လယ်ထွန်နေရင်း(၁၄.၉၈) ကာရတ်ရှိတဲ့ စိန်တုံးကြီး တွေ့ရှိခဲ့တဲ့ လယ်သမားကြီး

လယ်ထွန်နေရင်း (၁၄.၉၈) ကာရတ်ရှိတဲ့ စိန်တုံးကြီး ရှာတွေ့ခဲ့တဲ့ လယ်သမားကြီး

လူတစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲဖြစ်တဲ့ အချိန်တွေဆိုတာ ရှိတတ်တာပါ။ “လှံထမ်းလာတာ မြင်ရတယ်၊ ကံထမ်းလာတ မမြင်ရဘူး”ဆိုတဲ့ စကားအတိုင်း လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ အရမ်းကို အလှည့်အပြောင်း မြန်လှပါတယ်။

အခုပြောပြချင်တဲ့ လယ်သမားကြီးတစ်ယောက်လိုပေါ့။အဆိုပါ လယ်သမားကြီးကတော့ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်ရှိ အသက် ၄၅ နှစ်အရွယ် Lakhan Yadav အမည်ရ လယ်သမားကြီး အကြောင်းပါ။

Yadav ဟာ တော်တော်လေးကို ဆင်းရဲတဲ့ ကလေး ၄ ယောက်အဖေ လယ်သမားကြီးပဲ ဖြစ်ပါတယ်နော်။ လယ်တောင် ကိုယ်ပိုင်မရှိလို့ မရှိမဲ့ရှိမဲ့ ပိုက်ဆံတွေကို ခြစ်ကုပ်ပြီးတော့ လယ်ပိုင်ရှင်တစ်ယောက်ထံမှ လယ်ကို လပေးနဲ့ငှားပြီးတော့

လယ်ယာအလုပ်ကို လုပ်ကိုင်နေခဲ့ပါတယ်နော်။ ဒီလိုနဲ့ တစ်ရက်မှာတော့ လယ်ထွန်ယက်နေရင်း မြေကြီးထဲမှ ၁၄.၉၈ ကာရက်ရှိတဲ့ စိန်တုံးကြီးတစ်တုံးကို တူးဖော်ရခဲ့ပါတယ်တဲ့။ အဆိုပါ စိန်တုံးကြီးကိုတော့ မကြာသေးခင်အချိန်ကပဲ

ရူပီးငွေ ၆ သန်း(အမေရိကန်ဒေါ်လာ ၈၀,၀၀၀၀)နဲ့ ရောင်းစားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်နော်။“တော်တော်လေးကို ဝမ်းသာရပါတယ်။ အဲဒီငွေတွေကို လက်တလောသုံးဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ပညာလုံးဝမတတ်တဲ့ လူဆိုတော့ အဲဒီငွေတွေနဲ့ ကျွန်တော့်ကလေး ၄ ယေက်ရဲ့ ပညာရေးကို

အစွမ်းကုန်ထောက်ပံ့သွားဖို့ အစီအစဉ်တော့ ရှိပါတယ်။ အခုတော့ မော်တော်ဆိုင်ကယ်တစ်စီး၊ လယ် ၂ ဧကနဲ့ ကျွဲနှစ်ကောင် ဝယ်ထားပါတယ်။ မော်တော်ဆိုက်ကယ်ကလည်း ကျွန်တော့်တူတွေ

စီးချင်တယ်ဆိုလို့ ဝယ်ပေးခဲ့တာပါ။ ကျွန်တော်ကတော့ ကျွန်တော့်စက်ဘီးလေးပဲစီးနေရရတာ အဆင်ပြေပါတယ် လို့ Yadav က ပြောကြားခဲ့ကြောင်း NY Post သတင်းစာက ဖော်ပြခဲ့တာဘဲ ဖြစ်ပါတဟ်။Credit

Add a Comment

Your email address will not be published. Required fields are marked *