အဖွားဆုံးလို့ အမွေရလိုက်တဲ့ စောင်အစုတ် ၂ ထည်ကြောင့် သူဌေး ဖြစ်လာခဲ့တဲ့ အမျိုးသား

အဖွားဆုံးလို့ အမွေရလိုက်တဲ့ စောင်အစုတ် ၂ ထည်ကြောင့် သူဌေးဖြစ်လာခဲ့တဲ့ အမျိုးသား

Loren Krytzer အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ့အဖွားကသေဆုံးသွား တဲ့တွက် အဖွားကိုသူကတိပေးထားတဲ့အတိုင်း အဖွားရဲ့စာအုပ် များကိုစုဆောင်းဖို့ သူ့အိမ်သို့သွားခဲ့သည်။သူအိမ်ကိုရောက်တဲ့အချိန်မှာတော့ အစ်မနှင့်အမေက

အဖွားရဲ့ ကျန်ရစ်တဲ့ပစ္စည်းတွေထဲမှ ကောင်းသောအရာတိုင်းကို အစောထဲကလုယူပြီးသားဖြစ်လို့ နေခဲ့တာပ့။ သူ့အတွက်အနေနဲ့ အဘိုး နဲ့အဖွားတို့လက်ထက်ထဲက အသုံးပြုလာကြတဲ့ စောင်လေးနှစ်ထည်ကို အိတ်ထဲထည့်ပြီး

သူ့ရှေ့ကိုအစ်မဖြစ်သူကပစ်ချ ပေးလေသည်။စောင်နှစ်ထည်မှာ တထည်ကနူးညံ့ပျော့ပျောင်းသော Hudson’s Bay အမှတ်တံဆိပ်စောင်တစ်ထည်နဲ့ နောက်တစ်ထည်က သူ့အဖွားမွေးထားသော ကြောင်ပေါက်စလေးတွေ

အိပ်ရန် အိပ်ယာအဖြစ်အသုံးပြုခဲ့တဲ့ စောင်ဟောင်းတစ်ထည်တို့ပဲ။အဖွားရဲ့အမွေအနေနဲ့ သူ့ရဲ့မောင်နှမမိသားစုဝင်ထဲက ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မလိုချင်ကြတဲ့စောင်အဟောင်းနှစ်ထည်ကို အမွေအဖြစ်နဲ့ သူဆက်ခံရရှိခဲ့ပါတယ်။

“ဒီလောက် ညစ်ပတ်ပေရေပြီး ဟောင်းနွမ်းနေတဲ့စောင်ကို ငါတော့မလိုချင်ဘူး” လို့ အစ်မနဲ့မိခင်ဖြစ်သူတို့ရဲ့ ပြောခဲ့တဲ့စကားကို ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Loren ဟာ Antiques Roadshow လို့အမည်ရတဲ့ ရုပ်သံအစီအစဉ်ပြပွဲတစ်ခုရဲ့ အပိုင်းတွဲကိုကြည့်ရှုနေခဲ့ပါတယ်။

ဒီအစီအစဉ်မှာ အမျိုးမျိုးသော ရှေးဟောင်းပစ္စည်းတွေကို အများအပြားပြသတာပါ။ထိုအရာတွေထဲမှ သူ့အဖွားဖြစ်သူရဲ့ အမွေဖြစ်ရရှိခဲ့တဲ့ ဘယ်သူမှမလိုချင်ကြတဲ့ ညစ်ပက်နေတဲ့ စောင်တထည်ဟာ ရက်အင်ဒီယန်းလူမျိုးတွေရဲ့ မူလပထမလက်ရာ Navajo လို့ခေါ်တဲ့ ရှားပါးစောင်တစ်ထည်ဖြစ်ပြီး

ဒီစောင်တစ်ထည်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၅ သိန်းခန့် တန်ဖိုးရှိကြောင်း ဖော်ပြသွားတာပါ။သူဟာ အဖွာဖြစ်သူ စောင်ကို စစ်ဆေးပြီးတာနဲ့ TV မှာပါတဲ့စောင်နဲ့သူ့စောင်ဟာ အကုန်နီး ပါးတူညီနေကြောင်း သူသေချာသဘော ပေါက်လိုက်ပါတော့တယ်။

ပထမဆုံး ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖေါက်ကားသူ ကုန်သည်များကို ဆက်သွယ်ရန် Krytzer အနေနဲ့က အလှမ်းဝေးခဲ့သည်။ ဒါနဲ့ Online မှာရှာဖွေရင်းနဲ့ စိတ်ပျက်စရာလူတွေနဲ့လည်း ကြုံတွေ့ခဲ့လာရပြီး

သူ့ရဲ့နောက်ဆုံးကြိုးစားတဲ့အနေနဲ့ ဌာနေအမေရိကန် တိုင်းရင်းသားများရဲ့ ရှေးဟောင်းပစ္စည်းများကို ရောင်းဝယ်ရာ တွင် နာမည်ကြီးတဲ့ဒေသခံမိသားစုပိုင် လေလံကုမ္ပဏီဖြစ်သည့် John Moran Auctioneersသို့ ဆက်သွယ်ခဲ့တာပ့။အဆက်သွယ် ရပြီးတဲ့နောက် Krytzer သည် မိနစ် ၃၀ကြာ ကားမောင်းပြီး

လေလံတင် ရောင်းချခဲ့သည့် အကြီးဆုံး ဈေးတခု ဖြစ်သည့် Moran ကုမ္ပဏီ၏ ပိုင်ရှင် ဖြစ်သူ Jeff Moran ရှေ့တွင်စောင်ကို ချထားလိုက်သည် စောင်နဲ့ ပတ်သတ်တဲ့ ပိုင်ဆိုင်သူ သမိုင်းကြောင်းကို မေးရာ Krytzer က ဒီစောင်ဟာ သူ့အဖိုးရဲ့ အဘိုးဖြစ်သူ(great-great- grandfather)

Dakota မှ ကုန်သည်ကြီး John Chantland,ဆိုသူ လက်ထက် ၁၈၀၀ခုနှစ်ခန့်မှ ပိုင်ဆိုင်လာခဲ့သော စောင်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။Moran သည် စောင်ကို အထပ်ထပ် စစ်ဆေးစမ်းသပ် ခဲ့သလို လေ့လာအကဲ ဖြတ်သူတ ဦးဖြစ်ပြီး အထူးကျွမ်းကျင်သူ တဦးလည်း ဖြစ်သော…

Joshua Baer က…ဒီစောင်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနဲ့ အရှားပါးဆုံး ဖြစ်သော နယ်ဗာဟိုဒေသ အကြီးအကဲ၏ စောင်များထဲမှ တခုဖြစ်သည် ဟုအတည်ပြု ပြောကြားခဲ့သည်။လေလံပွဲသည် ၇၇ စက္ကန့်သာ ကြာမြင့်ခဲ့ပါသည်။

Krytzer ၏စောင်ကို တင်ဒါ ဈေးနှုန်း ဒေါ်လာ ၁၅၀,၀၀၀ ဖြင့် စတင်ခဲ့ပြီး ထိုမှတဆင့် ဒေါ်လာ ၅၀၀,၀၀၀။ ထို့နောက်မှာ ၁သန်းအထိ မြင့်တက်ကာ နောက်ဆုံး လေလံအတွက် ဒေါ်လာ ၁.၅သန်း ဖြင့် လေလံ အောင်မြင်ခဲ့ပါသည်။

အခွန်ခကြေးငွေများရှင်း အပြီးတွင် Krytzer ဟာ စောင်တစ်ထည်အတွက် ဒေါ်လာ ၁.၃ သန်းရရှိခဲ့တာပါ။ ဒီတော့ဘိုးဘွားမိဘတွေရဲ့ အမွေအနှစ် ဆိုတာ “ရထိုက် ခံစား ထိုက်သောသူ” မှသာ ခံစား စံစားကြရပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *