သခင်မိသားစုကို မီးဘေးအန္တာရာယ်ကနေ အချိန်မှီလေး ကယ်တင်နိုင်တဲ့ လိမ်မာတဲ့ ခွေးလေး

သခင်မိသားစုကို မီးဘေးကနေ အချိန်မှီလေး ကယ်တင်နိုင်တဲ့ လိမ်မာတဲ့ ခွေးလေး

ခွေးတွေဟာ လူသားတွေအတွက် တကယ့်ကိုကောင်းမွန်တဲ့ အဖော်ကောင်းတွေဖြစ်ပြီး သူတို့က အိမ်ကိုစောင့်ရှောက်ပေးတတ်ကြသူတွေပါ။ခွေးတွေက သူတို့အရှင်သခင်ရဲ့ အသက်ကိုတောင် ကယ်တင်ပေးတတ်ကြတဲ့ အဖြစ်အပျက်တွေများစွာလည်း

ရှိလို့နေတာပါ။ဒီကနေ့မှာ ခွေးတွေက တကယ့်ကိုသစ္စာရှိပြီး အရှင်သခင်အပေါ် ဂရုစိုက်ကြောင်းကို သက်သေပြနေတဲ့ အကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ မလေးရှားခွေးလေးတစ်ကောင်ဟာ သခင်မိသားစုဝင် ငါးယောက်ရဲ့

အသက်ကို ကယ်တင်ပေးခဲ့တာပါ။ မိသားစုဝင်တွေအိပ်ပျော်နေတဲ့အချိန်မှာ နိုးသွားအောင်လုပ်ပြီး မီးသတိပေးခဲ့တာပါ။ဒီအဖြစ်အပျက်ကတော့ မနက်ငါးနာရီခန့်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ခွေးကလေးကလွဲပြီး ကျန်တဲ့မိသားစုဝင်အားလုံးက

အိပ်ပျော်နေကြတဲ့အချိန်ပါ။ မီးကရုတ်တရက် စတင်လောင်ကျွမ်းတယ်လို့ ယူဆရတဲ့အချိန်မှာ ခွေးရဲ့အနံ့ခံနိုင်စွမ်းက မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိရှိပြီး မိသားစုဝင်တွေကို သတိပေးခဲ့တာပါ။ခွေးလေးဟာ အသက် ၅၃ နှစ်အရွယ် A.Vimala ကိုနှိုးရန်ရွေးချယ်ခဲ့ပေမယ့် သူမဟာ ပြသနာကိုမမြင်တွေ့တဲ့အတွက် ဘာတုံ့ပြန်မှုမှ မလုပ်ခဲ့ပါဘူး။

အဲနောက်မှာ ခွေးလေးက သူမရဲ့မျက်နှာနဲ့ နားတွေကို ကိုက်သလိုသွားလုပ်ပြီး သူမရဲ့ညဝတ်အကျီ င်္တွေကို ဆွဲလှန်လိုက်တာပါ။အမျိုးသမီးဟာ ခွေးလေးရေဆာနေတယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း ခွေးလေးကတော့ ဆက်တိုက်သူမအနားမှာ ရှိနေခဲ့ပါတယ်။ အဲနောက်မှာတော့ သူမဟာ အိပ်ရာကထလိုက်ပြီးနောက်မှာတော့

မီးလောင်နေတာကို တွေ့မြင်ခဲ့တာ ဖြစ်ပါတယ်။ မီးလောင်နေတာကို တွေ့သွားတဲ့အမျိုးသမီးဟာ ချက်ချင်းပဲ ကျန်မိသားစုဝင်တွေကို နိုးခဲ့တာပါ။“ကျွန်မသူ့ကို မီးဖိုချောင်ထဲမှာ ရေသွားသောက်ဖို့ ပြောပေမယ့် သူက ကျွန်မနားမှာပဲ

ဆက်တိုက်ရပ်နေခဲ့ပြီး ကျွန်မရဲ့အဝတ်အစားတွေကို ဆွဲနေခဲ့တယ် ကျွန်မအိပ်ရာကထပြီးကြည့်လိုက်တဲ့အချိန်မှာတော့ အိမ်ရဲ့အလယ်ဆုတောင်းစင်ရှိတဲ့နေရာမှာ မီးလောင်နေတာကို တွေ့ခဲ့တာပါ” လို့ အမျိုးသမီးက ပြောပြခဲ့တာပါ။A.Vimala ရဲ့ခင်ပွန်းဖြစ်သူ N.Marimuthu ဟာ လေဖြတ်နေတာကြောင့်

လမ်းလျှောက်ဖို့ ခက်ခဲသူတစ်ယောက်ဖြစ်ပြီးတော့ သားဖြစ်သူရဲ့အကူအညီဖြင့် အိမ်ပြင်ကိုလွတ်မြောက်နိုင်ခဲ့ပါတယ်။ မိသားစုဝင်အားလုံးဟာ ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်သာရှိခဲ့တာပါ

။ခွေးလေးရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို တစ်မိသားစုလုံးက ကျေးဇူးတင်ခဲ့ကြတာဖြစ်ပြီးတော့ Anandaveli က မီးလောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့် ချက်ချင်းသင့်တော်တဲ့ ကုသမှုကို ခံယူနိုင်ခဲ့တာပါ။source;SHWEMOM

Tags:

Add a Comment

Your email address will not be published. Required fields are marked *