တစ်မိနစ်မှာ (၂၈) ကြိမ်နှုန်းနဲ့ တစ်နှစ်ပတ်လုံး မိုးကြိုး အပစ်ခံနေရတဲ့ မြို့တစ်မြို့

တစ်မိနစ်မှာ (၂၈) ကြိမ်နှုန်းနဲ့ တစ်နှစ်ပတ်လုံး မိုးကြိုး အပစ်ခံနေရတဲ့ မြို့တစ်မြို့အကြောင်း

ပရိသတ်တွေအနေနဲ့ မိုးကြိုးပစ်တာကို မျက်မြင်ကိုယ်တွေ့ကြုံဖူးပါသလား။ ကမ္ဘာပေါ်မှာ မိုးကြိုးပစ်တာကို မမြင်ချင်မှအဆုံးဖြစ်သွားစေမယ့် ထူးဆန်းတဲ့ နေရာလေးတစ်နေရာရှိတာပါ။ စိတ်ဝင်စားရင်တော့ အကြေင်းရာလေးကို

ဆက်လက်ဖတ်ရှုအားပေးပါနော်။ မိုးကြိုးမြို့တော်၊ ကာတာတမ္ဘို (Catatumbo) ရဲ့အဆုံးမရှိတဲ့မုန်တိုင်း၊ မာရာကိုင်ဘို (Maracaibo) ရဲ့ မီးပြတိုက် အစရွိတဲ့ အမည်မျိုးစုံကိုပိုင်ဆိုင်ထားတဲ့ ဒေသလေးကတော့ တောင်အမေရိကတိုက် ဗင်နီဇွဲလား (Venezuela) နိုင်ငံရဲ့

ကျူလီယာ (Zulia) ပြည်နယ်မှာရှိတာပါ။ ဒီနေရာမှာတစ်နှစ်ကို တစ်မိနစ်ကု မိုးကြိုး (၂၈) ကြိမ် နှုန်းနဲ့ တစ်နှစ်ကို ရက်ပေါင်း (၃၀၀) နီးပါးလောက် မိုးကြိုးတွေအဆက်မပြတ် ပစ်နေတာကြောင့် နာမည်ကျော်ကြားလှပါတယ်။

ဘာလို့ ဒီနေရာက အမြဲတမ်း အဆက်မပြတ် မိုးကြိုးတွေပစ်ချနေရတာလဲ။ အကြောင်းအရင်းကတော့ ဒီလိုပါ .မာရာကိုင်ဘို ရေကန်ကြီးဟာ အလ်ား (၁၅၉) ကီလိုမီတာ အနံ (၆၇) ကီလိုမီတာ လောက်ကျယ်ဝန်းပြီး ဗင်နီဇွဲလားပင်လယ်ကွေ့အနီးမှာတည်ရှိတာပါ။

ဒီရေကန်ကြီးနဲ့ ကာတာတမ္ဘို မြစ်ဝဆုံတွေ့တဲ့ နေရာကတော့ ထူးခြားဖြစ်စဉ်တွေဖြစ်ပေါ်တဲ့ အဓိက နေရာလို့ဆိုနိုင်ပါတယ်။ဒီနေရာမှာဖြစ်ပေါ်တဲ့ တိမ်တိုက်တွေဟာဆိုရင် စတင်ဖြစ်ပေါ်ပြီး တစ်နာရီလောက်အကြာမှာ လျှပ်ပြတ်သလိုအလင်းရောင်တွေ

ဖြစ်ပေါ်လာကြတာပ့။ လျှပ်ပြတ်တဲ့အကြိမ်အရေအတွက်က တဖြည်းဖြည်းပိုမိုစိပ်လာပြီး ၁ မိနစ္ကို အကြိမ် (၂၀၀) လောက်အထိ လျှပ်စီးလက်လာပါတယ်တဲ့။ ပြီးရင်တော့ တိမ်တိုက်ကြီးတစ်ခုလုံးလင်းထိန်လာပြီး ဧရာမ

မီးသီးကြီးတစ်လုံးလိုကောင်းကင်မှာလင်းလက်နေတာဖြစ်ပါတယ်။သင့်အနေနဲ့ ဒီနေရာမှာ ညသန်းခေါင်အချိန်လာပြီး သတင်းစာတောင် ကောင်းကောင်းဖတ်လို့ရတယ်လို့ ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖူးတဲ့ ဓာတ်ပုံပညာရှင် ဂျိုးနက်စ်ပွိုင့်တက်ခ် (Jonas Pointek) ကဆိုပါတယ်နော်။

ဗင်နီဇွဲလားနိုင်ငံရဲ့ လေထုဟာ ကမ္ဘာပေါ်မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံး နိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်ပြီး မာရာကိုင်ဘို ရေကန်ထဲစီးဝင်တဲ့ ကာတာတမ္ဘို မြစ်ဟာ အမြဲတမ်းသိပ်သည်း စိုထိုင်းဆများပြားတဲ့ ရေခိုးရေငွေ့တွေသယ်ဆောင်

လာတာကလည်း ဒီလိုမိုးကြိုးမုန်တိုင်းတွေထန်နေရတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိတာပါ။ဒါ့အပြင် မူမမှန်တဲ့ လေကြောင်းပုံစံ နဲ့ မြေမျက်နှာသွင်ပြင်တွေကလည်း ဒီအဖြစ်အပျက်တွေကို ဖြစ်ပေါ်အောင် တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနေတယ်လို့သိရပါတယ်နော်။

ဒီနေရာမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးရဲ့ ပြောကြားချက်မှာတော့ ကာတာတမ္ဘို လျှပ်စီးရဲ့ လျှို့ဝှက်ချက်က နိုင်ငံရဲ့ထူးခြားတဲ့မြေမျက်နှာသွင်ပြင်ကြောင့်ပါ။ အင်ဒီးစ်တောင်တန်းတွေဟာမာရာကိုင်ဘိုရေကန်ကို

တောင်ဘက်ကနေမြင်းခွာ ပုံစံဝန်းရံ ထားပြီးမြောက်ဘက် မှာရှိတဲ့ကာရစ်ဘီယံပင်လယ်နဲ့ဆုံတွေ့စေပါတယ်။ဒါကြောင့် တောင်ဘက်ကလာတဲ့ အေးမြတဲ့လေပြင်းတွေ ဟာ ညအချိန်မှာ ချိုင့်ဝှမ်းတွေဆီကိုရွေ့လျားပြီး ပင်လယ်နဲ့ရေကန်များတွေက ပူနွေးသောလေနဲ့ ပေါင်းစပ်မိတဲ့အခါ

လျှပ်စီးတွေကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်တဲ့။ဒါပေမယ့်လည်း ပစ္ခ်တဲ့ မိုးကြိုးတွေရဲ့ အရောင်ဟာ သာမန်မြင်နေတွေ့နေကျ အဖြူရောက် လျှပ်စီးတန်းမျိုးမဟုတ်ဘဲ လိမ္မော်ရောင်၊ အနီရောင်၊ ခရမ်းရောင် စသဖြင့် ရောင်စုံဖြစ်နေတဲ့ အကြောင်းကိုတော့ သိပ္ပံပညာရှင်တွေအနေနဲ့လည်း အတိအက် ဖြေရှင်းချက်မထုတ်နိုင်သေးပါဘူးတဲ့။Credit

Add a Comment

Your email address will not be published. Required fields are marked *