Unicode…ထက်ထက်မိုးဦးရဲ့ ဖခင် ကိစ္စမှာ ဘယ်သူ့မှအကြောင်းမကြားပဲ နေ့ချင်းပြီး ပြုလုပ်ခဲ့ရတာကို ပြောပြလာတဲ့ ဝေဠုကျော်
ပရဟိတမင်းသားကြီးလို့ အားလုံးက သတ်မှတ်ထားကြတဲ့ မင်းသား ဝေဠုကျော်ကတော့ ယခု နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ထက် ပရဟိတလုပ်ငန်းများကိုဘဲ လုပ်ကိုင်နေတာဘဲ ဖြစ်ပါတယ်။မင်းသား ဝေဠုကျော်ကတော့
ထက်ထက်မိုးဦး ဖခင်ရဲ့ နာရေးကို ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးခဲ့တာဖြစ်ပြီး အဲဒီ အကြောင်းအရာနဲ့ ပက်သက်ပြီးတော့ မီဒီယာများကို ခုလို ဖြေကြားခဲ့တာပါ။မင်းသား ဝေဠုကျော် က မှုန်ရွှေရည်ဆိုတဲ့ နာမည်နဲ့ မင်းသမီးစလုပ်ခါစထဲက
မထက်နဲ့ စပြီး ခင်ခဲ့တာပါ။ မထက်ရဲ့ အဖေ ဆေးရုံတက်ရတော့ မထက်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဒါပေမဲ့ ဆေးရုံကို မရောက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က covid ရှိတဲ့သူရော ထိစပ်တဲ့သူတွေရောကို
ကူညီနေရတာဖြစ်လို့ အဲ့တုန်းကတော့ ဘယ်မှကို မသွားဘူး။ မထက် အဖေဆုံးတယ်ဆိုတဲ့အချိန်ကျ ကျွန်တော်က ၂၁ ရက် အိမ်မှာပဲ ထိစပ်မှု မရှိအောင် နေပြီးပြီဆိုတော့ အဲ့ချိန်ကတော့ ကူညီခွင့်ရခဲ့ပါတယ်။
မထက်က အဖေဆုံးပါးသွားတဲ့အပေါ် ဘယ်သူ့ကိုမှ အသိမပေးချင်ဘူး နေ့ချင်းပြီး လုပ်ချင်ပါတယ်ဆိုတဲ့အတွက် အဲ့ဒါကြောင့် ဘယ်သူ့ကိုမှလည်း အကြောင်းမကြားပဲ အမရဲ့ ဆန္ဒအတိုင်း လုပ်ပေးခဲ့တာပါ။
မထက်က သူ့အဖေရဲ့ နောက်ဆုံးချိန်အတွက် လုပ်ပေးခွင့်ရလိုက်တယ်ပေါ့နော်။ ဆုံးရှုံးလိုက်ရတယ်ဆိုပေမဲ့ ဖြေသာပါသေးတယ်ပေါ့နော်။ တချို့ဆို နောက်ဆုံးချိန်မှာတောင် စောင့်ရှောက်ခွင့်မရလိုက်တဲ့
မိသားစုတွေလည်း ရှိတတ်ပါတယ် လို့ ထက်ထက်မိုးဦးဖခင် နောက်ဆုံးခရီးမှာ ကူညီခွင့်ပေးခွင့် ရတာကို ဖြေကြားခဲ့တာပါ။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို
သာယာဖွယ် နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ခုလို ကိုဗစ်ကာလကြီးမှာ ရောဂါ ဘယတေ ကင်းဝေးကြပါစေနော်။Credit:San kyi Pyar
Add a Comment
Your email address will not be published. Required fields are marked *