ဆော်ပိုကြည်အောင် ရေထဲခုန်ချပြီး ရေကူးပြခဲ့ရာက မိကျောင်းဆွဲခံခဲ့ရတဲ့ အမျိုးသား

ဆော်ပိုကြည်အောင် ရေထဲခုန်ချပြီးရေကူးပြခဲ့ရာက မိကျောင်းဆွဲခံခဲ့ရတဲ့ အမျိုးသား

အသက် 18 နှစ်အရွယ်သာရှိသေးတဲ့ Lee De Paauw အမည်ရ အမျိုးသားကတော့ သူ တိတ်တခိုး သဘောကျနှစ်သက်နေ တဲ့ Sophie Paterson သဘောကျနှစ်ခြိုက်မလားရယ်လို့ ရေထဲကို ခုန်ချကာ ရေးကူးစွမ်းရည် ပြသခဲ့တာပါ။

Sophie ဟာ အင်္ဂလန်နိုင်ငံ Yeovil, Somerset မှာ နေထိုင်သူပါ။ သူမ သြစတေးလျှကို အလည်အပတ်ရောက်ရှိနေစဉ်မှာ ဒေသခံ Lee က ပိုးပန်းခဲ့တာ ဖြစ်ပါတယ်။ Lee ဟာ ရေကူးနေစဉ်မှာ ဆယ်ပေအရှည်ရှိ မိကျောင်းကြီးက

သူ့ဘယ်ဘက်လက်မောင်းကို ကိုက်ဆွဲပြီး၊ ရေနက်ရာကို ခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်နော်။Lee ဟာ အသံကုန်အော်ကာ အကူအညီတောင်းခံခဲ့ပေမယ့် ရုတ်တရက်တော့ Sophie အပါအဝင် လူတွေကကြောင်နေခဲ့ပါတယ်တဲ့။

ဒါပေမယ့် Lee ဟာ ကိုယ်တိုင်က သတ္တိနည်းသူမဟုတ်လို့ မိကျောင်းကြီးကို ညာဘက်လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ပြီး၊ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်.ဒီအဖြစ်အပျက်ဟာ ကွီးန်းစလန်းမှာမှာ တည်ရှိတဲ့ Johnstone မြစ်ထဲ

မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။သူရဲ့အကြောင်းကို Lee က Nova FM’s Fitzy and Wippa အစီအစဉ်မှာ ဖွင့်ဟခဲ့ပါ တယ်နော်။Lee က “ကျွန်တော်က ဗြိတိန် ခရီးသွားမလေးကို ကိုယ်ရည်သွေးပြချင်ခဲ့တာပါ … သူ့ဖုန်းနံပတ်လည်း

ကျွန်တော်က ရထားတာကိုး … သူ့နာမည်ကတော့ Sophie ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်တဲါ။သူက ဆက်လက်ပြီး ” မိကျောင်းက ကျနော့်ကို ခြောက်မီတာလောက်အထိ ဆွဲသွားတယ်ဗျ ။ကျွန်တော် လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တယ်။

သူ့နှာခေါင်းကို အားပြုထိုးတာပေါ့ ။နောက် ညာဘက်မျက်လုံးကို ထိုးတယ် အဲဒီတော့မှ မိကျောင်းက လွှတ်ပေးတာ “လို့ ဆိုပါတယ်။ဒီအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ အသက် 4 နှစ်အရွယ် ဗြိတိန်သူ Sophie က ဟုတ်မှန်ကြောင်း

အတည်ပြုခဲ့ပြီး သူမရဲ့ ကိုယ်တွေ့ကို ပြန်ပြောပြတာပါ။သူမက ” သူ ခုန်ချသွားတာ သိပ်မြန်ပြီး သိပ်ကို ကြည့်ကောင်းပါတယ် သူ ပြန်ကူးလာပြီး မကြာမီမှာပဲ မိကျောင်းက ဆွဲတာ အော်သံတွေကတော့ ဆူညံနေတာပဲ ရေထဲမှာလည်း သွေးတွေက

ချင်းချင်းနီသွာတယ် “လို့ ပြောခဲ့ပါတယ်နော်။ Lee ကို အနီးအနားက လူတွေက Department of Environment and Heritage Protection ဆေးရုံသို့ အမြန်ပို့ပေးခဲ့ကြပါတယ်နော်။

ခွဲစိတ်မှု ခံယူပြီးနောက် အခုအခါမှာတော့ လက်က အတော်လေး အဆင်ပြေနေပါပြီတဲ့။ ဒီအဖြစ်အပျက် ဟုတ်မှန်ကြောင်းကိုလည်း ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါသေးတယ်တဲ့။Credit

Add a Comment

Your email address will not be published. Required fields are marked *