အိပ်မက်ထဲမှာ မြွေတွေကို တွေ့ရတဲ့အခါ ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့ နိမိတ်များ

အိပ်မက်ထဲမှာ မြွေတွေကို တွေ့ရတဲ့အခါ ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့ နိမိတ်များ

အိမ်မက်ထဲမှာ မြွေတွေကို မက်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ အတိတိနမိတ်လေး တေကို ပြောပြပေးချငိပါတယ်။အဲ့တာ တွေကတော့

၁။ မြွေကို ကြောက်ပြီး ထွက်ပြေးတယ်လို့ အိပ်မက် မက်တဲ့အခါ

အိပ်မက်ထဲမှာ မြွေဟာ ကိုယ့်ကို ကိုက်တော့ မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့် တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ် ဆိုရင်တော့ သင့်ထံသို့ ကံမကောင်းတဲ့ ကိစ္စရပ်တစ်ခု မကြာခင် ရောက်ရှိလာတော့မှာ လို့ဆိုလိုခြင်းဖြစ်ပါတယ်နာ်

၂။ မြွေနဲ့ တရင်းတနှီး ကစားနေရတယ်လို့ မြင်မက်လျှင်

သင်ဟာပြင်ပမှာတော့ မြွေကို သေမလိုကြောက်ပေမယ့်လည်း အိပ်မက် ထဲမှာမြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာကစားနေတယ် လို့ မြင်မက်တယ်ဆိုရင် သင် ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကိုရှာတွေ့ပြီး မကြာခင် ဖြေရှင်းနိုင် တော့မှာဖြစ်ပါတယ်နော်

၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင်

အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင်အချိန်မှာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ ဆိုလိုခြင်းပါ

၎။ မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီးတော့ သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းပါ။

၅။ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ

အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်နော်။

၆။ မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်ကပြင်းပြင်းထန်ထန် လိုက်ကိုက်ပြီးသင်ဒဏ်ရာရသွားတယ်လို့မြင်မက်တယ်ဆိုရင် ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီးပေါ်လာတော့မှာပါ။ ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင် မပေါ့ဆသင့်ပဲသတိကြီးစွာနေထိုင်သင့်ပါတယ်

၇။ မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင်

မြွေအချင်းချင်းရန်သတ်နေတာကို အိပ်မက်မြင်မက်တယ်ဆိုရင် သင်ပေါင်းသင်းနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကိုမလိုမုန်းထားသူရှိနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *