အသက်ရွယ် အိုမင်းလွန်းပီး ပိန်ချုံးနေတဲ့ သနားစရာ ဆင်မကြီးကို ရိုးရာ အလှ ဝတ်ရုံတွေနဲ့ ဝတ်ဆင်ပေးပီး ဆယ်ညတိုင်တိုင် ဖျော်ဖြေခိုင်းခဲ့

အသက်ရွယ် အိုမင်းလွန်းပီး ပိန်ချုံးနေတဲ့ သနားစရာ ဆင်မကြီးကို ရိုးရာ အလှ ဝတ်ရုံတွေနဲ့ ဝတ်ဆင်ပေးပီး ဆယ်ညတိုင်တိုင် ဖျော်ဖြေခိုင်းခဲ့

သီရိလင်္ကာနိုင်ငံ မှ ရိုးရာ အလှဝတ်ရုံ ကိုယ်ထည်တွေနဲ့ အလှဆင်ပြီးတော့ ရိုးရာဓလေ့ပွဲ တစ်ခုကို ချီတက်နေရသေးတဲ့ သနားစရာ ဆင်အိုကြီး တစ်ကောင် အကြောင်းကို သနားစဖွယ် ကြားသိခဲ့ရတာပါ။

Save Elephant Foundation ကတော့ ဘသီရိလင်္ကာနိုင်ငံမှ အသက် (၇၀) အရွယ်ဆင်မ ကြီးTikiri ကို(၁၀) ညဆက်တိုက် အလုပ် ခိုင်းစေခဲ့တဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်နော် ။ Tikiri ဟာ

ရောင်စုံ ဝတ်စုံများနဲ့ Buddha Tooth Relic Paradeမှာ လူတွေကောင်းချီးခံစားရဖို့ကို ညတိုင် ကီလိုမီတာများစွာ လမ်းလျှောက် ပါဝင်ခဲ့ပါတယ်နော်။ဒါပေမယ့် လည်း ဆင်ဟာ အားနည်း နေပြီးတော့ မျက်ရည်များစီးကျလာခဲ့တာကို

ဆင်ရဲ့ မျက်နှာမှာ အဝတ်နဲ့ အလှဆင်ထားတာကြောင့်ဘဲ လူတွေက မသိခဲ့ပါဘူးနော်။ဆင်မရဲ့ အရိုးပေါ် အရေတင် ဖြစ်နေတဲ့ ပုံကို ဒီဝတ်ရုံကြောင့် လူများ က သတိမထားမိ ကြဘူးနော်။

ညဘက် ပွဲတော်အတွင်းဆူညံသံများ၊ မီးရှူး မီးပန်းများနဲ့ မီးခိုးများကြားမှ သူ့ခြေထောက်မှာသော့တိုကို ဝတ်ထားပြီးတော့ ဖြည်းဖြည်းချင်းလမ်းလျှောက်နေရပါတယ် ။

သို့သော် BuddhaTooth Relic Temple ရဲ့ ကိုယ်စားလှယ်မျာနဲ့း ပွဲစီစဉ်သူ ကတော့ တော့တိရိစ္ဆာန် ဆရာဝန်ကဘုရားကျောင်းက တိရိစ္ဆာန်ပုံမှန်ဂရုစိုက်နေပြီးတော့ မကြာခဏ စစ်ဆေးခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်နော် ။

ဒါပေမယ့်လည်း ဆင်မကြီးရဲ့ အိုမင်းလွန်းပီး ပိန်ချုံနေတဲ့ အဖြစ်မှန် ဓါတ်ပုံကြောင့်ဘဲ ဆင်ချစ်သူတွေရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်နော်။ဆင်မကြီး ဟာခြေလှမ်းတိုင်းကို ပင်ပန်းကြီးစွာ လှမ်းနေရပီးအလွန်မောပန်းနေပုံလဲရပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *