ငွေပုံကြီးပေါ်မှာ အိပ်နေမိတာကို မသိခဲ့တဲ့ ၈၁နှစ် အရွယ် အိမ်ယာမဲ့အဖွားအို

ငွေပုံကြီးပေါ်မှာ အိပ်နေမိတာကို မသိခဲ့တဲ့ ၈၁နှစ် အရွယ် အိမ်ယာမဲ့အဖွားအို

အသက်(၈၁ နှစ်အရွယ် အိမ်ယာမဲ့ အဖွားအိုတစ်ဦးဖြစ်သော María del Carmen Santana Díaz ဟာ မက္ကဆီကိုနိုင်ငံ၊Michoacán စီရင်စု Zitácuaro မြို့မှာနေထိုင်သူပါ။ သူမဟာ အိမ်ယာမဲ့ဖြစ်တဲ့အတွက်ကြောင့်ဘဲ

မြို့ရဲ့အမှိုက် ထူပြောတဲ့လမ်းမတွေ ပေါ်နဲ့ တိုက်အို တိုက်ပျက်တွေအတွင်းမှာ အလျဉ်းသင့် သလို နေထိုင်ခဲ့ ရပါတယ်နော်။သူမနဲ့နီးစပ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့အဆိုအရ အဖွား Carmen ဟာ လူမှုဆက်ရေးလည်း ကောင်းမွန်သူဖြစ်သလို

၊ အခြားသူတွေနဲ့လည်း တည့်အောင်ပေါင်းနိုင်သူဖြစ်ကြောင်း၊ စိတ်ကောင်းနှလုံးကောင်း ရှိသူဖြစ်ကြောင်း ဆိုပါတယ်နော်။ အဖွားဟာ သာမန်အားဖြင့်တော့ ပစ္စည်းပို့ပေးတဲ့အလုပ်တွေကို လုပ်ကိုင်လေ့ရှိပါတယ်။ ဒီအတွက်လည်း အဖွားက

ယုံကြည်စိတ်ချရပါတယ်တဲ့။အဖွားကို မြို့နေပြည်သူတွေက ချစ်ခင်တာကြောင့် သူမ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနေဖို့အတွက် အမှိုက်သရိုက်တွေနဲ့ အဆောက်အဦးအပျက်အစီးတွေကို ရှင်းလင်းပေးဖို့ မြို့တော်ကောင်စီကို ဖိအားပေး

တောင်းဆိုခဲ့ကြပါတယ်နော်။ ဒီလိုနဲ့ အမှိုက်တွေ ရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ မြုပ်နေတဲ့ ဘီရိုအဟောင်းကြီးတစ်ခုကို တွေ့ခဲ့ရပါတယ်တဲ့။အဆိုပါ ဘီရိုကြီးကို ရှင်းလင်းစဉ်မှာ မက္ကဆီကိုငွေကြေး အကြွေစေ့တွေ ပြည့်နှက်နေတဲ့

မြေကြီးနဲ့ရောထားတဲ့ သတ္တုခွက်ကြီးတစ်လုံးကို တွေ့ခဲ့ရပါတယ်နော်။ တန်ဖိုးအားဖြင့် တွက်ချက်ကြည့်တဲ့အခါ ပီဆို (၅)သောင်း တန်ကြေးရှိပြီး အမေရိကန်ဒေါ်လာ (၂၅၀၀)ခန့် တန်ကြေးရှိပါတယ်တဲ့။ကနဦးတုန်းကတော့ အဖွားက

ဒီပိုက်ဆံတွေဟာ မိမိနဲ့မဆိုင်ကြောင်း ပြောခဲ့ပေမယ့် သူမကိုသာပေးဖို့ လူထုက ဆုံးဖြတ်ခဲ့ပါတယ်။ ဒေသခံဂျာနယ်လစ်တစ်ဦးက Carmen အတွက် သုံးစွဲဖို့ ဒီပိုက်ဆံတွေနဲ့ပတ်သက်လို

့ တာဝန်ယူပေးခဲ့ပြီးတော့ အဖွား Carmen ကို ဒီထက်ပိုကောင်းတဲ့ဘဝ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်နော်။Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *