွေက အစကမယုံကြသေးပါဘူး။ ဖန်လုံအိမ်ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ကြရာမှာ အမှန်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *