ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှ ရေးမချိုးဖူးသော အမျိုးသားရဲ့ ဘဝ နောက်ကွယ်က ဝမ်းနည်းစရာ အကြောင်း

ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှရေးမချိုးဖူးသောအမျိုးသားရဲ့ဘဝ နောက်ကွယ်က ဝမ်းနည်းစရာ အကြောင်း

လွန်ခဲ့တဲ့ ၂ နှစ်ခန့်က Ludvik Dolezals အမည်ရှိတဲ့ ချက်သမ္မတနိုင်ငံမှ အိမ်ခြေမဲ့အမျိုးသားတစ်ဦး ဟာ ညစ်ပတ်မှုကြောင့် ရုတ်တရက်နာမည်ကျော်လာခဲ့ပြီးတော့ ဥရောပမှာ အညစ်ပတ်ဆုံးလူသားလို့ပင် ချီးမြှောက်ခံခဲ့ရတာပါ ။

အသက် ၆၀ ခန့်ရှိ မစ္စတာ Ludvik ဟာ Prague မြို့အရှေ့ဘက် ၆၅ ကီလိုမီတာခန့်၊ ချက်နိုင်ငံမြောက်ပိုင်း၊ Skrivany ရွာက စွန့်ပစ်လယ်ယာမှာ နေထိုင်ခဲ့တာပါ ။ သူက သူ့လက်ထဲကျရောက်တဲ့အရာအားလုံးကို မီးရှို့ပစ်ပြီး

သူ့ပိုင်ဆိုင်သမျှကိုတောင် မီးရှို့တက်တဲ့ စိတ်ရောဂါရှိတယ်လို့ ပြောကြပါတယ်နော် ။ ထိုမီးရှို့မှုတာတွေက မည်သူ့ကို မထိခိုက်စေခဲ့ပေမဲ့ မီးသတ်သမားများက ပုံမှန်မီးငြိမ်းသတ်ရန် လာရောက်လေ့ရှိပါတယ် ။သူက နှစ်ပေါင်းများစွာ ရေမချိုးခဲ့ရုံမက

သူက တာယာများ၊ ပလတ်စတစ်များ၊ စက္ကူများနဲ့ အခြားအရာများစွာ အပါအဝင်အခြား မီးရှို့ခဲ့တာကြောင့် သူ့ရဲ့အသားတဲ့ မဲပြီး ကိုယ်တွေမှ အနံ့ဆိုးများထွက်လာခဲ့ပါတယ်နော် ။ သူက စိုက်ခင်းရှိ မြင်းဇောင်းများထဲမှာ ပြာမှုန့်တွေနဲ့ပင် အိပ်ခဲ့ပါသေးတယ် ။

မစ္စတာ Ludvik ရဲ့ ခန္ဓာကိုယ်အားလုံးက အနက်ရောင်ပြောင်းသွားပြီး သူ့ရဲ့ မျက်လုံးများသာ အဖြူရောင်ဖြစ်နေခဲ့ပါတယ်နော် ။ဒေသခံမီဒီယာများအဆိုအရ မစ္စတာ Ludvik ဟာ သူ့ရဲ့ မှတ်ပုံတင်ကဒ်ပြားပျောက်ဆုံးမှုကြောင့် အကျဉ်းကျခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါ ။ သူ့ရဲ့ မိဘနှစ်ပါးစလုံး သေဆုံးသွားခဲ့ပြီး

သူက အခြားမောင်နှမရှစ်ယောက်နဲ့လည်း အဆက်အသွယ်ပြတ်နေတာကြောင့် လယ်ယာမှ ခဲအိုတစ်ဦး နဲ့အတူ နေခဲ့ရပါတယ်နော် ။သူ့ရဲ့အခြေအနေမကောင်းတာကြောင့် အိမ်နီးချင်းများက ပရိဘောဂများ သို့မဟုတ် ပစ္စည်းများကိုလက်ဆောင်များအဖြစ်

ယူလာပေးလေ့ရှိသော်လည်း ၎င်းတို့အားလုံးကို သူက ပြန်ပေးခဲ့ပါတယ်နော် ။အရင်နှစ်တွေမှာ မစ္စတာ Ludvik က ချက်နိုင်ငံအစိုးရမှ ပင်စင်ကိုပေးခဲ့သော်လည်း သူက ငွေကို မည်သို့သုံးရမည်ကို မသိသောကြောင့်ဘဲ ငွေအားလုံးကို မီးရှို့မှာကို ကြောက်သောကြောင့် မြို့တော်ဝန်က

ထိုငွေကို အနီးရှိစူပါမားကတ်တစ်ခုသို့ ပေးခဲ့ပြီး သူဆာတဲ့အခါတိုင်း အဲ့ဒီကို သွားစားနိုင်အောင် ပေးခဲ့တာပါ ။အရင်နေ့တွေမှာ Mr. Ludvik က အဆိုပါ ငွေပေးထားတဲ့ supermarket ကို မျက်ခြေမပြတ်လာနေကြတော့ ကြာသပတေးနေ့မှာ

မလာတော့ဒါကို လူတွေကသတိပြုမိပြီး တနင်္လာနေ့မှာ သူတို့က သူ့ကို သွားတွေ့ပြီး ဖုန်ထူတဲ့အပျက်အစီးအိမ်ထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်နော် ။

ရဲများက Mr. Ludvik သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေရန် အလောင်းကိုစစ်ဆေးမယ်လို့ ပြောခဲ့သော်လည်း သံသယဖြစ်စရာအကြောင်းရှိလိမ့်မယ်လို့ မထင်ပါ ။JRose (KB Chimmy One)

Reference : yan

Tags:

Add a Comment

Your email address will not be published. Required fields are marked *