လူခြောက်လေး မွေးခြင်းနှင့် လူခြောက်မွေးလျှင် စီးပွားတတ်သလားဆိုတော့…

လူခြောက်လေးမွေးခြင်းနှင့် လူခြောက်မွေးလျှင် စီးပွားတတ်သလားဆိုတော့…

လူခြောက် ပြဿနာဟာ ဒီကနေ့ ခောတ်ကာလမှာ လူပြောများပြီးတော့ ရေရေရာရာ သေသေခြာခြာ အဖြေရှာမရသည့် ပေဟဠိ အဖြေညှိမရတဲ့ ပုစ္တာတစ်ပုဒ်အဖြစ် ရှင်သန်နေဆဲပါ။ ထိုသူကို မေးတော့လည်း သိသယောင် ဤသူကို မေးတော့လည်း

သိသယောင် ယောင်နှင့် ယေန့အထိ ဝိဝါဒ မကွဲပြားသေးပါဘူး။လူခြောက်မွေးလျှင် လာဘ်ကောင်းသည်၊ ကံကောင်း သည်ဟု ယုံကြည်မှုများရှိကြပြီးတော့ လူခြောက်ကလေးမှာ အသက်ရှိသည်ဟုလည်း လက်ခံထားကြတာပါ။

လူခြောက်လေးအား အသက်အရွယ်အလိုက် အစားအစာကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ခြင်းတို့ ပြုလုပ်ပေးလေ့ရှိတာပါ။လူခြောက်မှာ နေလှန်းထားသောအသား (သို့မဟုတ်) အီဂျစ်မံမီများကဲ့သို့ ဖြစ်သဖြင့် ပုပ်သိုးသွားခြင်းမရှိပေ။ ဆေးပညာသဘောအရ

လူခြောက်ဖြစ်ပေါ်လာရခြင်းမှာ သန္ဓေသားသည် မိခင်၏ ဝမ်းဗိုက်အတွင်း၌ သွေးလုံလောက်စွာ မရနိုင်သဖြင့်၊ အာဟာရနှင့် အောက်စီဂျင် မရရှိနိုင်သော ကြောင့် သေဆုံးသွားခြင်းပါ။

လူခြောက်ဟူသည် ဘုံဘဝတမျိုးမှ သတ္တဝါမဟုတ်ပါ။ ခန္ဓာငါးပါးရှိသည့် လူ့ဘဝ ၌ပင် ဇလာဗုဇ ပဋိသန္ဓေ နေကြသူများ ဖြစ်ပါသည်။ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စေသာ သံယုတ်ပါဠိတော်လာအတိုင်း

အမိဝမ်းတွင်း ကာလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တစ်ပတ်) အမြှုပ် တစ်သတ္တာဟ။ သားတစ် တစ်သတ္တာဟ။ အခဲ တစ်သတ္တာဟ။ ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍ ၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့တာပါ။

၎င်း၏အသက်ဝိညာဉ်သည် ပဋိသ‌န္ဓေအစ ကာလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟအတွင်း သေဆုံးပြီး သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ

အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘဝ (ဂန္ဓဗ္ဗ ဝေမာနိက ပြိတ္တာ) မျိုးတွင် ဖြစ်တာ။ (ရှေးဘဝ ကောင်းမှု အကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)အသက်ဝိညာဉ်မဲ့သော

သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော် လည်း တစုံတခုသောအကြောင်း (ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပ်က္က်မသြားဘဲ တဖြည်းဖြည်း ခြောက်သွားရတာပါ။ ၎င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်

း ပြန်လည်ပိန်ကြုံ၍ သြားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့်)တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မ်က္စိ၊ နား၊ နှာခေါင်း အရာပါရုံမျှ ရှိသည့်လူသား လောင်း အခြောက်ကလေး (၄-လက်မအရွယ်) မျှသာ မွေးဖွားလာခဲ့ရသည်

။ထိုအခါ၎င်းလူသားလောင်းကလေးမှ ဘဝ ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ်ကဲ့သို့ အသင့်အတင့် တန်ခိုးရှိသဖြင့် ၎င်း၏ ရုပ် ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်ပြီး နေလာလေသည်။

ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက် ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၎င်းအား မှီတွယ်စွဲဝင်နေသော

ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘော သဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါ သည်။အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ် (သို့) မှီတွယ်စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *